Cherry

စစ်ကိုင်းမှာ နေအိမ် ၁ လုံး မီးလောင်ပြာကျ

“ဘယ်လိုကြောင့် လောင်လဲတော့ မသိရသေးဘူး၊ ပတ်ဝန်းကျင် ပြောစကားအရတော့ အပေါ်ထပ်ကစလောင်တာ၊ မီးက တော်တော်များတယ်၊ ဘေးအိမ်က တချို့တံခါးလေးတွေတောင် ကူးနေပြီ၊ ကျနော်တို့ ရောက်တော့ကို တော်တော်ကုန်နေပြီ။”

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ် ၁ ဦးအပါ ၂၀ နီးပါးသေ၊ ၅၀ ခန့် အရှင်ဖမ်းမိ

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကား ၃ စီး ပျက်စီးကာ စစ်တပ်ဗိုလ် ၁ ဦးနဲ့ သင်တန်းသားသစ် ၂၀ နီးပါး သေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံ ၁ ဦး၊ သင်တန်းသား အသစ် ၄၅ ဦးတို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

"စစ်ရှောင်ရင်း ရာမဇာန်ဥပုသ်စောင့်ကြသူတွေ" (ဆောင်းပါး)

ပုံမှန်အားဖြင့် ဝါထွက်တဲ့ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ဂျုံနဲ့ အမဲသားတို့လို အာဟာရပြည့်တဲ့ အစားအသောက်တွေ အလျှံပယ်ချက်ပြုတ် စားသောက်ကာ လှုဒါန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မသီတာတို့ရောက်နေတဲ့ စစ်ရှောင်စခန်းက ဥပုသ်ထွက်ပြီး ဝါဖြေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုယ်တိုင် ဝမ်းဝအောင်တောင် မနည်းစားနေရတဲ့ အခြေအနေဖြစ်နေကြရပါတယ်။

ကလေးမြို့ပေါ်မှာ နေအိမ်မီးလောင်မှုဖြစ်ပြီး မိခင်နဲ့ကလေးငယ် မီးထဲပါသေဆုံး

“ဝါယာရှော့ဖြစ်ပြီး လောင်တာလို့သိရတယ်။ ဖခင်ဖြစ်သူပဲ လွတ်တယ်။ ဇနီးနဲ့သားကို ခုန်ချခဲ့ဖို့ ခေါ်တယ် ပြောတယ်။ သားအမိတွေက မခုန်ရဲကြတာထင်တယ်။ အိမ်ကထရံကာဆိုတော့ လောင်တာတအား မြန်တယ်။ ကယ်ချိန်မရလိုက်တာနေမှာ။ သားအမိတွေအလောင်းက ဖက်လျက်သားပုံစံလေး”

ထီးချိုင့်နဲ့ အင်းတော်အစပ်မှာ ၁၂ ဘီးကားမှောက်လို့ ယာဉ်နောက်လိုက်သေဆုံး

“သူက ခုန်ချတဲ့အခါ မလွတ်ဘဲ ကားအောက်မှာ ပိသွားတာ၊ သူ့ကိုက ဂျိုင့်တွေနဲ့ ဆွဲထုတ်ရတာ၊ သွားခေါ်ထုတ်တုန်းက အသက်ရှိသေးတယ်၊ လမ်းခုလတ်မှာတင် ဆုံးသွားတာ။”

တာဝန်တွေကြားက ဥပုသ်စောင့်နိုင်ခဲ့တဲ့ ABSDF ရဲဘော် မိုဟာမက်( ရုပ်/သံ)

“တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ချင်တယ်၊ ဥပုသ်ကိုလည်း မပျက်မကွက်ဘဲနဲ့ စောင့်ချင်တယ်၊ အဲ့အတွက် အခက်ခဲတော်တော်ကြုံရတယ်၊ တပ်သားတယောက်ဖြစ်လာတဲ့အပေါ်မှာ တာဝန်တွေ အများကြီး ပိလာတယ်၊ တနေ့လုံး မအားတာတွေ၊ နေ့ရော ညရော မအားတာတွေ ရှိတယ်၊ အဲ့အတွက် ဥပုသ်လကို အပြည့်အဝ မယူနိုင်ဘူးပေါ့ဗျာ၊ အဲ့အတွက်လည်း အများကြီး စိတ်မကောင်းဖြစ်ရတယ်။”

စစ်တပ်ရဲ့ဆိုးညစ်မှုတွေနဲ့ တော်လှန်ရေးဘက်က လွဲမှားမှုတို့ကို ထောက်ပြထားတဲ့ သံချပ် (ရုပ်/သံ)

“စစ်တပ်ရဲ့ ဆိုးညစ် ယုတ်မာမှုတွေ၊ လူထုအခက်ခဲတွေကို ဒီသံချပ်မှာ ဖော်ပြထားတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က လွဲမှားနေတဲ့ အရာလေးတွေကို ထောက်ပြထားတဲ့အရာတွေ ပါဝင်တယ်။”

တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၁ ဦး ABSDF ထံ လက်နက်နဲ့အလင်းဝင်

