အယ်ဒီတာ့ အာဘော်

လူသားမျိုးနွယ်သတ်ဖြတ်မှု၊ ဖျက်ဆီးမှုများ ကျူးလွန်နေသည့် အာဏာရှင်စစ်ခေါင်းဆောင် (အယ်ဒီတာ့အာဘော်)

အရှုံးများနှင့်ရင်ဆိုင်ရပြီး တပ်သားအင်အားပြုန်းတီးမှုများနေသည့် စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်၌ စစ်မှုထမ်ဥပဒေကို အသက်သွင်းကာ ၎င်းတို့အတွက် အရေးတကြီးလိုအပ်နေသည့် စစ်အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့ကြသည်။ ယင်းနောက်ပိုင်း တိုင်းပြည်အတွင်း လူငယ်၊ လူရွယ်ပေါင်းများစွာသည် အာဏာရှင်စစ်ခေါင်းဆောင် မင်းအောင်လှိုက်လက်အောက်၌ အဓိပ္ပာယ်မဲ့စွာတာဝန်မထမ်းဆောင်လိုသည့်အတွက် ပြည်ပသို့ ရှောင်တိမ်းသွားခြင်း၊ တော်လှန်ရေးအင်အားစုများထံ ခိုလှုံသွားခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့သည်။ မည်သို့မျှ တိမ်းရှောင်၍ မရနိုင်သည့်ပြည်သူများလည်း စစ်ကောင်စီထံ စစ်မှုထမ်းရမည့်အရေးနှင့် ကြုံတွေ့နေကြရသည်။ မည်သို့ပင်ဆိုစေ စစ်ဘောင်ပိုကျယ်လာမည်ဖြစ်ရာ မြန်မာနိုင်ငံအတွင်း ရှေ့ဆက်ပြီး တိုက်ပွဲများ ပိုမိုကြုံတွေ့ရဦးမည်ဖြစ်သည်။ မင်းအောင်လှိုင်၏ အာဏာတပ်မက်မှုကြောင့် မြန်မာနိုင်ငံဖွား တိုင်းရင်းသားများအချင်းချင်း စစ်မက်ခင်းကာ အသက်ပေါင်းများစွာ ဆုံးရှုံးရဦးမည်သာဖြစ်သည်။

တော်လှန်ရေး၌ ပါဝင်သည်ဆိုရုံမျှဖြင့် မတရားမှုကို ကျူးလွန်ခွင့်မပြု (အယ်ဒီတာ့အာဘော်)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် အုပ်ချုပ်ခံတော်လှန်ရေးအင်အားစုတချို့သည် ယခုအခါ အုပ်ချုပ်သူ လူတန်းစားအဖြစ် ပြောင်းလဲလာကြပြီဖြစ်သည်။ သာမန်အားဖြင့်ကြည့်မည်ဆိုလျှင် အာဏာရှင်မင်းအောင်လှိုင်၏ စစ်တပ် အရေးနိမ့်နေခြင်းဖြစ်ရာ ကောင်းသည့် လက္ခဏာဟု ဆိုစရာရှိသည်။ သို့သော် တဖက်မှပြန်ကြည့်လျှင် ယခုအချိန်သည် အုပ်ချူပ်သူလူတန်းစားသည် ဥပဒေများဖြင့် အုပ်ချုပ်နေခြင်းထက် သေနတ်ဖြင့် အုပ်ချုပ်နေခြင်းဖြစ်သည်။ တရားဥပဒေစိုးမိုးမှုဟူသည် သေနတ်ပြောင်းဝ၌ တည်နေသည်။

လက်ရုံးရည်၊ နှလုံးရည်ဖြင့် ဖြတ်သန်းရမည့် ၂၀၂၄  (အယ်ဒီတာ့အာဘော်)

မြေလတ်ဒေသ၏ စစ်အာဏာရှင်နွေဦးတော်လှန်ရေးအထိုင်က ကြည့်မည်ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၃ သည် ဆုံးရှုုံးမှု၊ အောင်မြင်မှု၊ ဝေဝါးရှုပ်ထွေးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည့် နှစ်တနှစ်ဖြစ်သည်။

စုပေါင်းမှုနှင့် ဖယ်ဒရယ်ဆီသို့ (အယ်ဒီတာ့ အာဘော်)

၂၀၂၀ ရွေးကောက်ခံဖြစ်သည့်အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စစ်ရေးကိစ္စများကို ဦးဆောင်ရမည်ဆိုသောအတွေးသည် နိုင်ငံရေးအခင်းအကျင်းသစ်တွင်ပေါ်ထွက်လာသည့် ပလေရာသစ်များ ဖြစ်သော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ သပိတ်အင်အားစုများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တန်ဖိုးမထား ဥပက္ခာပြုရာရောက်သည်။

