Skip to main content

စခန်းချနေတဲ့ တပ်မ ၁၀၁ က စစ်သားတွေ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ စက်တင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မြောက်ပိုင်းရှိ အရှေ့ဘုန်းကန်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားနဲ့ပျူစောထီတွေကို စက်တင်ဘာလ ၁၉ ရက်မနေ့က ဒေသခံကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Yesagyo Revolution Group 2 တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အဲဒီရွာမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်သားတွေအပါအဝင် အင်အား ၆၀ ၀န်းကျင်က တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ သူတို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက် ၃၀ နီးပါးပစ်ခတ်ခဲ့တာကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

"သူတို့နေရာကို ၁ မိုင်လောက်အကွာကနေ လှမ်းပစ်တာ၊ သူတို့ဘက်ကလည်းပြန်ပစ်တယ်၊ ၄၀ မမ၊ G3 စက်လေးတွေနဲ့ ကျနော်တို့ဘက်ကို ပြန်ပစ်တယ်၊ ပခုက္ကူဘက်ကနေ ကား ၃ စီးနဲ့ ထပ်စစ်ကူရောက်လာတာနဲ့ ကျနော်တို့ ၁၀ မိနစ်လောက်ပစ်ခတ်ပြီး ပြန်ပြီးဆုတ်ခွာခဲ့တယ်” လို့ Yesagyo Revolution Group 2 တာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Royal Defense Force PKU (RDF)၊ Urban Underground Revolution Force (UURF)၊ King Cobra People Defense Force၊ Yesagyo Revolution Group (YRG)၊ ရွှေညာမြေ People Defense Force၊ Southern YSO PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

#မြေလတ်အသံ

News Video