စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ၇ ဦး သေဆုံး
" သူတို့ဆီက ကနဦးထွက်လာတဲ့ ကားကို ရှေ့ထွက်ပဒေသာ ၁ တွဲ၊ တွဲပဒေသာ ၁ တွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာ။"
" သူတို့ဆီက ကနဦးထွက်လာတဲ့ ကားကို ရှေ့ထွက်ပဒေသာ ၁ တွဲ၊ တွဲပဒေသာ ၁ တွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာ။"
တိုက်ပွဲအတွင်းမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေတနဲ့ ရဲဘော် အောင်လေး ၊ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ သေနတ် ၁ လက် လည်း ဆုံးရှုံးခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မနက် ပိုင်းအထိ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
အင်အား ၁၀၀ ဝန်ကျင်နဲ့တပ်စွဲနေတဲ့ စစ်အုပ်စုကို ညနေ ၃ နာရီလောက်မှာ ဒရုန်း ၂ စီးသုံးပြီး ဗုံးသီး ၅ လုံးကြဲချခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတယ်လို့ Salingyi Border Task Force -SBTF အဖွဲ့ ပြန်ကြားတာဝန်ခံ ကိုဘိုဘိုက ပြောပါတယ်။
“ဒရုန်းနဲ့ ဗုံးသီးချတာရော သူတို့တိုက်မိုင်းမိတာရောရှိတယ်။ သူတို့နောက်နေ့ ပြန်ဆုတ်တဲ့အချိန်မှာ ၄ လောင်းပါသွားတယ်။ ဒဏ်ရာရသူတွေလည်းပါတယ်။”
အင်အား ၈၀ လောက်နဲ့ စုဝေးနေတဲ့နေရာကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်း ၁၁ နာရီမှာ ဗုံးသီး ၁၀ လုံး ၁ ကြိမ် ၊ ညနေပိုင်း ၃ နာရီမှာ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ရဲဘော်ညီနောင် ပြောက်ကျားတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီး က ပြောပါတယ်။
"စစ်ကောင်စီစစ်ကြောင်းက ကုန်းကြီး၊ စလယ်၊ ဂွေပင်ကနေ စစ်ကြောင်းညှပ်ထိုးတယ်။ မနေ့က ဂွေးပင်ဘက်က ကင်းကပေါက်ပြီး ကင်းကဝင်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ။"
စစ်သားနဲ့ရဲ အင်အား ၂၀ လောက်ရှိတဲ့ ပုလဲမြို့မရဲစခန်းကို မနက် ၅ နာရီကနေ ၉ နာရီကျော်ထိ ၈၀ မမ ဗုံးသီး အလုံးရေ ၂၀ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၆ လုံးကတော့ရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
“ ၁ စီးကဗုံးကြဲတယ်၊ ၁ စီးက စက်လက်နက်နဲ့ ပစ်သွားတယ်။ အဲ့တောင်မှာ ဘုန်းကြီးကျောင်းပဲရှိတာ။ ရွာထဲကတော့ တောင်ပေါ်ကျောင်းလို့ခေါ်တယ်။ အဲ့ဒီတောင်ထိပ်ပေါ်မှာ ဓမ္မာရုံသေးသေးလေး ၁ ခုရှိတယ်။ အခုအဲ့ဒါတွေက လုံးဝနေထိုင်လို့မရတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့ (စစ်ကောင်စီ)က အမျိုးဘာသာသာသနာဆိုပြီးတော့ ခေါင်းစဉ်တွေတပ်ပြီးလုပ်နေကြတယ်။ ခေါင်းစဥ်တပ်တာနဲ့လုပ်ရပ်တွေနဲ့ တခြားစီဖြစ်နေတာ”
“ကာကင်းကို အင်အားအလုံးအရင်းနဲ့ ဝင်လုံးတဲ့အနေအထားမှာ ကျနော်တို့ ကလေးတွေက ခံပစ်ရင်းနဲ့ ၄ ယောက်ကလွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ကတုတ်ကျင်းထဲမှာပဲ ခံပစ်ရင်းနဲ့ကျသွားတယ်”
“စစ်ကောင်စီဘက်က အပေါ်တက်မှာကို ကြိုတင်သတင်းရထားလို့ မိုင်းကွင်းတွေခင်းပြီးကြားဖြတ်တိုက်ဖို့စောင့်နေခဲ့တာပါ၊ စစ် ***ဘက်က ၅ ဦးထိတယ်ဆိုတာက မျက်မြင်ရဲဘော်တွေက ထမ်းသယ်နေတာကိုတွေ့မြင်ခဲ့ရတာပါ ”
"သူတို့က ကျောက်ကြီးဘက်ကနေ သန်းခေါင်စာရင်းအဖွဲ့နဲ့အတူ သန်းခေါင်စာရင်းကောက်ပြီ ပြန်လာတာ။ နောက်နေ့ဆက်ကောက်ဖို့ နယ်မြေရှင်းလင်းတာ။ အဲ့မှာ ၅ နာရီ ၁၅ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ"
“သူတို့ (စစ်ကောင်စီ) ငါန်းမြာကြီးဘက်ကို ထွက်လာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်သေးတယ်၊ မရဘူး။ ကျည်ကလည်း နည်းသွားတယ်။ အဲနေ့ကတိုက်တာ ရဲဘော် ၁ ယောက်ဆီမှာ ကျည်ကတဘောက်စာလောက်ပဲရှိ တော့တယ်။ အဲဒါကြောင့် ဆုတ်ခဲ့လိုက်ရတာ။”
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ဦးလုံးသေပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။
"၄ နာရီကျော်လောက်မှာဝင်သွားတယ်။ သူတို့အိပ်ယာထိ ရောက်ခဲ့တယ်။ အဲ့မှာပစ်သတ်ခဲ့တယ်၊ အရာရှိကတော့ လွတ်သွားတယ်၊ ပစ်ခတ်ချိန် ၁၅ မိနစ်ပဲကြာတယ်၊ သူတို့ ကတုတ်ကျင်းထဲကို ရောက်နေတော့ (အဲ့ဒီထဲကနေ) သူတို့ထွက်ပြေးကုန်တာ"