အိုလံပစ်အိပ်မက်မက်နေတဲ့ မွေထိုင်းနဲ့ အနာဂတ်ပျောက် ရိုးရာလက်ဝှေ့ (အားကစားဆောင်းပါး)
အိမ်နီးချင်းနိုင်ငံရဲ့ မွေထိုင်းတိုက်ခိုက်ရေးအားကစားက အိုလံပစ်မှာ ပါဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ဒူး၊ တံတောင်၊ လက်သီး၊ ခြေထောက်၊ ခေါင်းဆိုပြီး မွေထိုင်းထက် သတ် ၁ သတ်ပိုတဲ့ သတ်ကိုးသတ် ရိုးရာလက်ဝှေ့အနေအထားကတော့ ဆက်လက်ရှင်သန်ရပ်တည်ရေး အရမ်းစိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ ပြည်တွင်းပွဲတွေ လက်ချိုးရေစရာမရှိလောက်တဲ့အထိ နည်းပါးသွားခြင်းနဲ့အတူ မျိုးဆက်သစ်လက်ဝှေ့သမားတွေအတွက် ကျင်လည်ရာ ကြိုးဝိုင်းတွေလည်း ပျောက်ရှနေပါတယ်။