"ကြုံရာ ကျပန်း" လုပ်ကိုင်နေရသူ ပေါလာတဲ့ မြန်မာနိုင်ငံ

မြန်မာတနိုင်ငံလုံးက ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်တွေကို အလူးအလဲခံနေကြရပြီး စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းများစွာဖြစ်ပေါ်နေကြလို့ ကြုံရာ ကျပန်း အလုပ်တွေကို လုပ်ကိုင်အသက်မွေးနေကြတာ တွေ့ရပါတယ်။

ဒီအထဲမှာ မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်က ကျေးလက်ဒေသတွေမှာဆိုရင် စစ်ဘေးဒါဏ်တွေကြောင့် ကြုံရာ ကျပန်းအလုပ် လုပ်ကိုင်ဖို့ရာပင် ရှာရဖွေရ အလွန်ခက်တဲ့ အခြေအနေရင်ဆိုင်နေကြရပါတယ်။


တနိုင်ငံလုံး အလုပ်အကိုင် ရှားပါးမှုကြောင့် အများစုဟာ နေရပ်ဒေသတွေကို စွန့်ခွာပြီး တိုင်းတပါးမှာ ကြုံရာ ကျပန်းလုပ်ကိုင်ပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးနေရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီအကြောင်းတွေကို ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ)က တင်ဆက်ပေးထားပါတယ်။

#လူမှု၊စီးပွါး
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10