တိုင်းရင်းသား ကဏ္ဍ
အပစ်ရပ်နေချိန် စစ်ကောင်စီက ရခိုင်ကို လက်နက်ခဲယမ်းအပြည့်ပါတဲ့ ကား ၄၀ ကျော်ချပေးခဲ့
ရခိုင်၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၂။
လူသားချင်းစာနာမှုနဲ့ အပစ်အခတ်ရပ်စဲထားချိန်မှာပဲ စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲကို ပြည်မဘက်ကနေ စစ်လက်နက်၊ခဲယမ်းတွေအပြည့်ပါတဲ့ ကားအစီးရေ ၄၃ စီးချပေးထားတယ်လို့ သိရပါတယ်။
Catagories
ရခိုင်မှာ သွားလာခွင့်ကန့်သတ်ထားလို့ ရာသီပေါ်ကွမ်းသီး စျေးကောင်းမရ
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၂။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကို လွတ်လပ်စွာ သွားလာခွင့်ကန့်သတ်ထားလို့ ရာသီပေါ်ကွမ်းသီးတွေ စျေးကောင်းမရရှိကြဘူးလို့ သိရပါတယ်။
Catagories
စစ်ကောင်စီနဲ့ AA တို့အကြား အပစ်အခတ်ရပ်စဲလိုက်တဲ့အပေါ် ရခိုင့်နိုင်ရေးသမားတွေနဲ့ ပြည်သူအချို့ ဘာပြောလဲ
မြေလတ်အသံ၊ နိုဝင်ဘာ၂၇၊ ၂၀၂၂။
တကျော့ပြန်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်(AA)တို့အကြား လူသားချင်စာနာထောက်ထားမှုအရ နိုဝင်ဘာ၂၆ရက်က စတင်ပြီးတော့ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ နှစ်ဖက်လုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခရီးသွားလာရေး ကန့်သတ်ခံရတာတွေ၊ စားနပ်ရိက္ခာဖြတ်တောက်ခံထားရတာတွေ၊ လယ်သမားတွေစပါးရိတ်သိမ်းရာသီရောက်လာပြီဖြစ်တာတွေကြောင့် အခုလိုအပစ်အခတ်ရပ်စဲရတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မြေလတ်အသံကို ပြောဆိုထားပါတယ်။
Catagories
စစ်ဘေးရှောင်ကလေးများ ပညာရေးရှေ့ဆက်ရန် ကျောင်းအသုံးဆောင်ပစ္စည်းများ လိုအပ်နေ
ကယားပြည်နယ်(ကရင်နီ) မှာ စစ်ဘေးရှောင်ရင်းခက်ခဲစွာပညာသင်ကြားနေရတဲ့ ကလေးငယ်များအတွက်ကျောင်းဆောင်များ၊ စာအုပ်များ၊ စာရေးကိရိယာများ နဲ့ ကျန်းမာရေးအတွက်ဆေးဝါများလိုအပ်နေတယ်လို့သိရပါတယ်။
Catagories
ငဖဲမြို့နယ်ထဲက အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာရက်ရက်စက်စက်သတ်ဖြတ် လွှင့်ပစ်သွား
မြေလတ်အသံ၊ အောက်တိုဘာ ၁၀၊ ၂၀၂၂။
သတင်း-007
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဘုံဘောရွာမှ အရှိုချင်းတိုင်းရင်းသူ မိန်းမပျိုလေး ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး တောထဲမှာ လွှင့်ပစ်ထားခဲ့ကြောင်း ရွာခံများထံက သိရသည်။
Catagories
ပုဏ္ဏားကျွန်းဒေသခံတဦး ဝါးခုတ်ပြီးအပြန် မိုင်းနင်းမိလို့ ခြေတဖက်ဆုံးရှုံး
မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၂။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းအုံစု ကျေးရွာမှ အမျိုးသားတဦး ယနေ့စက်တင်ဘာ ၈ရက် ညနေ ၄နာရီကျော်အချိန်တွင် ဝါးခုတ်ပြီးပြန်လာစဉ် မိုင်းနင်းမိကာ ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။
Catagories
တိုက်ပွဲကြောင့် မောင်တောမှကျေးရွာ ၇ ရွာခန့်ပိတ်မိနေ၍ စားနပ်ရိက္ခာများအခက်ကြုံနိုင်
မြေလတ်အသံ၊ ဩဂုတ် ၃၀၊ ၂၀၂၂။
ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်ရှိ ကျေးရွာ ၇ ရွာခန့်မှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ချိန် မရလိုက်သဖြင့် ပိတ်မိနေကြောင်း ဒေသခံများထံက သိရသည်။
Catagories
စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးမှု ကမ်းလှမ်းခဲ့သော်လည်း AAအနေဖြင့် မဆွေးနွေးခဲ့ဟုဆို
မြေလတ်အသံ၊ ဩဂုတ် ၁၁၊ ၂၀၂၂။
စစ်ကောင်စီဖက်မှ ရက္ခိုင့်တပ်တော်(AA)ကို ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရန်အတွက် ပြီးခဲ့သည့်ဇွန်လက ကြားခံပုဂ္ဂိုလ်များမှတဆင့် ကမ်းလှမ်းခဲ့သော်လည်း ဆွေးနွေးမှုမပြုလုပ်ခဲ့ကြောင်း ယနေ့ဩဂုတ် ၁၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AAကပြောသည်။
Catagories
ပုဏ္ဏားကျွန်းက အရပ်သား ၂ဦးကိုစစ်ကောင်စီ ဖမ်းသွား
ရခိုင်၊ ဇူလိုင် ၁၉၊ ၂၀၂၂။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အရပ်သား ၂ဦးကို စစ်ကောင်စီက ယနေ့ ဇူလိုင် ၁၉ရက် နံနက် ၄နာရီအချိန်ခန့်တွင် နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။