ဝေါမှာ လူငယ်တွေနေရပ်စွန့်ခွာနေလို့ လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာအခက်တွေ့နေ
"အစကတော့ အခြေအနေစောင့်ကြည့်နေကြသေးတယ်။ နောက်ပိုင်းကျတော့ ပြည်ပထွက်တာများတယ်။ PDF ထဲဝင်တာတော့ နည်းတယ်။ အရင်ကဆို ကျနော်တို့ရွာမှာ လူငယ် ၂၀၀ လောက်ရှိတယ်။ လက်ရှိမှာဆို ၅၀ လောက်ပဲ ကျန်တော့တာ။ ကြံခိုင်ရေးပါတီဝင်လူငယ်တွေတောင် ပြေးကြတာ"