အားကစား

လာမယ့်ဒီဇင်ဘာမှာ နောက်တပွဲထိုးသတ်သွားမယ့် ဗန်

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဒီနှစ်မကုန်ခင်မှာ နောက်တပွဲထိုးသတ်သွားဖို့ရှိကြောင်း အသိပေးထားတဲ့ ဗန်ကတော့ လာမယ့်ဒီဇင်ဘာလမှာ နောက်ထပ်တပွဲထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက် ရုန်းကန်ရဦးမယ့် အဝေးကွင်းပွဲစဉ် (အားကစားသတင်း)

ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ညမှာလည်း ခြေစွမ်းကောင်းပြသနေတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

One Friday Fights 81 မှာ စိုးလင်းဦးရော သန့်ဇင်ပါ အရှုံးနဲ့ရင်ဆိုင်ခဲ့ရ (အားကစားသတင်း)

စက်တင်ဘာ ၂၇ ရက် ယနေ့ညမှာယှဉ်ပြိုင်ခဲ့တဲ့ One Friday Fights 81 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာဖိုက်တာနှစ်ဦးစလုံး ရှုံးနိမ့်ခဲ့ပြီး သန့်ဇင်က တာကေရုကို အလဲထိုးနဲ့ရှုံးနိမ့်ခဲ့သလို စိုးလင်းဦးကတော့ နာဘီလ်ကိုအမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ဘာဖြစ်ဖြစ် သန့်ဇင် နဲ့ မျှော်လင့်မိတဲ့ စိုးလင်းဦး (အားကစားသတင်း)  ■ One Friday Fights 81

မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ သန့်ဇင်တို့ပါဝင်ထိုးသတ်မယ့် One Friday Fights 81 ပွဲစဉ်တွေကို စက်တင်ဘာ ၂၇ သောကြာနေ့ ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ စတင်သွားမှာဖြစ်ပါတယ်။

မန်စီးတီးနဲ့အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ (အားကစားသတင်း)

ရာသီသစ်အစ အစောပိုင်းသာ ရှိနေသေးပေမယ့် အရင်နှစ်တွေကတည်းက ချန်ပီယံဖြစ်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ နှစ်သင်းအတွက် ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်ကလည်း ချန်ပီယံပြေးလမ်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိစေမှာဖြစ်လို့ မန်စီးတီးနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ယှဉ်ပြိုင်မှုကို စောင့်မျှော်ကြည့်ရှုကြရအောင်ပါ။

One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင် ထပ်မံရှုံးနိမ့် (အားကစားသတင်း)

စက်တင်ဘာ ၂၀ ရက် ဒီနေ့ညမှာထိုးသတ်ခဲ့တဲ့ One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား ခါခိုရော့ဗ်ကို အမှတ်အဆုံးအဖြတ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။

သွေးသစ်ဝင်းလှိုင်ပါဝင်ထိုးသတ်မယ့် ONE Friday Fights 80 (အားကစားသတင်း)

မြန်မာပြည်ရဲ့ထိပ်တန်းလက်ဝှေ့ကျော်တယောက်ဖြစ်တဲ့ သွေးသစ်ဝင်းလှိုင်ဟာ စက်တင်ဘာ ၂၀ ရက် ယနေ့ညနေပိုင်းမှာကျင်းပမယ့် One Friday Fights 80 မှာ ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား မာလွန်ခါခိုရော့ဗ်နဲ့ မွေထိုင်း(ဖယ်သာဝိတ်တန်း)မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။

ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘိုင်ယန် (အားကစားသတင်း)

ယနေ့ မနက်အစောပိုင်း မနက် ၁ နာရီ ၃၀ မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘိုင်ယန်နဲ့ ဒိုင်နမိုဇာဂရက်ဇ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပင်နယ်တီ ဟက်ထရစ်အပါအဝင် သွင်းဂိုး ၄ ဂိုးနဲ့အတူ ဘိုင်ယန်မြူးနစ်က ၉ ဂိုး ၂ ဂိုးရလဒ်နဲ့ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲတခုကို ဖော်ဆောင်နိုင်ခဲ့တာပါ။

