Cherry

ဆားလင်းကြီးမှာ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်၊ စုစုပေါင်း ၄ ဦးအထိရှိလာ

“သူက အားလုံးလွတ်မြောက်မဲ့နေရာကို လာခေါ်ဖို့ချိန်းတယ်၊ ချိန်းတော့ ဒီဘက်ကသွားကြိုပါတယ်၊ သူတို့ကလည်း ချိန်းဆိုတဲ့နေရာကို ပစ္စည်းတွေနဲ့ရောက်လာတယ်”

ဖောင်းပြင်မှာ လေကြောင်းနဲ့ပစ်လို့ ၃ နှစ်အရွယ် ကလေးတဦးသေဆုံး

“စာသင်ကျောင်းမှာက ၂ လုံး၊ ရွာမထဲမှာက ၃ လုံး၊ ဗုံး ၅ လုံးချသွားတယ်၊ အဲ့မှာ ကလေးမလေး ၂ ယောက်ထိတာ၊ တယောက်က ပွဲချင်းပြီးဆုံးသွားတယ်၊ အကြီးမလေးကလည်း ၅၀/၅၀အခြေနေမှာ ရှိနေတယ်။”

ကသာမှာ PDF ၅ ဦးနဲ့ ပြည်သူ ၁ ဦး အသတ်ခံရ

“သတ်ပြီးတော့ ခန္ဓာကိုယ်တွေမှာ ကျားဘီလူးစစ်ကြောင်းဆိုပြီး စာရေးသွားသေးတယ်၊ အလောင်းက တော့ ပြန်ရပြီ၊ ပစ္စည်းတွေလည်း ပါသွားသေးတယ်၊ ဒရုန်း ၁ စီးရယ်၊ ပဒိန် (လက်လုပ်စိန်ပြောင်း) ၂ လက်၊ ပါရီ (Type 81 rifle) ၁ လက်၊ အတို ၁ လက် ပါသွားတယ်လို့ ကြားတယ်။”

ခမ်းပါတ်တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးသွားတဲ့စစ်ကြောင်းက စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိ

“မနေ့က မိတဲ့ ၃ ယောက်က မိုင်းမိထားတော့ လမ်းမလျှောက်နိုင်ကြဘူး။ ချောင်းဘေးနားမှာ ထိုင်နေကြတဲ့ အချိန်ကို မိတာ။ ညနေပိုင်းမှာ တယောက်ထပ်မိတယ်။ သူတို့က(ရာထူးအကြီးပိုင်းတွေက) ဒဏ်ရာမရတဲ့သူတွေ ကိုခေါ်ပြီး ကိုယ်လွတ်ရုန်းသွားကြတယ်။ ဒဏ်ရာရတဲ့ဟာတို့ မပြေးနိုင်တော့တဲ့ဟာဆို ထားခဲ့လိုက်တော့တာ”

ရဲဘော်တွေရဲ့ လယ်တောအကူ

အညာဆောင်းရာသီမို့ ကောက်လှိုင်းထုံးတွေပေါ်မှာ နှင်းစက်လေးတွေက တွဲလဲခိုနေကြတယ်။ စပါးပင်အနံ့တွေ၊ လယ်ကွက်ထဲက ရွံ့နံ့သင်းသင်းနဲ့ နှင်းစက်တွေကြောင့် စိုစွတ်စွတ် မှိုင်းထိုင်းထိုင်း အနံ့တွေကလည်း တခါတခါ နှာခေါင်းထဲကို အလုအယက်ဝင်လာတတ်တယ်။ လယ်ကွင်းတခုလုံးကို လှည့်ပတ်ကြည့်လိုက်ရင် အညာဆောင်းဟာ လွမ်းစရာတမျိုး ကောင်းလှပါတယ်။

အင်းတော်မှာ Non-CDM ၁၀၀ ကျော် CDM ပြုလုပ်

“ဝင်လာတာက ပညာရေး၊ ထွေအုပ်၊ ကျန်းမာရေး၊ လဝက၊ မြေစာရင်းအစုံပဲ၊ ဝန်ထမ်းတွေက ကြောက်ပြီး ထွက်ပြေးတဲ့အချိန်မှာ ကျေးရွာ ပကဖတွေ တာဝန်ရှိသူတွေက လိုက်စုပြီး အလင်းဝင်ဖို့ ပြောကြတယ်။ လက်ရှိ ခံဝန်ထိုးပြီး စောင့်ကြည့်အနေထားနဲ့ ထားထားတယ်။”

နွေဦးတော်လှန်ရေးကာလ အညာက 'ပွဲ' (အတွေးအမြင်)

ကုန်ကားကြီးတစီးဟာ တော်လှန်ရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်ထားတဲ့ ဆောင်းဘောက်ကြီး ၃ လုံးကိုတင်ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာတခုထဲသို့ ဖြည်းဖြည်းချင်းမောင်းဝင်လာပါတယ်။ ကားခေါင်းပိုင်းမှာ ဝါးလုံးနဲ့ ချည်ပြီး လွှင့်ထူထားတဲ့ အနီရောင်အောက်ခံနဲ့ အဖြူရောင် ကြယ်တလုံးပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကလည်း လေတိုက်တိုင်း တလူလူလွင့်လို့။ ကားအနီးဝန်းကျင်မှာလည်း ပြောက်ကျားယူနီဖောင်းဝတ် လူ ၂၀ ကျော်လောက်ဟာ လက်နက်တွေကို ကိုင်မြှောက်ရင်း ရွာသားတချို့နဲ့အတူ ပျော်ရွှင်မြူးတူး ကခုန်နေကြပါတယ်။ တချို့ကလည်း အင်္ကျီတွေချွတ်ပြီး စိတ်လွတ်လက်လွတ် ခုန်ပေါက်နေကြပါတယ်။

