သတင်း

ပြင်စည်ကျေးရွာ ရာအိမ်မှူး ပစ်သတ်ခံရ

"သူအိမ်အတွက် ရေတင်ပြီးပြန်လာတာ လမ်းမှာပစ်သတ်ခံရတာလို့ သိရတယ်။ သူပစ်သတ်ခံရတဲ့နေရာနဲ့ သူ့နေအိမ်ကတော့ သိပ်မဝေးဘူး"

ပဲခူးအနောက်ခြမ်းမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်နေကြ

“သိရသလောက်က ၈ ဦးကို ခေါ်တာ ၅ ဦးက အိမ်မှာ ရှိနေတော့ ပါသွားတယ်။ ကျန်တဲ့ ၃ ဦးက အလုပ်သွား နေလို့ မပါဘူး။ ဘယ်ကိုခေါ်သွားလည်းတော့ မသိဘူး။ သွေးတခါတည်းစစ်တယ်လို့ ပြောတယ်”

ရိက္ခာပို့ယာဥ်တန်းက ရှေ့ပြေးစစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

"ရှေ့ပြေးတက်လာတာကို ဆွဲခဲ့တယ်။ မိုင်းကတော့ ပုံးဝါမိုင်းတွေပါ။ မျက်မြင်သေတာစစ်** ၂ ကောင်သေတယ်။”

စလင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ပျူစောထီးတွေ ဆက်တိုက်အသတ်ခံရပြီးနောက် တရက်တည်း အုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်

“သူတို့ ၄ဦးက နုတ်ထွက်စာတင်ကြတာ မှန်ပါတယ်။ အုပ်ချုပ်ရေးမှူးတွေမရှိတော့ စာရေးတွေကပဲ စလင်း (မြို့နယ်)ထွေအုပ်နဲ့တွဲပြီး (အလုပ်တွေ)လုပ်ကြတယ်”

မိုးညိုမှာ စစ်မှုထမ်းစာရင်းပါသူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင်

"ကျန်းမာရေး မကောင်းသူရော၊ မိဘလုပ်ကျွေးနေရသူရော၊ အိမ်ထောင်သည်တွေပါ ပါတယ်။ သူတို့စာရင်းထဲပါတဲ့သူဆို ဘာကြီးနေနေအကုန်ခေါ်တာ။ ခေါ်ယူထားသူတွေအကုန်က မရှိဆင်းရဲသားနင်းပြားတွေချည်းပါပဲ။ ထွေအုပ်ရုံးထဲမှာ မိဘတွေ၊ ဇနီးမယားနဲ့ အိမ်ထောင်သည်တွေဆို ငိုယိုနေကြတာ ဆူညံနေကြတာပါပဲ"

နှစ်ရက်ကြာသည့်တိုင် ချီပါရွာကနေ ရှေ့တိုးမရတဲ့ စစ်ကောင်စီစစ်ကြောင်း (ရုပ်/သံ)

ပြင်းပြင်းထန်ထန်ဟန့်တားနိုင်တဲ့အတွက်ကြောင့် စစ်ကြောင်းက ရှေ့ကိုမတိုးနိုင်ဘဲ မနေ့က ထိတွေ့မှုဖြစ်တဲ့နေရာမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်နေပြီး လက်ရှိအချိန်အထိ (ယနေ့ ဧပြီ ၁၉ ရက် နေ့လယ်အထိ) ချီပါရွာထဲမှာပဲ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုလုပ်နေတယ်လို့ ဆိုပါတယ်။

ပေါက်နယ်မှာ စစ်ယာဉ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရလို့ ၅ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများ (ရုပ်/သံ)

ယမန်နေ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီကြားဝန်းကျင်အတွင်း ကမ္မမြို့ မန်းကျည်းသုံးပင်နားအရောက် မိုင်း ၃ ကြိမ်ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ များပြားနိုင်တယ်လို့ ပကဖ မြိုင်မြို့နယ် တာဝန်ခံကပြောပါတယ်။

ဆင်ဖြူကျွန်းမှာ လေပြင်းတိုက်လို့ နေအိမ် ၃၀ ကျော်ပျက်စီး

"လေရောမိုးရောက တနာရီလောက်ပတ်တိုက်တာ။ ဘက်စုံကနေ လေကပတ်တိုက်နေတာဆိုတော့ ရွာခံတွေကကြောက်ပြီး ဘုန်းကြီးကျောင်းဆီပြေးကြရတာ။ "

YPDF ဌာနချုပ်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဆွမ်းလောင်းလှူပွဲ

