Skip to main content

စီးပွားရေး

အလုပ်မရှိ ရေသောက် ဗိုက်မှောက်နေမယ်ဟေ့

ကုန်ဈေးနှုန်း
#opinion

အလုပ်မရှိ ရေသောက်ဗိုက်မှောက်နေကြမယ်ဟေ့ ဆိုတဲ့စကားကို အခုအချိန်မှာတော့ ရပ်ကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြပါပြီ။

ရခိုင်တွင် စိုက်ပျိုးရေးခက်ခဲမှုကြောင့်  နိုင်ငံခြားသို့ ငွေအဆမတန်ပေး တရားမဝင်ထွက်သူများ

စိုက်ပျိုးရေး

မြေလတ်အသံ၊ ဩဂုတ် ၁၀၊ ၂၀၂၂။

ယခုနှစ်ရခိုင်ပြည်နယ်တွင် မိုးခေါင်၍ လယ်ပြင်များကို ပြီးစီးအောင်မထွန်ယက်နိုင်သေးသလို စိုက်ပျိုးထားသည့် စပါးပင်များမှာလည်း သေကြေပျက်စီးမှုများဖြစ်နေသည့်အတွက် လယ်သမားများမှာ မိမိတို့၏လယ်ပြင်များကို မထွန်ယက်တော့ဘဲ နိုင်ငံခြားသို့ထွက်သွားနေကြသည် ဟုသိရသည်။

ရိတ်သိမ်းဆဲ နွေစပါးထွက်နူန်းကျပြီးလယ်သမားတွေ တွက်ချေမကိုက်

P

ပြည်၊မေ၂၄ ၊၂၀၂၂။

ပြည်ခရိုင်အတွင်းမှာ နွေစပါးခင်းတွေ ရိတ်သိမ်းနေကြပြီဖြစ်ရာ  စပါးထွက်နူန်းကျဆင်းတာကြောင့် လယ်သမားတွေ  တွက်ခြေမကိုက်ပဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

သွင်းအားစုစရိတ်တွေ ကြီးမြင့်မူ​နဲ့ မြေသြဇာအပြည့်အဝ အသုံးမပြုနိုင်မူကြောင့် စပါးထွက်နူန်းကျဆင်းတာလို့ ဆိုပါတယ်။

မကွေးမှာ Denko ဆီဆိုင်ကလွဲပြီး ဆီဆိုင်အားလုံးနီးပါးဆီပြတ်နေ

Denko

မကွေးတိုင်း၊ မကွေးမြို့ပေါ်က စက်သုံးဆီဆိုင်တွေမှာ မေလ ၂၁ ရက် ဒီကနေ့မနက်ပိုင်းမှာ Denko ဆီဆိုင်ကလွဲရင် ကျန်တဲ့ဆီဆိုင်တွေမှာ ရောင်းချဖို့ဆီပြတ်တောက်နေတယ်လို့ မကွေးမြို့ခံတွေဆီက သိရပါတယ်။ 

မကွေးမြို့၊ တောင်တွင်းလမ်းနဲ့ နတ်မောက်လမ်းမှာရှိတဲ့ Denko ဆီဆိုင်တွေမှာသာ တန်းစီဝယ်ယူနေရပြီး အခြားစက်သုံးဆီဆိုင်တွေမှာ ဖွင့်လှစ်ထားပေမယ့် ဆီကုန်နေလို့ ရောင်းချဖို့မရှိဘူးလို့ ဆိုပါတယ်။

မုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာယာဝတီခရိုင်ရှိ ပဲစိုက်တောင်သူတဦးလျှင် သိန်းနှင့်ချီဆုံးရှုံး

Bago

မုန်တိုင်းတိုက်ခိုက်မှုကြောင့် မတ်လ ၂၂၊ ၂၃ ရက်နေ့များတွင် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်တွင်းရှိ နှုတ်သိမ်းလျှက်စ ပဲခင်းများ မိုးမိကာ ဆုံးရှုံးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။

စက်သုံးဆီဈေး မကြုံဖူးအောင် အမြင့်ဆုံးသို့ရောက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်ကြုံနေ

Octine

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးနှုန်းမှာ တခါမှ မကြုံဖူးအောင် အမြင့်ဆုံးဈေးနှုန်းသို့ ဆက်တိုက် တက်လျှက်ရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင် အခြေခံလူတန်းစားများဖြစ်သည့် Taxi နှင့် ကယ်ရီသမားများ ပိုမိုအကျပ်ရိုက်နေကာ အချို့ အလုပ်ရပ်နားထားရမည့်အခြေနေနှင့် ကြုံတွေ့နေရကြောင်း မြို့ကြီးများရှိ ဒေသခံများထံကသိရသည်။

