Skip to main content

စစ်ရှောင်တွေထဲမှာ မွေးကင်းစနဲ့ အသက် ၆၀ ကျော်တွေက ပိုဒုက္ခခံနေရတယ် (ရုပ်/သံ)

Photo

ကနီ၊ အောက်တိုဘာ ၆၊ ၂၀၂၂။

ချင်းတွင်းမြစ်ကြောင်းက တိုက်ပွဲတွေကြောင့် မြစ်ကမ်းဘေးဝဲယာမှာ ရှိတဲ့ ရွာပေါင်း ၁၈ ရွာ၀န်းကျင်က ပြည်သူထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့ မြစ်ကြောင်းအနီးမှာ တပ်စွဲထားပြီး အနီးအနားရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေဟာ အခုလိုပဲ ထွက်ပြေးကြရတာလို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတ အဖွဲ့ တာ၀န်ခံဆီက သိရပါတယ်။

အဲဒီရွာတွေထဲက စစ်ရှောင်ပြည်သူတွေထဲမှာ ရွာကို မပြန်တော့ဘဲ အမြဲတမ်းစစ်ရှောင်နေတဲ့ ရွာတွေရှိသလို စစ်ကောင်စီရေယာဉ်တွေ ထွက်သွားလို့ တိုက်ပွဲမရှိရင် ကိုယ့်ရွာကို ပြန်နေကြတဲ့ စစ်ရှောင်တွေဆိုပြီး ရှိနေတာပါ။ အမြဲတမ်းစစ်ရှောင်ဦးရေက နှစ်ထောင်ကျော်ရှိပြီး သူတို့က တောထဲမှာပဲ ဖြစ်နေသလို နေနေရပါတယ်။

#မြေလတ်အသံ

News Video