"အဓိကတော့ တပ်ဖွဲ့ဝင်အများစုက လူငယ်တွေဖြစ်တယ်။ တော်လှန်ရေးကာလမှာ တလျှောက်လုံး ဘာသာရေးပွဲတွေ သိပ်မလုပ်ဖြစ်ပါဘူး။ ရဲဘော်တွေလည်း စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲလေး ဖြစ်အောင်လို့ လုပ်ဖြစ်တာပါ"

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ပစ် လေယာဉ်ဂိုထောင်နဲ့ ဂျက်ဖိုက်တာ ၆ စီးထိမှန်ဟုဆို

“ကျနော်တို့ အဲဒီလေတပ်ကို ပစ်ဖို့အချိန် ၁ လလောက်ယူခဲ့ရတာ။ ကျနော်တို့ပစ်ပြီး ပြန်ဆုတ်လာတဲ့အချိန်ရော၊ ပစ်နေတဲ့အချိန်ရော သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ကောင်တာပြန်ပစ်တာမျိုးတွေရှိတယ်။ လေယာဉ် ဂိုထောင်ထဲမှာထားတဲ့ လေယာဥ်တွေ ပျက်စီးသွားတယ်လို့လည်း ကျနော်တို့ကြားသိရတယ်”

ဝက်လက်မှာ အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

“မန်ကျည်းပင်ကိုမှန်ပြီး ဘေးကိုစင်လိုက်တာ။ ကလေးမလေးက သောက်ရေအိုးရေထည့်နေတာ၊ အဲ့မှာမှန်တာ၊ ဘေးမှာလည်း လေးငါးယောက်ထိုင်နေတာမထိဘဲ သူ့တယောက်ပဲထိတာ။”

ပုလဲမှာ ပေါ့ဆမီးကြောင့် အိမ်ခြေ ၁၀၀ ကျော်မီးလောင်ဆုံးရှုံး (ရုပ်/သံ)

"ထမင်းချက်နေတဲ့အချိန် မီးဖိုနားမှာကျန်ခဲ့တဲ့ ဂက်စ်မီးခြစ်ပါမီးလောင်ပေါက်ကွဲပြီးတော့ မီးကူးစက်တာပါ။ နေပူတဲ့အချိန်လောင်တာရယ် လေကလည်းတိုက်တော့ မီးမငြှိမ်းနိုင်ကြဘူး။ လူတွေလည်း ဘေးလွတ်ရာ ပြေးရတာပေါ့"

စစ်ကိုင်းမှာ နေအိမ် ၁ လုံး မီးလောင်ပြာကျ

“ဘယ်လိုကြောင့် လောင်လဲတော့ မသိရသေးဘူး၊ ပတ်ဝန်းကျင် ပြောစကားအရတော့ အပေါ်ထပ်ကစလောင်တာ၊ မီးက တော်တော်များတယ်၊ ဘေးအိမ်က တချို့တံခါးလေးတွေတောင် ကူးနေပြီ၊ ကျနော်တို့ ရောက်တော့ကို တော်တော်ကုန်နေပြီ။”

ဝေါမှာ လူငယ်တွေနေရပ်စွန့်ခွာနေလို့ လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာအခက်တွေ့နေ

"အစကတော့ အခြေအနေစောင့်ကြည့်နေကြသေးတယ်။ နောက်ပိုင်းကျတော့ ပြည်ပထွက်တာများတယ်။ PDF ထဲဝင်တာတော့ နည်းတယ်။ အရင်ကဆို ကျနော်တို့ရွာမှာ လူငယ် ၂၀၀ လောက်ရှိတယ်။ လက်ရှိမှာဆို ၅၀ လောက်ပဲ ကျန်တော့တာ။ ကြံခိုင်ရေးပါတီဝင်လူငယ်တွေတောင် ပြေးကြတာ"

ရေတာရှည်တိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၄ ဦးသေဆုံးပြီး စစ်ကောင်စီဘက်ကလည်းသေဆုံးသူများ

"သူတို့ (စစ်ကောင်စီ)စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ။ ၃ ကြိမ်လောက်ဖြစ်တယ်။ ဆွာရွာမဘက်ကို လာတာ။ စစ်ကောင်စီဘက်ကတော့ လေယာဥ်၊ လက်နက်ကြီးတွေနဲ့ ပစ်ကူတော်တော်လေးပေးခဲ့တာ။ တိုက်ပွဲက ၃ နာရီလောက်ဖြစ်သွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10