ရွှေဘိုနယ်မှာ မိုးစပါးအသစ်တင်းတရာကိုကျပ် ဆယ်သိန်းကျော်နဲ့‌‌ဈေးဖွင့်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နယ်မှာမိုးစပါးအသစ်တွေ စပြီးရိတ်သိမ်းနေသလို ဘေးကြားစပါးတင်းတရာရဲ့လက်ရှိပေါက်ဈေးကလည်း ကျပ်ဆယ်သိန်းကျော်နဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံလယ်သအမားတဦးကပြောပါတယ်.။

ဘေးကြားစပါးမျိုးကိုအဓိကစိုက်ပျိုးကြပြီး ဈေးကောင်းလည်းရသလို အခြားမျိုးကွဲစပါးတွေလည်းစိုက်ပျိုးကြကြောင်း သိရပါတယ်။

စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေကထွက်ရှိတဲ့ လက်ရှိမိုးစပါးစျေးကျပ်ခုနှစ်သိန်းကျော်စျေးပေါက်နေပေမယ့်တောင်သူတွေရဲ့လက်ဝယ်မှာရောင်းချစရာစပါးမရှိသလောက်နည်းပါးသွားပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခြေခံလူတန်းစားအများဆုံးစားသုံးတဲ့ဒေသထွက် ကျောက်ရွေး၊တင်းတရာ၊ငွေတိုး၊အင်းလယ်စတဲ့စပါးစျေးတွေဖြစ်ကြောင်းသိရပါတယ်။

မတ်ပဲစိုက်တောင်သူတွေ စိုက်ပျိုးရေးသုံးဆေး စျေးတက်မှုကို ရင်ဆိုင်နေရ

 

စိုက်ပျိုးရေးသုံး ဆေးမျိုးစုံစျေးဟာ အရင်နှစ်တွေကထက် ခေါက်ချိုးစျေးတက်နေတာကိုမတ်ပဲစိုက်တောင်သူတွေ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ဆေးပုလင်းတသောင်းတန်က အခုနှစ်တသောင်းရှစ်ထောင်ဖြစ်ပြီး၊ အများစုက ၅၀ ရာခိုင်နူန်းလောက် တက်တယ်လို့ သိရပါတယ်။

"အရင်နှစ်ကထက် ၅၀ ရာခိုင်နူန်းလောက် ခေါက်ချိုးတက်တယ်ပေါ့။ အရင်က တသောင်းတန်က တသောင်းရှစ်ထောင် ဖြစ်သွားတာမျိုးရှိသလို တချို့ကြတော့လည်း ကိုးထောင်တန်က တသောင်းသုံးထောင်လောက် ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုကတော့ ခေါက်ချိုးတက်တာပေါ့" လို့ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။ 

မြေနုကျွန်းမြေရှားပါးမှုကြောင့် ခရမ်းချဥ်သီး စိုက်ပျိုးမှုနည်းပြီး စျေးကောင်း

ပြည်၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၁။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ဒေသ ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်းများတွင် အဓိကထား စိုက်ပျိုးလေ့ရှိသော ခရမ်းချဥ်သီး စိုက်ပျိုးမှု မှာ ယခင်နှစ်ကထက် နည်းပါးလာပြီဖြစ်ကြောင်း ‌ဒေသခံ‌တောင်သူများထံက သိရသည်။ 

ဧရာ၀တီမြစ်အတွင်း မြစ်ကြောင်းများပြောင်းလဲခြင်း၊ ကမ်းပါးတိုက်စားမှုများ နှစ်စဥ်ဖြစ်ပေါ်နေသည့် အတွက် တောင်သူများနေထိုင်အသားကျ စိုက်ပျိုးဖြစ်ထွန်းနေသော မြေနုကျွန်းမြေများ ကျဥ်းမြောင်းလာနေခြင်း စိုက်ပျိုးမြေမျာတွင် နေအိမ်များ ရွေ့ပြောင်းနေထိုင်ရခြင်းများ ကြောင့် သီးနှံစိုက်ပျိုးမှုများ လျော့နည်းလာနေခြင်းဖြစ်ကြောင်း တောင်သူများကပြောသည်။ 

Subscribe to စီးပွားရေး