သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ရန်ကုန်-မန္တလေး ကားလမ်းအနီးက စစ်ကောင်စီကင်းစခန်း ၁ ခု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ သေနတ် ၆ လက်နက်သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃၊ တပ်ရင်း ၃၅၀၂ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးကျော်ခန့်သာရှိနေတဲ့ ကင်းစခန်းကို မတ် ၈ ရက်မနက် ၄ နာရီ ၃၀ မိနစ်ခန့်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီခန့်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
"အပေါ်ကဒရုန်းကြဲပြီးမှ အောက်ကမြေပြင်ကဝင်လုံးတာ။ သူတို့က အဲ့ကျောက်တိုင်မှာ ရှေ့ပွိုင်လာလာထုတ်တဲ့ပုံစံမျိုး။ ကျွဲပွဲကနေ ထွက်လာပြီး အဲ့မှာ လာလာထိုင်တာ။"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃၊ တပ်ရင်း ၃၅၀၂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၅ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ သေနတ် ၆ လက်သိမ်းဆည်းရမိခဲ့ကာ အုတ်တွင်းမြို့နယ် ပကဖအဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃၊ တပ်ရင်း ၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး နှစ်ဘက်စစ်ရေးအခြေအနေ တင်းမာနေဆဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်န်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #အုတ်တွင်း #ကျောက်တိုင်ရွာ #စစ်ကောင်စီကင်းစခန်း #တိုက်ပွဲ
Share Share Share