Skip to main content

သတင်း

စစ်ရှောင်တွေထဲမှာ မွေးကင်းစနဲ့ အသက် ၆၀ ကျော်တွေက ပိုဒုက္ခခံနေရတယ် (ရုပ်/သံ)

Photo

ကနီ၊ အောက်တိုဘာ ၆၊ ၂၀၂၂။

ချင်းတွင်းမြစ်ကြောင်းက တိုက်ပွဲတွေကြောင့် မြစ်ကမ်းဘေးဝဲယာမှာ ရှိတဲ့ ရွာပေါင်း ၁၈ ရွာ၀န်းကျင်က ပြည်သူထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

တိုက်ပွဲပေါင်း ၄၀ နီးပါးကို လက်လုပ်သေနတ်တွေနဲ့ပဲ ရင်ဆိုင်နေရတဲ့ စစ်ကျွန်မခံမြွေဆိုးတသိုက် (ရုပ်/သံ)

Photo

ကနီ၊ အောက်တိုဘာ ၅၊၂၀၂၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက အလုံ - စစ်ပင်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ မော်တော်ယာဉ်တွေကို အောက်တိုဘာလ ၄ ရက် မနေ့ကနေ့လည်ပိုင်းမှာ စစ်ကျွန်မခံမြွေဆိုးတသိုက် (ရွှေတြိဂံတပ်ခွဲ 4) နဲ့ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ 

“မင်းဆိုးပုန်ကန် စနစ်ဆိုးတော်လှန် အာဏာရူးရင် သေဒဏ်” (ရုပ်/သံ)

Photo

မုံရွာ၊ အောက်တိုဘာ ၅၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ အောက်တိုဘာလ ၅ ရက် ဒီကနေ့နေ့လည်းပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး၊ မုံရွာလူငယ်များစည်းရုံး၊ မုံရွာတော်လှန်လူငယ်များကွန်ယက်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။

မြဝတီ၊ လူခို့ဒေသမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်ကောင်စီ၂ ဦးသေဆုံးပြီး စစ်ကြောင်းမှူးအပါ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

KNU

မြေလတ်အသံ ၊ အောက်တိုဘာ ၅၊၂၀၂၂။

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ လမ်းမပေါ်ရှိ လူခို့ နေရာ အနီးရင်ဆိုင်တိုက်ပွဲတွင် ဒရုန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှု စစ်ကြောင်းမှူးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ထံကသိရသည်။

ဝန်ကြီးများ လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုဟု NUG ယာယီသမ္မတပြော

NUG

မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၂။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများအနေဖြင့် လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့်နိုင်ငံရေးခေါင်းဆောင်များ အဖြစ်မမြင်တွေ့လိုဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

Catagories

ဂျပန်ထိကူးသော စစ်ကိုင်း ရင်ပေါင်တိုင်က မီး (ရုပ်/သံ)

Fire

စစ်ကိုင်း၊ အောက်တိုဘာ ၄၊ ၂၀၂၂။

“မေမေနဲ့မောင်လေးက ပြန်ပြီးတော့ ရှင်လာရင် ကောင်းမှာပဲ၊ သူတို့ တကယ် သေမသွားဘူးနော်ဆိုတဲ့ဟာမျိုးတွေပေါ့နော်”ဟု ပြောရင်း မမီးမီးက အိပ်မပျော်သော ကယောင်ခြောက်ခြား ညများအကြောင်း ဝမ်းနည်းစွာ ပြောပြသည်။  

ကနီမှာစစ်သင်္ဘော ၁ စီးအပါထောက်ပို့ရေယာဥ် ၁၃ စီး စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး ၁၅ ဦးသေဆုံးဟုဆို

KLG

ကနီ၊ အောက်တိုဘာ ၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာ-အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီဘက်က စစ်သင်္ဘောတစီးအပါအဝင် ထောက်ပို့ရေယာဥ် ၁၃ စီးကို အောက်တိုဘာလ ၃ ရက်မနေ့ကနေ့လည် ၁၁ နာရီလောက်မှာ ကနီမြို့နယ်၊ ကမ်းပြိုရွာအနီးရောက်ချိန် မဟာမိတ်ညီနောင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ကျမတို့ ကျောင်းကိုလည်း လက်ယက်ကုန်းလို လာပစ်မှာ ကြောက်နေရတယ် (ရုပ်/သံ)

Child

ရေစကြို ၊ အောက်တိုဘာ ၂ ၊ ၂၀၂၂ ။ 

စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ထဲ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေမှာ စိုးရိမ်မူတွေ ရှိနေကြတာပါ။

ရေစကြိုမှာ စခန်းချနေတဲ့စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

MYF

ရေစကြို၊ အောက်တိုဘာ ၂၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာက စစ်ကောင်စီစစ်ဆေးရေးကို အောက်တိုဘာလ ၁ ရက်မနေ့ကမနက်ပိုင်းမှာ ဒရုန်းအသုံးပြုပြီ: အီနာဂါဗုံးကျဲချခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက မြေလတ်အသံကိုပြောပါတယ်။

Subscribe to သတင်း