မှုခင်း

ပြည်မှာ မီးလောင်လို့ အမျိုးသား ၁ ဦးသေပြီး နေအိမ် ၃ လုံးပျက်စီး

ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှာ အဲ့ဒီရပ်ကွက် အသက်၆၅နှစ်အရွယ် ဦးသော်ဇင်ဟာ နေအိမ်က ရေခဲသေတ္တာကို ပြုပြင်နေစဥ် ရေခဲသေတ္တာအောက်ရှိ ဂက်(စ်)ကွိုင်ကို ဂဟေဆော်ရာမှ ပေါက်ကွဲပြီး မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

မကွေးတက္ကသိုလ်မှာ ကျောင်းသူတဦး ဓါးထိုးခံရလို့ သေဆုံး

ဇန်နဝါရီလ ၈ရက် ‌မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျောင်းဝန်းအတွင်း စာသင်ဆောင်တခုအနီးမှာ ၂၁ နှစ်အရွယ် သတ္တဗေဒမေဂျာဂုဏ်ထူးတန်း ဒုတိယနှစ်တက်နေသူ မဝိုင်းဆုလှိုင် ကို ၂၁ နှစ်အရွယ် ကိုဝေဖြိုးအောင်ဆိုသူက ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

"ဖြစ်တဲ့အချိန်မှာ မီးကလည်း ပျက်နေတယ်။ လာတာက ၅ ယောက်ထက်မနည်း ရှိမယ်။ သေနတ်အတု ၁ လက်ရယ် ဓားနဲ့စကေဘာတွေ ပါတယ်။ ဆိုင်ထဲဝင်လာပြီး သေနတ်အတုနဲ့ချိန် ဓားပြတိုက်တော့ ဆိုင်ရှင်အကိုက သေနတ်ကို တုတ်နဲ့ရိုက်ချလိုက်တာ သေနတ်က ကျကွဲသွားတဲ့အချိန် ဓားမြအုပ်စုက ဆိုင်ရှင်လင်မယားကို ဓားနဲ့ဝိုင်းခုတ်ကြတာ"

PDF သင်တန်းဆင်းပြီး စစ်ကောင်စီနဲ့ပူးပေါင်းသွားတဲ့ ဒလန်ဆိုသူ ၂ ဦး ပစ်သတ်ခံရ

"သူတို့တွေက သင်တန်းဆင်းပြီးသားတွေပါ။ တော်လှန်ရေးအပါ် သစ္စာဖောက်သူတွေ ဖြစ်တယ်။ စကစနဲ့ပေါင်းပြီး ဒလန်လုပ်တာ။ သူကြောင့် ဖမ်းဆီးခံရတဲ့သူတွေ ရှိခဲ့တယ်။ သတင်းအတိအကျရလို့ ရှင်းလိုက်တာ ဖြစ်တယ်"

ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

ဦးထွန်းဦးမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုသတင်းပေးလုပ်ပြီး ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်သလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အစည်းအဝေးတက်တာ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးစီးလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဓားထိုးဒဏ်ရာဖြင့်သေဆုံးခဲ့သည့် မနွယ်သန္တာဝင်းအမှုကို စစ်ကောင်စီနှင့် AA တို့စစ်ဆေးနေ

"ကျွန်တော့်မှာက တူမချေတယောက် ဆုံးရှုံးသွားခဲ့တယ်။ကျနော်တို့ အဓိကဖြစ်ချင်တာက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်ပါတယ်။ ဒီအမှုမပေါ် လိုက်ရင် နောင်လာနောင်သား သားသမီးတွေအတွက်လည်း မကောင်းဘူး။ အဲဒါကြောင့် ဒီအမှုတရားခံကို ပေါ်စေချင်ပါတယ်"

စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

"သူဆိုင်ထဲကိုဝင်လာတဲ့အခါ အိတ်အမဲတလုံးကိုင်လို့ဝင်လာတယ်။ အိတ်ထဲမှာ မီးပြင်တဲ့ကိရိယာတခုပါတယ်။ ပြီးတော့ ငွေထုတ်ဖို့ပုံစံ လုပ်ပြီးတော့ စာရေးမဆီကလက်ကောက်ကြည့်ဖို့ တောင်းတယ်။စာရေးမကလည်း တစ်ကွင်းထုတ်ပြတယ်။သူကနောက်ထပ်ဒီလိုပုံစံတစ်ကွင်း မရှိဘူးလားမေးတော့။စာရေးမကထုတ်ပြလိုက်တယ်။အဲဒီနှစ်ကွင်းကို ကိုင်ပြီးတော့ထွက်ပြေးသွားတယ်။ ကျွန်မတို့လိုက်တော့ မမီလိုက်ဘူး"

ဒုရဲအုပ်တဦး KTV မှာ သေနတ် ‌အပါအဝင် ဖုန်းနဲ့ ‌ပိုက်ဆံတွေ ပျောက်ဆုံး

" ၁၆ရက် မနက် ၅နာရီလောက်မှာ ပစ္စည်းတွေပါသွားတာ၊ Confirm ဖြစ်တယ်၊ အခု KTV က ဂျာကြီးနဲ့ ဝန်ထမ်းတွေကို ခေါ်စစ်နေတယ်လို့ သိရတယ်"

အရပ်သားအချင်းချင်း ရန်ဖြစ်လို့ ရဲဖမ်းဆီးခံရသူ အလောင်းသာပြန်ရ

''ဖြစ်တာက သူနဲ့အိမ်ခြံခြင်းကပ်လျက်က ကိုလင်း ဆိုတဲ့သူနဲ့ ရန်ဖြစ်တာ။ သူက ပုလင်းနဲ့ရိုက်လိုက်တယ်။ အဲ့ဒီလို ရန်ဖြစ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တိုင်လို့ ရဲကသူ့အိမ်ကို လာဖမ်းတာ။ လာဖမ်းတော့ သူကပုန်းနေတာ။ တွေ့လည်းတွေ့ရော ဝိုင်းပြီး ထိုးကြိတ်၊ ရိုက်နှက် ကန်ကျောက်ပြီးဖမ်းတာ အိမ်ရှေ့မှာတင်တော်တော်ခံရတယ်။ ရဲစခန်းရောက်တော့ ၂ နာရီခွဲလောက်မှာ ဆုံးသွားလို့ ရင်ခွဲရုံပို့လိုက်တယ်လို့ သိရတယ်''

မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

"သေတာက ဒုရဲအုပ်တယောက်ထဲရယ်။ ပွဲချင်းပြီးပဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျတော်တို့မသိရဘူး။ သူတို့က ဘုရားကုန်းပေါ်မှာ လုံခြုံရေးယူနေတာ။ ပစ်တဲ့ရဲကတော့အဖမ်းခံလိုက်ရတယ်။ "

သဲကုန်းမြို့မှာ စစ်ကောင်စီသတင်းပေးလို့ ကျော်ကြားသူ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

" သူက အာဏာမသိမ်းခင် အရင်ကတည်းက ရဲသတင်းပေး၊ ရဲတွေလာရင် ကြက်ဝိုင်း‌တွေ၊ ၂လုံးဒိုင်တွေကို လိုက်ပြရတယ်၊ အင်ဖော်မာ ဇော်ဝင်းလို့ ခေါ်ကြတယ်၊ သူ့တူ နှစ်ယောက်က ဆင်တဲ က.ပ.စက တပ်ကြပ်ကြီးနဲ့ တပ်သားတွေပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10