Skip to main content

ကလေးတွေအလောင်းကို ပီနံအိတ်ထဲထည့်ယူသွားပြီး လူကြီးတွေကို ရေထဲမျှောခဲ့တာ( ရုပ်/သံ)

LYK

ဒီပဲယင်း၊ စက်တင်ဘာ ၂၁၊ ၂၀၂၂။

လက်ယက်ကုန်းရွာ ပစ်ခတ်မှုမှာ ရရှိထားတဲ့ အချက်အလက်တွေအရ မူလတန်းကလေး ၆ဦးနဲ့ ဒေသခံရွာသား ၁၃ဦးနီးပါး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီနေ့က လေယာဥ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ မူလတန်းကလေးတွေရဲ့ အလောင်းကို ပီနံအိတ်ထဲထည့်ယူသွားပြီး မီးရှို့သင်္ဂြိုလ်ပြီးကာမှ အရိုးပြာလာယူခိုင်းသလို လက်ယက်ကုန်းရွာသား ၁၃ဦးနီးပါးကို ပစ်သတ်ခဲ့ပြီး အလောင်းတွေကို ရွာနားက ရေမြောင်းထဲမှာ မျှောခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ ပစ်ခတ်ခဲ့ချိန် အဓိက ထိခိုက်ခဲ့တဲ့ မူလတန်းအခန်းက ဆရာမဖြစ်သူက သူကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဖြေဆိုထားပါတယ်။

#မြေလတ်အသံ

News Video