Skip to main content

ရေလယ်ကျွန်းစစ်ရှောင်များ ၁ လကျော်တဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရ (ရုပ်/သံ)

ရေလယ်ကျွန်း၊ စက်တင်ဘာ ၁၈၊ ၂၀၂၂၊

စစ်ကောင်စီက အင်အား ၅၀၀ ကျော်နဲ့  စစ်ကြောင်း ၃ ကြောင်းခွဲပြီး ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ကြားက ရွာတွေကို ဩဂတ်လဆန်းပိုင်းကတည်းက နေ့စဉ်လိုလို မီးရှို့နေတာကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းရွာက စစ်ဘေးရှောင် ပြည်သူတွေဟာ  ၁ လကျော်တဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ တရွာပြီးတရွာ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့ သိရပါတယ်။

ဒါအပြင် ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ ရွာသားတွေကို အထန်းသမားနဲ့ လူသားဒိုင်းအဖြစ် အသုံးချဖို့ အမျိုးသမီးတွေ အပါအ၀င် ရွာသား ၂၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

#မြေလတ်အသံ

News Video