သတင်း

မြောက်ခင်ရန်းရွာ ပျူစောထီးတွေက အိမ် ၃၀၀ ကျော်ကိုမီးရှို့ပြီး အဘိုးအို ၂ ဦးကို သတ်သွား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းက ပျူစောထီးတွေပူးပေါင်းပြီး ရေသာရွာနဲ့ ရွှေဘိုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ကျန်းမာရေးမကောင်းတဲ့အမျိုးသာ ၂ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီမှ သိရပါတယ်။

စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ၊ ပျူစောထီးဒဏ်ရာပြင်းထန်ရပြီး ဇနီးဖြစ်သူသေဆုံး

"လက်နက်ကိုင်အဖွဲ့က သေနတ်အရှည်တွေလည်းပါတယ်။ သူတို့နာမည်ခေါ်ပြီး အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ မယားဖြစ်သူကတော့ နေရာမှာပဲသေသွားတယ်"

စစ်တပ်သတင်းပေးလုပ်ပြီး ဆက်ကြေးတောင်းနေတဲ့ရာအိမ်မှူး ပစ်သတ်ခံရလို့သေဆုံး

"ထားဝယ်ရွာနားမှာရှိတဲ့ဂိတ်က ရိုးမထဲကထွက်လာတဲ့ သစ်ကားတွေကို ပိုက်ဆံတောင်းတဲ့ဂိတ်။ ဖြစ်တဲ့နေ့က အဲ့ဂိတ်မှာ သူတယောက်တည်းရှိနေချိန် ပစ်သတ်ခံလိုက်ရတာ။ နေရာမှာပဲ သေဆုံးသွားတယ်"

ဒလန်ဆိုသူအမျိုးသမီးအသတ်ခံရမှု သံသယနဲ့ဖမ်းဆီးခံရသူ ၅ ဦးထဲက အမျိုးသား ၁ ဦး စစ်ကြောရေးမှာ သေဆုံး

"ကွမ်းဆိုင်ကအမျိုးသမီးကို ပစ်ခတ်တာနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးတာပေါ့။ အမျိုးသမီးက လေးယောက် ယောကျ်ားလေးက တယောက်ပေါ့။ အဖမ်းခံရတဲ့သူတွေထဲက အမျိုးသမီး နှစ်ဦး ပြန်လွှတ်တယ်။ သေဆုံးတဲ့သူက ကိုအောင်ကိုဦးပါ စစ်ကြောရေးမှာဆုံးတယ်။"

မွေးနေ့ရှင် လှူတဲ့ PDF ရဲဘော်တွေအတွက် ဝက်သားဟင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှာရှိတဲ့ PDF ရဲဘော်၊ ရဲမေတွေကို တနေ့တာကျွေးမွေးဖို့အတွက် ဟင်းဖိုးကို မေ ၁၆ ရက်မှာ ပြည်သူတဦးက လှူဒါန်းပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

၂ ရက်ကြာ ရွာရှည်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ ဦးသေပြီး ပြည်သူ ၇ ဦး မီးရှို့အသတ်ခံလိုက်ရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှာ ၂ ရက်တာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၆၀ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရပြီး စစ်အုပ်စုဘက်က ပြည်သူ ၇ ဦးကိုမီးရှို့သတ်သွားတယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ထံက သိရပါတယ်။

CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုဟုဆိုကာ အခြေခံပညာပြီးမြောက်ကြောင်းအသိမှတ်ပြု လက်မှတ်မထုတ်ပေးလို့ NUG ပညာရေးဝန်ကြီးဌာနဝေဖန်ခံနေရ

“စည်းကမ်းချက်တချို့နဲ့ ကိုက်ညီမှာ မဟုတ်ဘူး၊ မကိုက်ညီဘူးဆိုရင် အဲချိန်ထဲက ပယ်ချလိုက်။ ခုက တနှစ် ကျော်မှ အဲလိုလာလုပ်တော့ ပြောရမယ်ဆိုရင် မိုက်ရိုင်းတာ စော်ကားတာ။ ကလေးတွေရဲ့ မျှော်လင့်ချက်တွေ ရော တက်လမ်းတွေရော အကုန်လုံးကို ရိုက်ချိုးပစ်လိုက်တာ။”

ကွယ်လွန်သူ KIA စစ်ဦးစီးချုပ်အတွက် အလေးပြုအခမ်းအနား မန္တလေး PDF ပြုလုပ်

KIO/KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တမိနစ် ငြိမ်သက်အလေးပြုအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြုလုပ်ခဲ့ပါတယ်။

