ကားထဲမှာဘီယာသောက်နေတဲ့ ရဲတွေတိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၄ဦးသေဆုံး( ရုပ်/သံ)
admin
Tue, 20/12/2022 - 15:22
ဆားလင်းကြီး ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။
မကွေးတိုင်း ဆားလင်းကြီးမြို့နယ် ဖောင်းကားရွာထိပ်က ဘီယာဆိုင်ရှေ့က ကားးထဲမှာ ဘီယာသောက်နေကြတဲ့ ရဲတွေ တိုက်ခိုက်ခံရလို့ အရာရှိတဦးအပါအဝင် ၄ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ရက် မနက်၉နာရီဝန်းကျင်လောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်တဲ့ Triple Two Task Force ကဝင်ပစ်ခဲ့တာ ကားပေါ်မှာပဲ ၄ဦးသေဆုံးပြီး ရဲတဦးကတော့ ထွက်ပြေးသွားတယ်လို့ အဲ့ဒီအဖွဲ့ စစ်ရေးခေါင်းဆောင် ဘိုးတော်နီက ပြောပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီက အူစီအမျိုးအစား သေနတ် ၃လက်သိမ်းပြီး ပြန်ထွက်ချိန်မှာ ဝမ်ပေါင်လမ်းဆုံဘက်က နောက်ထပ် စစ်ကောင်စီတပ်သားတွေရောက်လာပြီး ပစ်ခတ်မှုတွေလုပ်လို့ အမျိုးသမီးတဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း- ဒိန်းဂျား၊ တည်းဖြတ်- CM
#မြေလတ်အသံ
News Image
