Skip to main content

PDF စခန်းတခု ၀င်စီးခံရလို့ ရဲဘော်တဦး ကျဆုံးပြီး သိန်း ၁၅၀ ကျော်ဖိုး ဆုံးရှုံး (ရုပ်/သံ)

BNT

မြေလတ်အသံ၊ စက်တင်ဘာ ၂၃၊ ၂၀၂၂။

စက်တင်ဘာ ၂၂ရက် မနေ့က မနက်၅နာရီဝန်းကျင်မှာ PDF စခန်းတခုကို စစ်ကောင်စီက စစ်ကြောင်း ၂ကြောင်းနဲ့ ပိတ်ဆို့ဝင်ရောက်စီးနင်းခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း မြောင်၊ မြင်းမှု တကျောမှာ စစ်ကောင်စီတပ်တွေကို ပြောက်ကျားနည်းနဲ့ စစ်ဆင်ရေးတွေ လုပ်နေတဲ့ ဗိုလ်နေတိုး ပြောက်ကျားအထူးတပ်ဖွဲ့  စစ်ကိုင်းခရိုင် တပ်ရင်း (၆) တပ်ခွဲ (၃) အထိုင်စခန်းကို ဝင်စီးခံရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အင်အား တရာကျော်နဲ့ ၀င်စီးချိန်မှာ PDF ဘက်က ပြန်ခုခံချိန်မရသလို လက်နက်အင်အား မပြည့်စုံတာကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြရလို့ မဟာမိတ်အဖွဲ့ထဲက ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စခန်းတခုလုံး မီးရှို့ဖျက်ဆီးခံရပြီး ထုတ်လုပ်ပြီးသားမှိုင်းတွေ လက်လုပ်သေနတ်တွေ ခဲယမ်းတွေအပါအ၀င် စုစုပေါင်း တန်ဖိုး သိန်းတရာ့ငါးဆယ် ၀န်းကျင် ဆုံးရှုံခဲ့လို့ သိရပါတယ်။ 

#မြေလတ်အသံ

News Video