Skip to main content

အင်းတော်မှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ၄ ကြိမ်မြောက် ဖမ်းဆီးရမိပြီး ဖျက်ဆီးခံရ (ရုပ်/သံ)

Inn Dow
အင်းတော်၊ စက်တင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်တနေရာမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးပြီးဖျက်စီးခဲ့ကြပါတယ်။

စက်တင်ဘာလ၂၂ ရက်မနေ့ကနေ့လည် ၁ နာရီဝန်းကျင်မှာ KIAနဲ့ PDF အဖွဲ့တွေ လမ်းကြောစစ်ဆေးနေချိန် မန္တလေးဘက်ကနေ မြစ်ကြီးနားဘက်ကို မောင်းနှင်လာတဲ့ကားပေါ်မှာ ဖမ်းမိခဲ့တာလို့ Indaw Revolution-IR ရဲ့ အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“လမ်းကြောစစ်ဆေးနေတဲ့အချိန်မှာ ဖမ်းဆီးရမိလိုက်တာ၊ သူက ဆယ်ဘီးကားနဲ့သယ်လာတာ၊ ကားဆရာတွေကိုတော့ နောက်ကိုဒါမျိုးမသယ်ဖို့ သတိပေးပြီးပြန်လွှတ်လိုက်တယ်”လို့ ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ စစ်တပ်ထုတ်ကုန် Myanmar Beerနဲ့ Andaman Gold Beerဖာ ၁ ထောင်ကို ပြည်သူတွေရှေ့မှာတင် ဖျက်စီးခဲ့တာလို့လည်းဆိုပါတယ်။

အင်းတော်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်တပ်ထုတ်ကုန်တွေ တိုက်ခိုက်ဖျက်စီးခံနေရပြီး၊ ခုလိုစစ်တပ်ပိုင်ထုတ်ကုန်တွေကို ဖမ်းဆီးအရေးယူခဲ့တာ ၄ ကြိမ်ရှိပြီလို့လည်း အထက်ပါအဖွဲ့ဝင်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း အင်းတော်မြို့နယ်၊ နန်းမကျိုင်းရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

News Video