အမြန်လမ်းက စစ်တပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအပါ ၂ ဦးဖမ်းမိ

အမြန်လမ်းက စစ်တပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအပါ ၂ ဦးဖမ်းမိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုဇီးရွာအနောက်ဘက်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်သား ၅ ဦးသေဆုံးကာ တပ်မ ၉၉ က ဗိုလ်ကြီးတဦးအပါအဝင် ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ် ၂၉ ရက် မနေ့ညနေ ၄ နာရီခွဲဝန်းကျင်က တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေ အပါအဝင် စုပေါင်းအင်အား ၁၀ ဦးဝန်းကျင်အထိုင်ချထားတဲ့ အဆိုပါဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းကို သိမ်းဆည်းရမိလိုက်တယ်။ စကစဘက်က ၅ ဦးသေတယ်။ အရှင်ဖမ်းမိတဲ့ထဲမှာ တပ်မ ၉၉ က ဗိုလ်ကြီး ၁ ယောက်ပါတယ်။ အဲ့စခန်းက ပုံမှန်ဂိတ်စခန်းတွေနဲ့ မတူဘူး။ တပ်မ ၉၉ နဲ့ ရေတပ်က လူတွေကို ပေါင်းပြီးထားတာများတယ်။”လို့ မြင်းခြံခရိုင် တပ်ရင်း ၄ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ တပ်မ ၉၉ က ဗိုလ်ကြီးဝေဖြိုးသူနဲ့ တပ်သား ၁ ဦး အရှင်ဖမ်းမိခဲ့ပြီး သေနတ် ၅ လက်၊ ပစ္စတို ၂ လက်၊ ကျည်ဘောက် ၁၆ ခု၊ ကျည်တချို့၊ ကျည်ကာဦးထုပ် ၆ လုံးနဲ့ ယူနီဖောင်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒိဂိတ်စခန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့ တမိုင်ခန့်ကွာဝေးပြီး အမြန်လမ်းကို လုံခြုံရေးယူပေးရတဲ့ ဂိတ်စခန်းတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ မြင်းခြံခရိုင် တပ်ရင်း ၁၀ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တွေမှာ ဩဂုတ် ၁၀ ရက်ကတည်းက ဒေသခံပူးပေါင်းတပ်တွေက မြင်းခြံခရိုင်အထူး စစ်ဆင်ရေး (MDSO) အဖြစ် တိုက်ပွဲတွေ စတင်ပြင်းထန်နေခဲ့တာလည်း ဖြစ်ပါတယ်။  

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စခန်းသိမ်း #တိုက်ပွဲ #သုံ့ပန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10