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးဒဏ်ရာရ

"စစ်တပ်ဘက်ကတော့ တိုက်ပွဲရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် သူတို့ပစ်ချင်ရင် လက်နက်ကြီးက ပစ်နေတာပဲ။ ဒီဘက်က ဒေသခံတွေကတော့ လက်နက်ကြီးသံကြားတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်နေရတာက အလုပ်တခုလိုဖြစ်နေတယ်"

စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ပြီး PDF ထဲဝင်လာသူတွေကို ပထမဆုံးအကြိမ်သင်တန်းပေး

"စစ်တပ်မှာ စစ်မှုမထမ်းချင်လို့ ရောက်လာတဲ့လူငယ်တွေပါ။ အဲ့ဒီရဲဘော်တွေကို ပထမဆုံး သင်တန်း စပေးခဲ့တာပါ။ မိန်းကလေးတွေလည်း ပါတယ်"

မုံရွာ၊ အမှတ်(၇)စစ်မြေပြင်ဆေးတပ်ရင်းက တပ်သားတဦး လက်နက်နဲ့ အလင်းဝင်

“ ကျနော်စစ်တပ်ကို မကြိုက်တော့လို့ နောက်ပိုင်းလုပ်ဆောင်မှုတွေကိုလည်း မကြိုက်တော့ဘူး။ အဓိက က အဖွဲ့အစည်း စည်းလုံးညီညွတ်မှုလည်း မရှိတော့ဘူး။ ကြီးနိုင်ငယ်ညှင်းတွေလည်း လုပ်လာတယ်။ CDM မလုပ်သေးတဲ့ သူတွေကိုလည်း ကြိုဆိုပါတယ်”

ပြည်သူ့စစ်မဲပေါက်ပြီး မလိုက်လိုသူတွေကို အုပ်ချုပ်ရေးမှူးက ငွေ ၃ သိန်းတောင်း

“ခု မဲပေါက်တဲ့ မိသားစုတွေထဲမှာ အများစုက လက်လုပ်လက်စားသမားတွေ ဖြစ်နေကြတော့ မိသားစုတွေ ငိုယိုသူတွေနဲ့ စိတ်ဒုက္ခတွေရောက်နေကြတယ်”

ဒီပဲယင်းက ရေရှားတဲ့ ကျေးရွာမှာ ရေလျှံတွင်းတူးဖော်နေ (ရုပ်/သံ)

ရေတွင်းတူးရာမှာ ပေ ၁၈၀၀ ခန့်တူးရသလို အလျားပေ ၂၀၊ အနံ ၁၅ ပေနဲ့ အမြင့် ၁၃ ပေခွဲရှိ ရေလှောင်ကန်ပါ တည်ဆောက်နေပြီး ရေဂါလံ စုစုပေါင်း ၃၅၀၀၀ ဂါလံ သိုလှောင်ထားနိုင်ကာ နေ့စဥ် ၂၄ နာရီ ရေလျှံထွက်နေမယ့် ရေတွင်းမျိုးဖြစ်တယ်လို့ S&C အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကပြောပါတယ်။

PDF ထုတ်လုပ်ရေးစခန်းနဲ့ ကင်းစခန်းစီးနင်းခံရလို့ ၁ ဦးကျဆုံးပြီး ပစ္စည်းတွေပါဆုံးရှုံး

"စကစ စစ်ကြောင်းက ဒီဘက်တကြောမှာပတ်နေတာ တပတ်လောက်ရှိနေပြီ။ မနေ့မနက် အစောပိုင်းက ကင်းစခန်းတခု ဝင်စီးခံလိုက်ရတယ်။ နောက်ပြီးတော့ ပကဖ ထုတ်လုပ်ရေးစခန်းတခုကိုလည်း စီးနင်းခံလိုက်ရသေးတယ်"

မိုးရွာရန် အရှင်သခင်တင်မယ်ဆိုပြီး ပဒါန်းအုပ်ချုပ်ရေးမှူးက တအိမ်ကျပ်တထောင်ကောက်နေ

”မိုးခေါ် အရှင်သခင်တင်ဖို့ နတ်ပွဲ နှစ်ရက်ကမယ်လို့ပြောပြီး ငွေကောက်သွားတာ။ ဘယ်ရက်ကမယ် ပြောမသွားဘူး။ အဓိက,ကတော့ အကြောင်းအမျိုးမျိုးပြ အုပ်ကြီးလုပ်စားနေတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10