နိုင်ငံရေး

ကိုစိုးဝင်းဆွေပြောပြတဲ့ စစ်ကိုင်းနိုင်ငံရေးနဲ့ စစ်ကိုင်းဖယ်ဒရယ်အရေး (ရုပ်သံအင်တာဗျူး)

"ကျနော်တို့နားလည်တဲ့ စုပေါင်းခေါင်းဆောင်မှု သဘောတရားသည် အိမ်ကြီးကို ကြိုဆောက်ထားပြီးမှ မင်းတို့လည်း နေလို့ရပါတယ်ကွာ၊ တခန်းစီပေးပါမယ်ဆိုတဲ့ ပုံစံက စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။ ဒီလိုလုပ်တာက စစ်တပ်က အမျိုးသားညီလာခံ ခေါ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကြိုဆွဲထားသလိုပဲပေါ့ဗျာ။ သူ့စိတ်ကြိုက် ၂၀၀၈ အခြေခံဥပဒေဆွဲထားပြီးတော့မှ ဒါဒီမိုကရေစီပဲ၊ မင်းတို့ဒီမိုကရေစီလိုချင်ရင် ဒီအထဲကို ဝင်လုပ်ကြလေဆိုတဲ့ပုံစံကြီးပေါ့။ ဒီလိုမျိုး ကိုယ်ကအထိုင်ချပြီးမှ ဝင်လာကြဆိုတာ စုပေါင်းခေါင်းဆောင်မှု မဟုတ်ဘူးဗျ။"

လူတစုရဲ့ မိုက်မဲမှုကို လူအများခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

စစ်အာဏာသိမ်းပြီးတဲ့နောက် နေရာဒေသအနှံ့အပြားမှာ ခုခံတော်လှန်တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် လူသန်းချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း၊ မလွတ်မြောက်ခြင်းအပေါ် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ အမြင်သဘောထား

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဆိုပါက လက်ရှိ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် နိုင်ငံရေးအခင်းအကျင်း မည်သို့ဖြစ်လာနိုင်မည်နည်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများဖြစ်ပေါ်လာနိုင်မည်လား စသည့်မေးခွန်းတချို့ကို မြေလတ်ဒေသအခြေစိုက်သည့် မင်းလှ ပကဖ၊ သရက်ခရိုင် တပ်ရင်း ၄ ၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DRPA၊ မကွေးခရိုင်တပ်ရင်း ၂၊ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ရင်း၊ Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) စသည့်တပ်ဖွဲ့၊ တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကို မေးမြန်းခဲ့ပါသည်။

တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

''စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲစာရွက် စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက်ကြာတယ်။ စာရွက် စာတမ်းတွေအကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်းပျက်ဆီးတယ်'

ဝန်ကြီးများ လူထုနှင့်ကာယကံမြောက်ထိတွေ့သင့်ပြီး လူထုနှင့်ကင်းကွာသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လိုဟု NUG ယာယီသမ္မတပြော

"လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျွန်တော့်အနေနဲ့ မမြင်ချင်ပါဘူး။ လူထုနဲ့ တသားတည်း ရပ်တည်ကြဖို့၊ သက်ဆိုင်ရာ မဟာမိတ်အင်အားစုတွေ အချင်းချင်းကြား၊ စည်းလုံးညီညွတ်ကြဖို့၊ အမြဲဝီရိယထုတ်နေကြဖို့လိုကြောင်း ပြောချင်ပါတယ်။"

ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေနှင့် ၅၀၅(က)တို့ ဖြင့်ဖမ်းဆီးတရားစွဲထားသူ ၁၂၅ ဦးရှိပြီး အပြင်းထန်နှိပ်စက်ခံထားရ

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်တာတွေပဲများနေတယ်။ ဆွဲသမျှအဲဒါနဲ့ပဲစွဲနေတာများတယ်။ တချို့ပုဒ်မတွေကြတော့ နှစ်နဲတော့မြို့နယ်ကကိုင်တာတွေလဲရှိတယ်။ တချို့ကတိုက်ပွဲမှာမိလာတာ။ တချို့က ထောက်ပံ့၊ ဖုန်းပေါ်မှာလှုတာတွေလည်းပါတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10