ဖြေရှင်းရခက်တဲ့ အလွတ်တန်းချန်ပီယံပြဿနာကြားက ပွဲကောင်းတပွဲ

"ရိုးရာလက်ဝှေ့ပွဲ...ရိုးရာလက်ဝှေ့ပွဲ" ဆိုတဲ့ အသံတွေထက် ‘ONE ပွဲ’ ဆိုတဲ့ အသံတွေ ကျယ်လောင်နေချိန် ပွဲကျဲပါးလွန်းတဲ့ ပြည်တွင်းရပ်ဝန်းမှာ ရိုးရာလက်ဝှေ့ပွဲကြီးတပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ မိုးထဲလေထဲ အထီးကျန်နေတဲ့ ကန်တော်ကြီးပတ်လမ်းနားက သိမ်ဖြူရုံကို စက်တင်ဘာ ၂၂ ရက်မှာ အသက်သွင်းပေးမှာက မုဒုံသားလက်ဝှေ့ကျော် ထွန်းထွန်းမင်းနဲ့ မွန်၊ ကရင်တကြောပါမကျန် မြန်မာပြည်တဝှမ်း အစွယ်ချွန် နယ်ကျွံပြထားတဲ့ မန္တလေးသားလူငယ် ကျော်စွာဝင်းတို့ရဲ့ ‘မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲ’ ပါ။

UFC 306 မှာ အနိုင်ရရှိခဲ့တဲ့ ဗန် (အားကစားသတင်း)

စက်တင်ဘာ ၁၅ ရက်၊ ဒီနေ့မနက်မှာထိုးသတ်သွားတဲ့ UFC 306 ပြိုင်ပွဲမှာ ဗန်ဟာ ပြိုင်ဘက်မက္ကဆီကိုဖိုက်တာ ချိုင်းရက်ဇ်ကို အမှတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ်နဲ့ ထိုးသတ်သွားမယ့် ဗန် (အားကစားသတင်း)

UFC ပြိုင်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန် ကတော့ UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဗန်ဟာ ဒီပွဲကို ပြိုင်ဘက်ချိုင်းရက်ဇ်နဲ့ထိုးသတ်မယ့် ကယ်ဗင်ဘိုဟာ့စ်နုတ်ထွက်သွားတာကြောင့် လူစားထိုးကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး Flyweight တန်းမှာ ထိုးသတ်သွားမှာပါ။

အောင်လအန်ဆန်း ဒုတိယအချီမှာ အလဲထိုးနဲ့ရှုံးနိမ့် (အားကစားသတင်း)

ပွဲရဲ့ဒုတိယအချီမှာတော့ အာဒိုဂန်ဟာသက်လုံခြွေဖို့အတွက် အောင်လကိုထိုးချက်ကန်ချက်တွေနဲ့ အခြေအနေအကဲခတ် ထိုးသတ်ခဲ့ပြီး အောင်လဘက်ကတုံ့ပြန်မှုတွေအားနည်းနေမှန်းသိချိန်မှာတော့ ဘယ်ခြေကန်ချက်၊ ဘယ်ညာလက်သီးချက်တွေကို ဆက်တိုက်အသုံးပြုခဲ့ပြီး အောင်လလဲကျသွားချိန်မှာ ဆက်တိုက်ထိုးနှက်ပြီး အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။

ONE 168 ပွဲမှာ တူရကီဖိုက်တာနဲ့ထိုးသတ်မယ့် အောင်လ (အားကစားသတင်း)

One Championship ပြိုင်ပွဲတွေမှာ မြန်မာပရိသတ်တွေသာမကဘဲ အာရှပရိသတ်တွေရဲ့ဝန်းရံမှုကိုပါ အခိုင်အမာရရှိထားတဲ့ ကချင်သားကြီး အောင်လအန်ဆန်းကတော့ အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့မှာပြုလုပ်မယ့် ONE 168:Denver ပွဲမှာ တူရကီကိုယ်စားပြုဖိုက်တာ အာဒိုဂန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

အိမ်မက်ပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် အင်္ဂလန်ဒါဘီ (အားကစားသတင်း)

အင်္ဂလန်ဒါဘီပွဲကောင်းတပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုတော့ ယနေ့ တနင်္ဂနွေည ၉ နာရီ ၃၀ မိနစ်၊​ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီတေလာ က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

ပုံစံသစ်နဲ့ကျင်းပမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ (အားကစားသတင်း)

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကနေ စတင်ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပတော့မှာဖြစ်ပြီး ယခင်က အသင်း ၄ သင်းပါဝင်တဲ့ အုပ်စု ၈ ခုနဲ့ စုစုပေါင်း ၃၂ သင်းပါဝင်တဲ့ ပြိုင်ပွဲပုံစံကနေ ၃၆ သင်းပါဝင်ပြီး အမှတ်ပေးဇယားပုံစံနဲ့ ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10