Skip to main content

စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပြီဖြစ်နေတဲ့ ရင်ပေါင်တိုင်က ပြည်သူတွေ

Photo

ယင်းမာပင်၊ အောက်တိုဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်က ၁၉ ရက်နေ့မှာ PDF ခေါင်းဆောင် အမျိုးသမီးတဦး ရင်ပေါင်တိုင်ရွာမှာ ရောက်နေတယ်ဆိုပြီး စီးနှင်းလိုက်ရှာရင်း လေကြောင်းကပါ ပစ်လို့ ပြည်သူဦးရေ ရာနဲ့ချီထွက်ပြေးရင်း ပျားအိုရွာက ဘုန်းကြီး‌ကျောင်းထဲမှာ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ ရွာသားအများစုက သူတို့ရွာတွေဆီ ပြန်၀င်ကြပေမယ့် တချို့ကတော့ ရွာထဲမဝင်ရဲပဲ ဆက်ပြီးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ရွာထဲပြန်ရောက်နေပြီဆိုပေမယ့် စစ်ကောင်စီလေယာဉ်သံကြားရင် စိုးရိမ်စိတ်တွေ၊ ကြောက်လှန့်စိတ်တွေနဲ့ နေကြရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားအယောက် ၂၀ ကျော်ဟာ မနေ့က အောက်တိုဘာ၂၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သူတို့ထဲက လူငယ်တယောက်ကိုတော့ စစ်တပ်က ပြန်လည်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရင်ပေါင်တိုင်ရွာကို ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အောက်တိုဘာ ၁၉ ရက်နေ့မှည ပျားအိုရွာက ၂ လသားအရွယ် မွေးကင်းစ မိခင်တဦးအပါအ၀င် အမျိုးသမီး ၃ ဉီး သေဆုံးခဲ့ပါတယ်၊။ စစ်ကောင်စီဘက်က အနဲဆုံး ၉ ဉီး မိုင်းထိသေဆုံးတယ်လို့ ‌‌‌ ယင်းမာပင် PDF ဆီက သိရပေမယ့် ‌မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။

အောက်တိုဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပြီး ယင်းမာပင်ဒေသခံ Local PDF အဖွဲ့က ခေါင်းဆောင်နဲ့ ရဲဘော်တဦး၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာ PDF စခန်းတခုကို ရုတ်တရက် စီးနင်းပစ်ခတ်လို့ ရဲဘော် ၉ ဦး ကျဆုံးခဲ့ပါတယ်။

ရင်ပေါင်တိုင်ကို လာရောက်ဖြိုခွင်တဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာလ ၂၁ ရက်နေ့လည်ပိုင်းမှာ စစ်လေကြောင်းနဲ့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

News Video