တိုက်ပွဲ

ဆားလင်းကြီးက ဘုန်းကြီးကျောင်း ၂ ခုမှာတပ်စွဲနေတဲ့ စစ်အုပ်စုတွေ တပြိုင်တည်းတိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီမှာ ညောင်ဂျစ်ပင်ရပ်ကွက်က ကံဆယ်ဘုန်းကြီးကျောင်းနဲ့ မြို့မစျေးနားက ကံဦးဘုန်းကြီးကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုရွှေမန်းက ပြောပါတယ်။

လက်ပံတန်းမြို့နယ်က နယ်မြေရဲကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သားထိခိုက်သေဆုံးမှုရှိ

“ကင်းစခန်းရှေ့မှာရှိနေတဲ့ ၇ ဦးကိုတော့ သုတ်သင်နိုင်ခဲ့တယ်။ ဘန်ကာထဲမှာ စစ်အုပ်စုဘက်က ရှိနေသေးတော့ စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး၊ ညနေပိုင်းမှာတော့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ ဆွဲထုတ်(သယ်သွား)သွားတာကို သတင်းပြန်ရတယ်။”

ဆိပ်ဖြူမှာ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး  ■ ထီးလင်းမှာလည်း ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်းပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Yenather Column အဖွဲ့ဆီက သိရပါတယ်။

မြင်းခြံက တကျော့ပြန် ၄ ရက်တာတိုက်ပွဲ စစ်ကောင်စီဘက် သေဆုံးသူများခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ကူရွာ၊ ကွမ်းစိုက်ရွာနဲ့ ခြေဆေးရွာအနီးမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၆၀၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း - ၉ ဆီက သိရပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

"တိုက်ပွဲအတွင်းမှာတော့ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၉ ယောက်လောက်ကျသွားတာကို မြင်ခဲ့ရတယ်လို့ မြေပြင်က သတင်းပို့ပါတယ် "

ပျူနဲ့စစ်သားတွေ ဝေဟင်ရောမြေပြင်ကပါတိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေ (ရုပ်/သံ)

ဆင်လူးရွာအတွင်းက ရွာခံပျူစောထီးအင်အား ၁၀၀ ခန့်နဲ့ ရွာမှာလာတပ်စွဲနေတဲ့ ပွင့်ဖြူဝါတပ်က စစ်သားအင်အား ၂၀ ခန့်ကို မြေပြင်ကတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချခဲ့ရာ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦး ဆေးရုံတင်ထားရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ  ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား

"ကျနော်တို့စခန်းတွေ ဝင်စီးခံရတာ။ ရှေ့တန်းစခန်းတွေပါ။ ကျနော်တို့က နေရာလေးတွေ ခွဲထားတာ။ လူတွေကတော့ အကုန်လွတ်တယ်။ ရွှေမြင်းတင်တောင်မြောက်ဘက် ပတ္တမြားဘက်ခြမ်းမှာတော့ Battle (တိုက်ပွဲ)ပစ်ခဲ့တာရှိသေးတယ်။ အဲ့မှာ ထိခိုက်တော့ မသိရဘူး။"

ပဲခူးမှာ ဆယ်အိမ်မှူးနဲ့ မီးသွေးဖုတ်လုပ်သား ၅ ဦးကို စစ်တပ်ကဖမ်းဆီး

"အရင်တခါ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အဆက်စပ်ရှိတယ်။ သံသယနဲ့ ဆည်နားမှာ ဆယ်အိမ်မှူးလုပ်တဲ့ ကိုဝင်းပိုင်ကိုဖမ်းသွားတာ။ သူအပါအဝင် ၆ ဦးဖမ်းခံရတယ်လို့ သိထားရတယ်။ ကျန်သူတွေ ကတော့မီးသွေးဖုတ်သမားတွေလို့ သိရတယ်။ ဘယ်သူတွေဆိုတာတော့စုံစမ်းတုန်းဘဲ"

ဖြူးမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာကနေ အင်ပင်ရွာဘက်ကို ကင်းလှည့် ထွက်လာတဲ့ စစ်အုပ်စု ၃၀ ဦးခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖဆီက သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ သပိတ်ကျင်းမှာ ၂ ရက်အတွင်း ကလေးငယ် ၄ ဦးအပါ ၆ ဦးသေဆုံး

တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ်က နေ့စဥ်လေကြောင်းက တိုက်ခိုက်နေပြီး ကလေးငယ်တွေအပါ ပြည်သူ ၆ ဦးသေဆုံးထားပါတယ်။

ကင်းပုန်းဝပ်စောင့်ပြီး အနီးကပ်ပစ်လို့ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးခေါင်းဆောင်အပါ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ပျူစောထီးစခန်းအထိုင်ချထားတဲ့ တလိုင်းရပ်(ရွာသစ်)ကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ PLA -အနောက်မြောက်စစ်ဒေသအဖွဲ့ဆီက သိရပါတယ်။

နယ်မြေပြန်သိမ်းနေတဲ့စစ်တပ်နဲ့ PDF တို့ မတ္တရာမြို့နယ်မြစ်ကမ်းဘေးက ရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်အထိနာကာ လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း BNRA ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရှင်ဖမ်းမိသူတွေရှိပြီး လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10