သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းမှာ ခင်ပွန်းဟောင်းက သူ့ရဲ့ဇနီးဟောင်းကို ဓားနဲ့ထိုးလို့ သေဆုံးသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတွေထံက သိရပါတယ်။
ဓားနဲ့ထိုးခံရသူဟာ အသက် ၃၀ ဝန်းကျင်အရွယ် မလင်းလင်းကျော်ဆိုသူဖြစ်ပြီး မတ် ၁၂ ရက် မနက် ၁ နာရီကျော်ခန့်က နေအိမ်မှာရှိနေချိန် ခင်ပွန်းဟောင်းဖြစ်သူ ကိုအောင်မြင့်မြတ်က ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
"ယောကျာ်းဖြစ်သူက နေအိမ်ထဲဝင်လာပြီး ဓားနဲ့ထိုးသွားတာလို့တော့ သိထားရတယ်။ ဓားထိုးခံရလို့ ဒဏ်ရာတွေရနေလို့ဆေးရုံကိုပို့ပြီး ဆေးကုမှုလုပ်နေချိန်မှာ ဒီမနက်မှာဘဲဆုံးသွားတာ"လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဓားနဲ့ထိုးခံရလို့ မလင်းလင်းကျော်မှာ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာရပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် မနက် ၅ နာရီခန့်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူ မလင်းလင်းကျော်ရဲ့အလောင်းကို ဒီနေ့လယ် ၁ နာရီကျော်မှာ စင်ဖြူကွင်းသုဿာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့သိရပြီး ဓားနဲ့ထိုးသွားတဲ့ ကိုအောင်မြင့်မြတ်ကတော့ မတ် ၁၂ ရက် ညနေပိုင်းထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ကိုအောင်မြင့်မြတ်နဲ့မလင်းလင်းကျော်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက တရားဝင်ကွာရှင်းထားတာဖြစ်ပြီး မလင်းလင်းကျော်မှာ သားနှစ်ဦးကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာမှာ လင်မယားနှစ်ယောက် စကားများရန်ဖြစ်ရာမှ လင်ဖြစ်သူက မယားဖြစ်သူကို ဓားနဲ့ခုတ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #ပဲခူးမြို့ #စိန်ထွန်းရပ်ကွက် #ကွာရှင်းထား #ဓားနဲထိုး #သေဆုံး
Share Share Share