Skip to main content

သတင်း

စစ်အာဏာသိမ်းချိန်မှစပြီး နိုင်ငံတဝှမ်းက ဗကသအဖွဲ့ဝင် ၂၈ ဦးဖမ်းဆီးခံရ

ဗကသ

ရန်ကုန်၊ အောက်တိုဘာ ၂ ၊ ၂၀၂၂။

စစ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကစလို့  ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ၂၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတယ်လို့  ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူဆီက သိရပါတယ်။

Catagories

တမခ ၁၀၁ က စစ်သားတွေ ပစ်ခတ်ခံရလို့ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

In Pen

ပခုက္ကူ၊ အောက်တိုဘာ ၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အင်ပင်ကျေးရွာမှာတပ်စွဲနေတဲ့ ပခုက္ကူအခြေစိုက် တမခ ၁၀၁ ကစစ်သားတွေကို စက်တင်ဘာလ ၃၀ ရက်မနေ့ကနေ့လည် ၃ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Young Force - UG တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။  

မုန့်ဖိုးသာသာငွေနဲ့ PDF အဖွဲ့ကို တည်ထောင်ခဲ့သူ

King Fighter

မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၂။

မကွေးတိုင်းထဲမှာ အခြေစိုက်ထားတဲ့ King Fighter အထူးပြောက်ကျားတပ်ဖွဲ့က တာ၀န်ခံဗိုလ်မတ်သံလုံးဟာ တပ်ဖွဲ့ထဲမရောက်ခင်မှာ သတင်းထောက်အတတ်ပညာနဲ့ ရပ်တည်နေသူပါ။

ပြည်သူကလက်ခံတဲ့ အမှန်တရားတခုကို ရှာဖွေသင့်ပါပြီလို့ စစ်ကောင်စီတပ်ကြပ်တောင်းဆို (ရုပ်/သံ)

AA

မြေလတ်အသံ၊ စက်တင်ဘာ ၂၉။ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လက်ပံတောင်ကြောပေါ် မှာရှိတဲ့ အကျဉ်းထောင် ၂ ခုကို စက်တင်ဘာ၂၃ ရက် ည ၁၁ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအကျဉ်းသားတွေ သေဆုံး၊ ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

လက်ယက်ကုန်းရွာ ကလေးငယ်တွေသေဆုံးမှုအတွက် No Fly Zone လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

Photo

မကွေး၊ စက်တင်ဘာ ၂၆၊ ၂၀၂၂။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက ကျောင်းသားလူငယ်များ သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းမှတ်ကို မ‌ကွေးတိုင်းထဲက၊ ကျေးရွာတရွာမှာ ပြုလုပ်ပြီး No Fly Zone သတ်မှတ်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ရေလည်ကျွန်းဒေသမှာရှိတဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း မိုင်း ၃ ကြိမ်ခွဲခံရ (ရုပ်/သံ)

Photo

မြင်းမူ၊ စက်တင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းဖြတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို စက်တင်ဘာလ ၂၅ ရက်ဒီကနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဖောက်ခွဲရေးခေါင်းဆောင် ဗိုလ်သက်ကြီးက မြေလတ်အသံကိုပြောပါတယ်။

ရွာကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၁၉ ဦးခန့်သေဆုံးနိုင် (ရုပ်/သံ)

Photo

ခင်ဦး၊ စက်တင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည် Local PDF KHIN U တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ကုလသမဂ္ဂကို ဖိအားပေးတဲ့အနေနဲ့ ရန်ကုန်မှာဆန္ဒပြ (ရုပ်/သံ)

Photo

ရန်ကုန်၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၂ ။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ‌ အထွေထွေညီလာခံမှာ လက်ရှိမြန်မာစစ်ကောင်စီက ကျေးလက်ဒေသတွေမှာ နေအိမ်တွေ မီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်တာတွေကြောင့် ကုလသမဂ္ဂကို ဖိအားပေးတဲ့အနေနဲ့ ရန်ကုန်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အောင်လံမှာ ၅၀၅(က) နဲ့ ဝရမ်းထုတ်ထားတဲ့ သားဖြစ်သူကိုမတွေ့လို့ ဖခင်ကိုဖမ်းဆီးသွား 

အောင်လံ

အောင်လံ ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၂ ။

မကွေးတိုင်း၊ အောင်လံမြို့မှာ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူမြို့နယ်သပိတ်ခေါင်းဆောင် ကိုသူရနိုင်(ခ) ကိုမိုင်းဆပ် ကိုမတွေ့လို့ အသက် ၆၅ နှစ်ကျော်ဖခင်ဖြစ်သူ ဦးဝင်းနိုင်ကျော် ကို ဖမ်းဆီးသွားတယ်လို့ ကာယကံဖြစ်သူ ကိုသူရနိုင် ကမြေလတ်အသံကို ပြောပါတယ်။

Catagories

Subscribe to သတင်း