တိုက်ပွဲ

စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

၄၀ မမဗုံးသီး၊ အီနာဂါဗုံးသီးအပြင် လက်နက်ငယ်တွေနဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်က ဘန်ကာထဲကို ပစ်ခတ်ခဲ့ရာမှာ စစ်သား ၂ ဦးသေဆုံးသွားတယ်လို့ Burma Revolution Rangers ရဲဘော် ဒီမိုက ပြောပါတယ်။

ဘုတလင်ကနေ နမခကိုပြန်တဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ပြည်သူ ၅၃ ဦးကို ဖမ်းလာတဲ့အင်အား၂၀၀ ပါ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘသူကြွယ်စစ်ကြောင်းဆီက သိရပါတယ်။

ဆင်ဖြူကျွန်းအနီးက စစ်တပ်စခန်းတိုက်ခိုက်ခံရလို့ အနည်းဆုံး ၁ ဦးသေဆုံးပြီး လက်နက်အချို့ PDF ရရှိ

"ပထမတော့ ခုခံသေးတယ်။ သူတို့ဘက်က အခြေအနေမကောင်းလို့ ဆုတ်ပြေးသွားတာပါ။ ၁ ဦးအလောင်းနဲ့ လက်နက်တွေလည်း ရလိုက်တယ်"

ဇကျမ်းရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကူလာတဲ့ သီတာယုမွန်အဖွဲ့ ထပ်မံမိုင်းဆွဲခံရလို့ ၂၂ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇကျမ်းရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့အပြင် ကား ၄ စီးနဲ့ စစ်ကူလာတဲ့ ပျူစောထီးခေါင်း‌ဆောင် သီတာယုမွန်အဖွဲ့ကို မြင်းခြံလမ်းပေါ်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ဆီက သိရပါတယ်။

ပျူခေါင်းဆောင် သီတာယုမွန်တို့ စစ်အုပ်စုနဲ့ MBT တို့ရဲ့ ၃ ရက်တာတိုက်ပွဲမှာ စစ်အုပ်စုဘက်က ၁၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ MBT တပ်ဖွဲ့တို့ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်ထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်ပြီး စက်သုံးဆီဆိုင်ကိုဗုံးသီးကျလို့ မီးလောင် ■ စစ်တပ်က အင်အားရာချီဖြည့်တင်းပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးဗုံးသီးကျလို့ စက်သုံးဆီဆိုင်မီးလောင်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပုလဲမြို့တွင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က အလံဖြူထောင်သူတချို့ရှိနေဟု ဆို  ■ တိုက်ပွဲအတွင်း AA တပ်သားများပါဝင်တယ်ဆိုတဲ့ သတင်းမှားကြောင့် မြို့ခံတွေအန္တရာယ်ဖြစ်မှာကို စိုးရိမ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းတိုက်ပွဲဟာ နိုဝင်ဘာ ၁၄ ရက် ဒီမနက်ပိုင်းအထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းကာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြင်းခြံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေ

"အခုထိ လေယာဥ် ၁၂ ခေါက်ရှိပြီ။ အလုံးပေါင်း ၁၀၀ကျော် ကြဲချထားတယ်။ ဒရုန်းတွေနဲ့ ကြဲတယ်။ မြင်းခြံမြို့ပေါ်ကနေ ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်တယ်။ အခုထိကတော့ တိုက်ပွဲပြင်းထန်နေတုန်းပါ။"

ဘုတလင်စစ်ကြောင်းကိုတိုက်နေတဲ့ ရှေ့တန်းက PDF တဦး  နာမကျန်းဖြစ်ပြီးဆုံးပါး(ရုပ်/သံ)

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော်တဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။

ဘုတလင်စစ်ကြောင်းကိုတိုက်နေတဲ့ ရှေ့တန်းက PDF ၁ ဦး နာမကျန်းဖြစ်ပြီးဆုံးပါး

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော် ၁ ဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။

ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့ ■စစ်ကြောင်းရန်ကြောက်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မင်းတုန်းမှာ နယ်မြေစည်းရုံးရေးဆင်းတဲ့ PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်၊ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာကို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစည်းရုံးရေးနဲ့ လူထုတွေ့ဆုံရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်သွားချိန် ယာယီတည်းခိုတဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ဝန်းကျင်က နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မင်းတုန်းမြို့နယ်ပကဖဆီက သိရပါတယ်။

ရေစကြိုမြို့ပေါ်က စစ်သားနဲ့ ပျူအုပ်စု အနီးကပ် တိုက်ခိုက်ခံရ (ရုပ်/သံ)

နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁၁ နာရီ‌ခန့်မှာ ရေစကြိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကထွက်လာတဲ့ စစ်သားနဲ့ပျုစောထီး ၅၀ ဦးခန့်ကို ရေစကြို အမှတ် ၇ ရပ်ကွက်မှာ လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖလမ်းမြို့တိုက်ပွဲအတွက် ကလေးအမြောက်တပ်က မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ကူပေး   ■ ရပ်ကွက်တွေထဲ ဒုံးအစတွေကျရောက်လို့ ပြည်သူတွေစိုးရိမ်

“အနောက်တောင်ဘက်ကို ပစ်တာ၊ အဲ့လမ်းကြောင်းအောက်က ရပ်ကွက်တွေကိုကျတာ။ အလုံးတိုင်းရဲ့ အစတွေကျတယ်။ တပ်ဦးသီတာရပ်ကွက် အများဆုံးကျတ။ (ရပ်ကွက်ထဲက) အိမ်ဝန်းထဲ ၂ နေရာကျတာ၊ ခြံစည်းရိုးပေါ်ကျလို့ ကံကောင်း။ တလုံးက တော်တော်ကြီးတယ်၊ အတိအကျ ၅ ပေ ၉လက်မ ရှိတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10