“ တပ်မ ၁၀၁ တပ်တွေ ရှမ်းမြောက်မှာ စစ်ဆင်ရေးထွက်ရပြီး လက်ရှိ မိုးမိတ်တပ်ရင်းမှာ ရောက်နေတာလို့ သိရတယ်။ ကင်းစောင့်တဲ့အချိန်ညပိုင်းမှာ ကျတော်တို့ရှိတဲ့ဘက်ကို ပြေးလာခဲ့တာ။ နီးစပ်ရာလူထုကို အကူညီတောင်းပြီး ကျတော်တို့ဆီ ပို့ပေးဖို့ပြောခဲ့တာပေါ့။ အဲ့ဒါနဲ့ရောက်လာပြီး လက်နက်အပ်အလင်းဝင်ဖို့ တောင်းဆိုခဲ့တယ်”

မကွေးအခြေစိုက် ရဲတပ်ရင်း ၂၅ ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

ဧပြီ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့ရဲတပ်ရင်း ၂၅ဟာ အာဏာရှင်ရဲ့ ထောက်တိုင်တခုဖြစ်ပြီး အထောက်ပံ့အများကြီးပေးနေတဲ့ နေရာတခုဖြစ်တာကြောင့် စစ်ရေးပစ်မှတ်အဖြစ်ရွေးချယ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာ-မန္တလေး ကားလမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး (ရုပ်/သံ)

“ပစ်လို့ရလားလို့ သွားကြည့်တဲ့အချိန် သူတို့ (စကစ)က ကင်းပုန်းဝပ်ဖို့ ကျတော်တို့ ကင်းပုန်းဝပ်တဲ့နေရာကို တက်လာတာ၊ ကျတော်တို့ဘက်ကို ၃ကောင်တက်လာတယ်၊ ခပ်လှမ်းလှမ်းကနေ ၅ကောင်တက်လာတာ၊ ကျတော်တို့နဲ့ နီးတဲ့ ၃ကောင်ကို အနီးကပ် ဦးအောင် ပစ်လိုက်တာ။”

ကျောက်ဆည်ကနေ အဓမ္မလူသစ်စုခံရတဲ့စစ်သား ကောလင်းမှာ လက်နက်နဲ့ အလင်းဝင်

ခလရ ၃၀၅ စစ်ကြောင်းဟာ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ် ၅ ရက်မှာ ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်ချိန်မှာ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့ စစ်ကောင်စီတပ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ် ဆိုင်ကယ်စီးခရီးသွားအမျိုးသမီးတဦးကို အဓမ္မပြုကျင့်၊ လည်လှီးသတ်ဖြတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ကနေ စွန့်ခွာပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

စစ်ရှောင်အမျိုးသမီး ၉၀၀ ကျော်အတွက် လစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေ

“ကိုယ်ပါတဲ့ဟာကို တခြားအမျိုးသမီးလေးတွေ ရာသီလာတာတွေ့ရင် ထုတ်ပေးကြ၊ မျှတသုံးကြရင်း ပါလာတဲ့ အရေးပေါ်ပစ္စည်းလေးတွေက ကုန်ကြပြီ။ သွားဝယ်ဖို့ကလည်း ဝယ်စရာ ဆိုင်မရှိတာရယ် တော်တော်များများကလည်း လူချည်းပဲ ပြေးလာရတာဖြစ်တဲ့အတွက် ငွေကြေးမပါလာတော့ မဝယ်နိုင်ကြဘူး။”

စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေး၁ဦးသေဆုံးပြီး ၅ လသားကလေးအပါ ၉ ဦးဒဏ်ရာရ

“အဲ့ရွာ (မနော်သာရွာ)နားမှာ တိုက်ပွဲဖြစ်တယ်၊ **တွေက ရွာသားတွေကို ထွက်ခွင့်လည်းမပေးဘူး၊ **တွေက ပြန်ဆုတ်ချိန် ပြည်သူတွေကို ကာထုတ်တာ၊ လေကြောင်းထိတဲ့ မိသားစုတွေက စာသင်ကျောင်းမှာ ပုန်းနေခဲ့တာ၊ ကိုယ့်ဘက်က သွားကယ်ထုတ်လို့ ထွက်လာတဲ့အချိန် လေကြောင်းနဲ့ ပစ်လို့ထိတာ။”

ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခံထားရတဲ့ရဲဘော်တဦး စစ်ကြောရေးမှာရိုက်နှက်ခံရပြီး သေဆုံး

“ရှေ့နေက အောင်ကျော်ဇင် စစ်ကြောရေးမှာ ဆုံးသွားလို့ သူ့ဓာတ်ပုံလေး ပေးလိုက်ပါ။ ရက်လည် (ဆွမ်းသွပ်)ချင်လို့ဆိုပြီး လာတောင်းတာ၊ ရုပ်အလောင်းလည်း မမြင်ရသလို ပြန်လည်းမရပါဘူး။”

လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ရေး အညာမှာအသိပညာပေးနေ (ရုပ်/သံ)

လက်နက်ကြီးနဲ့လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးပွဲမှာ ခိုင်ခံ့တဲ့ ဗုံးခိုကျင်းတူးနည်းတွေ၊ လက်နက်ကြီးပစ်ချိန် ပုန်းရှောင်ရမယ့် အနေအထားတွေနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေကို စာတွေ့၊ လက်တွေ့ သင်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10