တိုက်ပွဲ

စစ်တပ်ကဖမ်းထားတဲ့ သင်တန်းဆင်းရဲဘော် ၂ ဦးနဲ့ မျှားခေါ်လို့ လာကြိုမိရာက PDF တွေ ပိတ်ဆို့ပစ်ခတ်ခံရပြီး ၄ ဦး လွတ်မြောက်ခဲ့

" သင်တန်းဆင်းထားတဲ့ ၂ ယောက်ကို မင်းတုန်းက ၄ ယောက်က လာခေါ်တာ။ သင်တန်းဆင်း ၂ ယောက်ကိုတော့ မိထားပြီးသား။ အဲ့(လာခေါ်တဲ့)၄ ယောက်နဲ့ အကြိတ်အနယ်ဖြစ်ကြတာ။ ဟိုဘက် (PDF)က လက်နက်မပါဘူး။ လက်ပစ်ဗုံးနဲ့ပစ်ကြတာ"

စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း  ■ ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး ကျန်သူတွေ စခန်းစွန့်ထွက်ပြေး

"တိုက်ပွဲ ၁၅ မိနစ်လောက်ပဲကြာပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးကုန်ပါတယ်။ (စစ်အုပ်စုက) ရွာထိပ်နဲ့ ရွာဘေးတွေ ဘန်ကာဆောက်ပြီး နေကြတာပါ။ စခန်းသီးသန့်ပုံစံတော့ မဟုတ်ပါဘူး။ စကစတွေက အရိုးကိုက် **လောက်ပဲ နယ်မြေစောင့်ချထားတဲ့ အနေအထားပါ။"

မတ္တရာမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးပိုင်းတွေအပါ ၃ ဦးသေဆုံး

" အမျိုးသမီးမှန်တာက တော်တော်ဆိုးတယ်။ အသားတွေကို တစစီလိုက်ကောက်ရတယ်။ နေ့တိုင်း ပစ်နေတာ"

တကျော့ပြန် အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်ကျဆုံးမှုရှိ

“ဒီနေ့မနက်လည်း တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ပွားနေတယ်၊ အထိခိုက်တွေကတော့ရှိတယ်၊ ကိုယ့်ဘက်ကလည်းထိတယ်၊ **ဘက်ကလည်း ကျမှာပေါ့၊ ၂ ဖက် အထိခိုက်တွေကတော့ ရှိတယ်။”

ချီပါရွာအနီး တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ရှိ (ရုပ်/သံ)

နိုဝင်ဘာ ၁ ရက် မနက် ၆ နာရီကျော်လောက်မှာ အင်အား ၁၅၀ ကျော်နဲ့ အိုးဘိုရွာဘက်ကနေ ချီပါရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျူအဖွဲ့ကို ကျေးရွာတောင်ဘက် တံတားအနီးနဲ့ ရွာထိပ်နားအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ ၂ နေရာဖြစ်ခဲ့ပြီး ၁ နေရာမှာ နာရီဝက်ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးနဲ့ ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တောင်သာမြို့နယ်က ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

“တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ချိန်မှာ ပျူစောထီးတွေက ၁ မိုင်လောက်ဝေးတဲ့ ဝဲလောင်ရဲစခန်းကို ထွက်ပြေးသွားတယ်။ စခန်းအရောက်မှာ သေနတ်ပစ်ဖောက်သံတွေတော့ ကြားရတယ်။ ပျူစခန်း ဝင်စီးတဲ့အချိန်မှာ သွေးကွက်တွေ တွေ့ရတယ်။”

ရေစကြိုမှာ တိုက်ခိုက်ခံရတဲ့စစ်အုပ်စုက ဒေသခံနေအိမ် ၁၅ လုံးကိုမီးရှို့

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ နီပဆေးတောရွာထဲကိုဝင်ရောက်ကာ တအိမ်ဝင်တအိမ်ထွက် မွှေနှောက်ရှာဖွေပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရပြီး အိမ်ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတုန်းနဲ့ စလင်းက စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"ကျနော်တို့ဘက်က အီနာဂါနှစ်လုံး စပစ်တယ်။ လက်နက်ငယ်ပစ်တဲ့အချိန် စစ်တပ်ကလည်း ပြန်ပစ်တယ်။ စစ်သားတွေ သေဆုံးဒဏ်ရာရခဲ့တယ်"

ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရ ■ အိမ်ခြေ ၄၀ ခန့် မီးရှို့ခံရပြီး ဒေသခံ ၆,၀၀၀ ကျော်စစ်ရှောင်နေရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရပြီး အိမ်ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ရခိုင်ဘက်ကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ယာဥ်တန်း ငဖဲမှာ ကြားဖြတ်တိုက်ခိုက်ခံရ

" သူတို့ဘက်ကတော့ ၁၀ ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ ကျနော်တို့ဘက်ကတော့ (ထိခိုက်ဒဏ်ရာရ)မရှိပါဘူး။ ကျနော်တို့ဘက်ကတော့ အသင့်စောင့်ဆိုင်းပြီး ပြင်ဆင်ထားတဲ့အနေအထားပါ။"

ပခုက္ကူက တင်းဂတ်စစ်‌ဆေးရေးဂိတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်သား ၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

တင်းဂတ် စစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၉ က စစ်သားတွေအပြင် ရဲနဲ့ ပျူစောထီးအင်အား ၂၀ ကျော် အထိုင်ချနေတာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၁၆ လုံးကြဲချခဲ့ရာ ၂ ဦးသေသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

စစ်ကောင်စီကဖမ်းသွားတဲ့ ကြို့ပင်ကောက်က စစ်ရှောင်ပြည်သူ ၆၀ ဦးဝန်းကျင် ပြန်မလွတ်သေး

“တိုက်ပွဲဖြစ်လို့ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတာကို **တွေကရောက်လာပြီး ဖမ်းထားတာ၊ ပြန်လွှတ်မပေးဘူး။ ခုထိကျစွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတုန်း၊ အင်အားကလည်း ၇၀ လောက်ရှိတယ်။”

စစ်တပ် ဂိတ်စခန်း ၁ ခုကို ပကဖပူးပေါင်းအဖွဲ့က ဝင်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေပြီး ကာဘိုင် ၁ လက်ရရှိ

“ကျနော်တို့ဝင်ပြီး စီးနင်းတိုက်ခိုက်တဲ့အချိန် အင်အား ၁၂ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ခုန်ချပြီးတော့ ထွက်ပြေးကုန်တာပေါ့။ သူတို့ဘက်က ပြန်ခံပစ်တာတွေလည်းရှိတယ်။ ကျသွားတာကို ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တယ်။ သူတို့ဂိတ်စခန်းကိုလည်း မီးရှို့ခဲ့တယ်။ ကျနော်တို့က အချိန်အကြာကြီးယူလို့မရတဲ့အတွက်ကြောင့်မို့ အမြန်သိမ်းဆည်းခဲ့တယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10