ညီညွတ်မှုနဲ့ လှမ်းယူရမယ့် လက်တကမ်းက တော်လှန်ရေးအောင်ပန်း (အယ်ဒီတာ့ အာဘော်)

ဒီအခြေအနေ၊ ဒီအခွင့်အရေးဟာ ၂ ခါ ရချင်မှ ရပါလိမ့်မယ်။ ကျိန်းသေတာက လက်ရှိ ကြုံလာရတဲ့အခွင့်အရေးကို အမိအရဆုတ်ကိုင်နိုင်ဖို့ပါပဲ။

ချွင်းချက်မရှိသည့် သတင်းမီဒီယာကျင့်ဝတ် (အယ်ဒီတာ့ အာဘော်)

တော်လှန်ရေးကာလဖြစ်ခြင်းကြောင့်ဟူ၍လည်း ချွင်းချက်ထားကာ သတင်းများကို ဘက်လိုက်ရေးသားမည် မဟုတ်ဘဲ သတင်းမီဒီယာကျင့်ဝတ်များကို အစဉ်လက်ကိုင်ထားကာ သတင်းများကို ကြိုးစားတင်ဆက်သွားမည်ဖြစ်ကြောင်း ကျွနှ်ပ်တို့မြေလတ်အသံက ထပ်လောင်းပြောကြားအပ်ပါသည်။

ဒီမိုကရေစီ၊ လူ့အခွင့်ရေးနှင့် တရားမျှတမှုကို တန်ဖိုးထားသည့် မြေလတ်အသံ (အယ်ဒီတာ့အာဘော်)

ကျွနှ်ပ်တို့သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးစံနှုန်းများကို တန်ဖိုးထား လေးစားလိုက်နာသည့်နည်းတူ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအပေါ် ပြုကျင့်နေသော မည်သည့်အဖွဲ့အစည်းကလုပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကိုမဆို ကျွနှ်ပ်တို့အနေဖြင့် ရေးသားဖော်ထုတ်သွားမည်ဆိုတာကို အတိအလင်းပြောကြားလိုပါသည်။

စုစည်းအားစိုက်ရမည့် လက်တကမ်းက တော်လှန်ရေးပန်းတိုင်

တော်လှန်ရေးကာလ ၂ နှစ်ကျော် ကြာလာသည့်အချိန်အထိ အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ခြင်းသည် နွေဦးတော်လှန်ရေးကြီး၏ ထင်သာမြင်သာရှိသည့် လတ်တလောအောင်မြင်မှု ဖြစ်သည်။ စစ်အာဏာရှင်ကို တော်လှန်နေကြသည့် လက်နက်ကိုင်အင်အားစုများ အားကောင်းမောင်းသန်နှင့် တိုင်းပြည်အနှံ့ ရှိနေခြင်းကလည်း တော်လှန်ရေးအောင်မြင်မှု၏ သက်သေတခုဟု ဆိုရမည်။

မြေလတ်အသံ ပရိသတ်ထံ အသိပေးကြေညာချက်

မြေလတ်အသံသတင်းဌာန Website ဖြစ်သည့် myaelattathan.org ကို အဓိကထား၍ သတင်းများ၊ ဆောင်းပါးများနှင့် ရုပ်သံသတင်းများကို တိုက်ရိုက်ဝင်ရောက်ဖတ်ရှုပေးကြပါရန်

လူထုအကြိုက်နှင့်လူထုအကျိုး

သတင်းမီဒီယာ၏မူလအလုပ်မှာ မတရားမှုတို့ကိုဖော်ထုတ်တိုက်ဖျက်ရခြင်းဖြစ်ပြီး လူတစုကောင်းကျိုးအတွက် လူအများကိုအမှောင်ချထားခြင်း၊ ဖုံးကွယ်ထားခြင်းများကို ဖော်ထုတ်ရေးသား တင်ဆက်ရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် မတရားမှုဖြစ်သည်ဆိုတာပေါ်လွင်နေပေသည်။ ထိုအရာကိုစိုက်လိုက်မတ်တပ်ရေးသားဖော်ထုတ်ရန် လိုပေသည်။

သမိုင်းကိုသင်ခန်းစာယူပြီး နှစ်သစ်အတွက်အားမွေးပါ

ယခုတကြိမ်စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် အဆိုးဆုံးနှင့်အရက်စက်ဆုံးလို့ အာဏာသိမ်းမှုကို တွေ့ကြုံခဲ့ဖူးသူများက ပြောဆိုကြသည်။ တကယ်လည်းမှန်နေပါသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီဇင်ဘာလဆန်းအထိ စစ်အာဏာရှင်၏အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ပစ်ခတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၃၈၂ ဦးကျဆုံး ကျဆုံးခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏စာရင်းများအရသိရပါသည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10