သတင်း

တောပုရွာ ၂ ရက်ဆက်တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၃ ဦးသေဆုံး( ရုပ်/သံ)

တောပုပျူရွာကို တိုက်ခိုက်တဲ့ ၂ ရက်မြောက်နေ့ အောက်တိုဘာ ၆ ရက်မှာတော့ ညောင်ဖြူပင်ရဲစခန်းအတွင်းကထွက်လာတဲ့ ပျူနဲ့ စစ်သားတွေကို ကာကင်းယူထားတဲ့အဖွဲ့က ပစ်ခတ်လို့ စစ်သားနဲ့ ပျူစောထီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဗျူဟာအမှတ် ၄၈ တပ်ရင်း ၃ တပ်ခွဲ ၃ Defender Of Our Motherland သတင်းတာဝန်ခံ ရဲဘော်ဂျိမ်းက ပြောပါတယ်။

မြိုင်မှာ ဒုရဲမှူးနဲ့ ရဲ ၁ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေကာ MA-3 ၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့ပေါ် အထက ၁ ကျောင်းကနေ ထွက်လာပြီး မီးသတ်ရုံဘက်ကိုလာတဲ့ ဒုရဲမှူးနဲ့ ရဲ ၁ ဦးကို နိုဝင်ဘာ ၇ ရက် မနက် ၆ နာရီ‌ ၂၅ မိနစ်မှာစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။

မြေလတ်ဒေသအပါအဝင် နိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးများနိုင် ■ ဟုမ္မလင်းအနီးမှာ အင်အားနည်းမြေငလျင် ၁ ခု လှုပ်ခတ်ခဲ့

လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေနဲ့ ကချင်နဲ့ မွန်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဲ့ဒီ မိုးတိမ်တောင်ရွေ့လျားသွားရာ ဒေသတလျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်တပ်ကင်းစခန်း ၂ ခုတပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော် သေဆုံး (ရုပ်/သံ)

အမ်း - ပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်း ၂ခုကို ကာကွယ်ရေးတပ် ၃ ခုပေါင်းပြီး တပြိုင်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၆ ဦးကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပွင့်ဖြူမြို့ပေါ်မှာ စစ်မှုထမ်းကြေးဆိုကာ ၁ အိမ်ကို ၃ သောင်းကျပ်စီကောက်နေ ■ မပေးရင် စစ်မှုထမ်းဖို့ထည့်မယ်လို့ ခြိမ်းခြောက်ပြီး သတ်ရဲတဲ့ကောင်တိုက်ရိုက်လာ ဟု အုပ်ချုပ်ရေးမှူးစိန်ခေါ်

"ပိုက်ဆံလိုက်ကောက်ရင်း လမ်းတွေထဲမှာအော်ဟစ်ပြီးတော့ သတ်ရဲတဲ့ကောင် သူ့ဆီတိုက်ရိုက်လာခဲ့၊ ဘယ်ပထွေးသွားတိုင်တိုင် **ဂရုမစိုက်ဘူးဆိုပြီးတော့ သူပိုကြမ်းပြမယ်ဆိုပြီး အော်သွားတယ်။ လှဝင်းနဲ့အတူတူ စိန်ခေါ်တာတွေရှိလာတယ်။"

ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို PDF က အသင့်စောင့်တိုက်ခိုက်လို့ ၃ ဦးသေပြီး လက်နက်အချို့ရရှိ

"သူတို့ ရွာအရှေ့ဘက်ခေါင်းရင်းကို ထွက်လာတာပေါ့။ ထွက်လာတဲ့အချိန်မှာ ကျနော်တို့က ဒီကောင်တွေအရင်တုန်းထဲကသူတို့ ထွက်နေတာကိုသိတယ်။ အဲ့တော့ကျနော်တို့ 8+အညာမြေတပ်ပေါင်းစုအဖွဲ့ ရှေ့ကစောင့်ကြိုပြီး မနက် ၉ နာရီမှာ တိုက်ပွဲဖြစ်ခဲ့တာ။"