တမူးနဲ့ ကလေးမြို့က ရဲစခန်းနဲ့ စစ်တပ်စခန်းတချို့ တပြိုင်တည်းတိုက်ခိုက်ခံရ

“ခမ်းပတ်ရဲစခန်းက အရင်ကလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ ခုမှသိမ်းနိုင်တာ၊ မြောက်စည်းရဲစခန်းက ခဏ ခဏပစ်တယ်။ မရဘူး၊ ခုမှရတာ၊ ရာဇဂြိုလ်က ရဲနဲ့ **တွေထိုင်တာ အကျဉ်းထောင်၊ ဝိတုတ်က **တပ်စခန်း၊ ကလေး-တမူး ကားလမ်းဘေး ပေလမ်းဘယ်ညာတောင်ရိုးပေါ်မှာရှိတာ”လို့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ (အသံလွှင့်ဆောင်းပါး)

သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ အခုနောက်ပိုင်း ပြန်ကြားရတာကတော့ .........

ကလေးတောင်ပိုင်းတိုက်ပွဲ ကာကွယ်ရေးရဲဘော် ၂ ဦးသေဆုံး စစ်တပ်က ဖုန်းလိုင်းများဖြတ်တောက်ထား

“ရဲ‌ဘော် ၂ယောက်က မနေ့ကပွဲမှာ ကျတာ။ KKG က တယောက်ကျတယ်တော့ သိထားတယ်။ နောက်တယောက်ကတော့ ရင်းကဖြစ်မလား၊ ပကဖက ဖြစ်မလား မသိသေးဘူး။"

ကြားကာလပညာရေး အထက်တန်းပြီးသွားသူများ အဆင့်မြင့်ပညာရေးဆက်လက်သင်ယူဖို့ အခွင့်အလမ်းနည်းပါးနေ

“G-12က စကစကျောင်းတွေမှာ သင်ရိုးစာအုပ်တွေထွက်တယ်၊ ဒါပေမယ့် MOE ကကျတော့ G-12 သင်ရိုးမထွက်သေးဘူး၊ ကလေးတွေတချို့က G-12 ရောက်နေပြီ၊ သူတို့တွေကကျတော့ စကစဆီက အရင်စာအုပ်နဲ့ပဲ သင်ရမလား၊ နောက်စာအုပ်ပဲစောင့်ရမလား ကိုးလိုးကန့်လန့်ဖြစ်နေတယ်။”လို့ မြောင်မြို့နယ်ထဲက ကျောင်းဆရာတဦးက ပြောပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ အခြေခံစစ်သင်တန်းမှာ အမျိုးသမီးရဲဘော် က အသန်မာဆုံးဆု ရရှိခဲ့

“ခုသင်တန်းက အခက်ခဲတွေ အများကြီးရှိတယ်၊ အရင်သင်တန်းထပ်လည်း ပိုအားရတယ်၊ မိုးတွင်းဖြစ်နေတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖျားနာတာတွေကြားက ရအောင် ပေးခဲ့ရတယ်၊ ဆုရအမျိုးသမီးရဲဘော်က သင်တန်းကာလတလျှောက်လုံး တရက်မှ မနားဘူး နေမကောင်းဖြစ်နေတာတောင် မနားဘူး၊ ဇွဲရှိတယ်။”လို့ တပ်ရင်းတာဝန်ခံ ကိုစံသျှားက မြေလတ်အသံကို ပြောပါတယ်။

လက်နက်မပြည့်စုံပေမယ့် စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေတဲ့ CDF-Asho (ရုပ်/သံ)

အဖက်ဖက်က အသာစီးရထားတဲ့ စခန်းသိမ်းတိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် လက်နက်မမျှလို့ အောင်မြင်မှုတဝက်သာ ရခဲ့ကြပါတယ်၊။ အဲ့ဒါကြောင့် တပ်ဖွဲ့ရဲ့ တိုက်စစ်ကို ပိုမြှင့်ဖို့အတွက် “အောက်ချင်းတောင်ပံ”ဆိုတဲ့ ကမ်ပိန်းနဲ့ ဒရုန်းတစီး ဝယ်ယူဖို့ကြိုးစားနေတယ်လို့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးနယ်မြေ ပေါက်ခေါင်းက ရဲကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“ရဲကင်းမှာ အင်အားက ၇ ယောက်ကို ၅ယောက် အသေပစ်ခဲ့လိုက်ရတယ်။ ကိုယ့်ဘက်ကပဲ လက်ဦးမှု ယူပြီးတိုက်ခဲ့တာ၊ သူတို့က အငိုက်မိသွားတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တော့ မပစ်ခဲ့ဘူး။ ကျနော်တို့ဘက်ကပဲ ပစ်တာ”

စစ်တပ်က စာသင်ကျောင်းကိုစီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီးတိမ်းရှောင်နေရ

“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10