Skip to main content

ရုပ်သံ

မုန့်ဖိုးသာသာငွေနဲ့ PDF အဖွဲ့ကို တည်ထောင်ခဲ့သူ

King Fighter

မြေလတ်အသံ၊ စက်တင်ဘာ ၃၀၊ ၂၀၂၂။

မကွေးတိုင်းထဲမှာ အခြေစိုက်ထားတဲ့ King Fighter အထူးပြောက်ကျားတပ်ဖွဲ့က တာ၀န်ခံဗိုလ်မတ်သံလုံးဟာ တပ်ဖွဲ့ထဲမရောက်ခင်မှာ သတင်းထောက်အတတ်ပညာနဲ့ ရပ်တည်နေသူပါ။

ပြည်သူကလက်ခံတဲ့ အမှန်တရားတခုကို ရှာဖွေသင့်ပါပြီလို့ စစ်ကောင်စီတပ်ကြပ်တောင်းဆို (ရုပ်/သံ)

AA

မြေလတ်အသံ၊ စက်တင်ဘာ ၂၉။ ၂၀၂၂။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လက်ပံတောင်ကြောပေါ် မှာရှိတဲ့ အကျဉ်းထောင် ၂ ခုကို စက်တင်ဘာ၂၃ ရက် ည ၁၁ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအကျဉ်းသားတွေ သေဆုံး၊ ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

လက်ယက်ကုန်းရွာ ကလေးငယ်တွေသေဆုံးမှုအတွက် No Fly Zone လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

Photo

မကွေး၊ စက်တင်ဘာ ၂၆၊ ၂၀၂၂။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက ကျောင်းသားလူငယ်များ သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းမှတ်ကို မ‌ကွေးတိုင်းထဲက၊ ကျေးရွာတရွာမှာ ပြုလုပ်ပြီး No Fly Zone သတ်မှတ်ပေးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ရေလည်ကျွန်းဒေသမှာရှိတဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း မိုင်း ၃ ကြိမ်ခွဲခံရ (ရုပ်/သံ)

Photo

မြင်းမူ၊ စက်တင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းဖြတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို စက်တင်ဘာလ ၂၅ ရက်ဒီကနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဖောက်ခွဲရေးခေါင်းဆောင် ဗိုလ်သက်ကြီးက မြေလတ်အသံကိုပြောပါတယ်။

ရွာကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၁၉ ဦးခန့်သေဆုံးနိုင် (ရုပ်/သံ)

Photo

ခင်ဦး၊ စက်တင်ဘာ ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည် Local PDF KHIN U တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

ကုလသမဂ္ဂကို ဖိအားပေးတဲ့အနေနဲ့ ရန်ကုန်မှာဆန္ဒပြ (ရုပ်/သံ)

Photo

ရန်ကုန်၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၂ ။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂ‌ အထွေထွေညီလာခံမှာ လက်ရှိမြန်မာစစ်ကောင်စီက ကျေးလက်ဒေသတွေမှာ နေအိမ်တွေ မီးရှို့၊ ပြည်သူတွေကို သတ်ဖြတ်တာတွေကြောင့် ကုလသမဂ္ဂကို ဖိအားပေးတဲ့အနေနဲ့ ရန်ကုန်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အင်းတော်မှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ ၄ ကြိမ်မြောက် ဖမ်းဆီးရမိပြီး ဖျက်ဆီးခံရ (ရုပ်/သံ)

Inn Dow
အင်းတော်၊ စက်တင်ဘာ ၂၃၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်တနေရာမှာ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေကို နယ်မြေခံကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးပြီးဖျက်စီးခဲ့ကြပါတယ်။

ဒီးမော့ဆိုမှာ စစ်ကောင်စီ လက်နက်တိုက် တခုပေါက်ကွဲ (ရုပ်/သံ)

KNDF

ဒီးမော့ဆို၊ စက်တင်ဘာ ၂၂၊ ၂၀၂၂။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး အဆမတန် ပစ်ကူပေးလေ့ရှိတဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်ရင်းရဲ့ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့တယ်လို့ KNDF ကတဆင့်သိရပါတယ်။

စက်တင်ဘာ ၂၂ရက်‌ ဒီ‌ကနေ့ နေ့လည် ၁နာရီခွဲက တပ်ထဲမှာ မီးစတင်လောင်ကျွမ်းကာ ပေါက်ကွဲသံတွေကြားရပြီး ညနေ ၄နာရီလောက်မှ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Subscribe to ရုပ်သံ