ရှမ်းမန်းစစ်ဆင်ရေးအတွင်းရရှိတဲ့ မိုင်းထိဒဏ်ရာကုသနေတဲ့ NLA က ဗိုလ် ၁ ဦးကျဆုံး

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်လောက်က ရှေ့တန်းစစ်မြေပြင်တခုမှာ စစ်ကောင်စီဘက်ကထောင်ထားတဲ့ မိုင်းထိမှန်ပြီး အသက် ၂၀ အရွယ် ဗိုလ် စည်သူအောင်ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့ပြီး အဲ့ဒီဒဏ်ရာအရှိန်နဲ့ပဲ ကျဆုံးခဲ့တာလို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်တပ်ကင်းစခန်း ၂ ခု တပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရလို့ ၆ ဦးကျော်သေဆုံး

“ကျနော်တို့ အနီးကပ်သွားရောက်ပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စခန်းကို ကျနော်တို့ဝင်ရောက်သိမ်းပိုက်နိုင်တဲ့ အခြေနေထိတော့ မရှိခဲ့ပါဘူး။ သေဆုံးမှုကိုတော့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေမျက်မြင်အရှေ့မှာတော့ ၆ ယောက်လောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိတယ်။"

MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်တပ်က ပြန်လည်သိမ်းယူဖို့ကြိုးစား ■ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသေဆုံးမှုရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အောက်တိုဘာ လလယ်လောက်ကစတင်ကာ MDY PDF သိမ်းယူထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက ပြန်သိမ်းယူနိုင်ဖို့ နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မန္တလေးမြို့ဘက်ကနေလည်း ရိက္ခာဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

တောင်ငူမှာ အမျိုးသား ၄ ဦးကို စစ်မှုထမ်းဖို့ စစ်တပ်က ဆဲဆိုဖမ်းဆီး

"ကိုမျိုးဇော်ဦးအိမ် ဝင်ဖမ်းတာမှာ နောက်ဖေးကနေဝင်ပြီးဖမ်းတာ။ ‘ဟိတ်ကောင် နှမ* မင်းလက်ထဲ ဘာမှမယူခဲ့နဲ့ မင်းဆင်းခဲ့’ လို့ ဆဲပြီး လက်မြှောက်ဆင်းခိုင်းတာ။ "

တနေ့တည်း စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တွေက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိသလို နေအိမ်အဆောက်အဦ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်ရှောင် ၁၈ ဦးကို ဖမ်းပြီးပြန်လာတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ) ■ဖမ်းခေါ်လာတဲ့ စစ်ရှောင်တွေထဲက ၃ ဦးအသတ်ခံထားရပြီး ၁၅ ဦး ပြန်မလွတ်သေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာအနီး စစ်ရှောင်စခန်းကို စီးနင်းကာ စစ်ရှောင်ပြည်သူ ၁၈ ဦးကို ဖမ်းဆီးခေါ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်တောင်ပိုင်းအခြေစိုက်၊ Y.R.F ပ.က.ဖ အဖွဲ့ဆီက သိရပါတယ်။

နေပြည်တော်ပတ်လည်က လေကြောင်းရန်ကာကွယ်ရေးတပ်တွေကိုကျော်ပြီး လယ်ဝေးထဲကို Fixed Wing တွေ ဝင်ရောက်လာ ■ ၃ စီး ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းကို နိုဝင်ဘာ ၅ ရက် မနေ့မနက်ပိုင်းက Fixed Wing တွေ ဝင်ရောက်ပျံသန်းလာပြီး ၃ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယမန်နေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တရွာလုံးကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ စစ်တပ်သတင်းပေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ

"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"

မန္တလေးမှာ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်ထပ်ခေါ်နေပြီး လမ်းပေါ်ဖမ်းဆီးမှုတွေလည်းရှိနေ ■ အမည်စာရင်းပါသူတွေ ငွေကျပ်သိန်းဆယ်ချီ ပေးနေရတယ်လို့ဆို

အပတ်စဥ် ၇ အတွက် စစ်မှုထမ်းခေါ်ယူမယ့်စာတွေကို အောက်တိုဘာလဒုတိယအပတ်မှာ ရပ်ကွက်အလိုက် နေအိမ်တွေကို စာပို့တာတွေလုပ်ဆောင်ခဲ့ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းနေထိုင်သူ ညီအကို ၂ ဦးလုံး စစ်မှုထမ်းပါတာကြောင့် ကျပ်သိန်း ၄၀ ကျော်အထိ ၎င်းတို့နေထိုင်ရာရပ်ကွက်က အုပ်ချုပ်ရေးမှူးကိုပေးခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10