Cherry

ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား (ရုပ်/သံ)

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

ခမ်းပါတ်မြို့အနီး လေကြောင်းတိုက်ခိုက်လို့ လူအစုလိုက်သေဆုံး၊ ကလေးအလောင်း ၄ လောင်းအပါ ၁၆ လောင်းကို တွေ့ရှိထား

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်"

စစ်ကိုင်းတိုင်းထဲက လူထုသပိတ် (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာအချို့မှာ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး လူထုသပိတ်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေကတဆင့် သိရပါတယ်။

မြေလတ်ဒေသရှိ အကျဥ်းထောင်တွေက နိုင်/ကျဥ်း ၁၃ ဦးသာလွတ်

“နိုင်/ကျဉ်း လွတ်မြောက်မှုက အစွန်းထွက်တောင် မရှိပါဘူး။ သေးသေးမွှားမွှားတွေပဲ လွတ်တာ ဟန်ပြပါ၊ ၆ လအောက် ကျန်တာတွေကို လွှတ်တာ။ တချို့ထောင်တွေဆို နိုင်/ကျဥ်းတယောက်မှ မလွတ်ဘူး”

သံဘိုစခန်းသိမ်းတိုက်ပွဲအတွင်း TNLA မှာ သင်တန်းတက်နေတဲ့ မြောင်က ရဲဘော်တဦးကျ

“အဖွဲ့က လက်နက်ခဲယမ်းမပြည့်စုံလို့ ကလေးတွေက ရှမ်းမြောက်ကို စစ်ပညာသင်သွားတာ၊ သွားရင်း စခန်းသိမ်း တိုက်ပွဲမှာ ဗုံးသီးအစမှန်ပြီး ကျသွားတာ၊ ခုကလေးတွေက တိုက်ပွဲပြီးလို့ လက်နက်ခဲယမ်းသွားအသိမ်းမှာ ထိသွားတာ၊ ဟိုကပြန်လွှတ်မှာကို သူတို့ကလည်း အတွေ့အကြုံလိုချင်တော့ တလ ၂ လလောက် တိုက်ဦးမယ် ဆိုပြီး နေရင်းနဲ့ အခုလိုကြုံတာပေါ့။”

ဟုမ္မလင်းမှာ စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး သေဆုံးမှုရှိ၊ လက်နက်တချို့ ရရှိ

“သောင်သွပ်**စခန်းကို တိုက်နေကြတာ။ ၂၇၂ စစ်ကြောင်းက စစ်ကူလာတယ်၊ မင်းယားရွာနောက်ကျောမှာ ဖြတ်တောက်ရေးလုပ်တယ်။ လက်နက်တော့ ရထားပြီ၊ စစ်ကောင်စီအလောင်း သုံးလောင်းတွေ့တယ်။ ၂၇၂ ရင်းမှူး ခြေဖြတ်ရတယ် ကြားတယ်။”

စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်တစီး ကချင်မှာ ပစ်ချခံရ(ရုပ်/သံ)

“နာဖော့စခန်းကို နှစ်စီးရိက္ခာလာပို့တာ၊ ခုကျတဲ့တစီးက Mi35။ သူကကင်းချတဲ့သဘော၊ ဒါကြောင့် ပစ်ချတာ ကင်းယူတဲ့အစီးပေါ့။ မောင်းသူလည်း သေမှာပါ့။ ချက်ချင်း မီးလောင်ကျသွားတာကြီး။”

မဲဇာရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေး

“မော်လူးကို သိမ်းပြီးတဲ့နောက်မှာ သူတို့ကိုလည်း လာသိမ်းမှာ ကြောက်တာပေါ့။ ကြောက်တဲ့အတွက် အင်းတော်ကကောင်တွေကို လာကြိုခိုင်းတယ်လို့ ပြန်ကြားရတယ်။ မော်လူးသိမ်းပြီးနောက်ပိုင်း မဲဇာက ကောင်တွေက ဟင်းတောင် ထွက်မဝယ်ရဲဘူး။ တခါတလေကျ ရဲစခန်းထဲ ရှိလို့ရှိမှန်းတောင် မသိရဘူး တိတ်ဆိတ်လို့။”

ကသာမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံး

“PDF တွေရှိတယ်ဆိုပြီး အဲ့နေရာ အတိအကျကို သတင်းပေးလိုက်တာ။ PDFတဦးက ပွဲချင်းပြီးသေတယ်။ ဗုံးဘယ်နှစ်လုံး ကြဲလိုက်တာလဲကို မသိလိုက်တာ။ ကြားလိုက်တာတော့ ဝုန်းဆိုပြီး တကြိမ်ပဲကြားလိုက်တယ်။”

လူနာတင်ကားနဲ့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်လို့ ၅ဦးသေဆုံးပြီး ယာဥ်မောင်း၂ဦးအသက်ရှင်

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုဘက်က ဒဏ်ရာရ ရဲတဦးအပါအဝင် ၅ဦးစလုံးသေဆုံးပြီး ယာဥ်မောင်း အရပ်သား ၂ ဦးကိုတော့ ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအရှိန်ဆက်မြှင့်ဖို့ RPG လိုနေတယ်ဆိုတဲ့ YRF (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ Young Rangers Force - YRF တပ်ဖွဲ့ဟာ စခန်းသိမ်းတိုက်ပွဲတွေမှာ RPG လက်နက်မရှိတာကြောင့် အချိန်ကြာ၊ ကျည်ကုန်၊ လူပန်းပြီး တပ်ဖွဲ့ဝင်တွေကျဆုံးရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

လူအင်အား ရာကျော်ပါဝင်တဲ့ မုံရွာလူထုသပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့ညနေက မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ အရာတော် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်ချီတက်ခဲ့တယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

နောင်ကြီးအိုင်ရဲစခန်းက စစ်အုပ်စု ၁ လကျော်ကြာ တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

“နေ့ရော ညရော ၂၄ နာရီအပြည့် အင်အားအလုံးအရင်းနဲ့ ဝိုင်းထားတာ၊ သူတို့နည်းနည်း လှုပ်ရှားမှုရှိတာနဲ့ ကျနော်တို့ဘက်က ပစ်ခတ်တာမျိုး၊ ဒရုန်းနဲ့တိုက်တာမျိုး၊ ၆၀ မမတွေနဲ့ တိုက်တာမျိုးတွေ တောက်လျှောက် ဖိအားပေးလုပ်ခဲ့တာ၊ အဲ့တော့ သူတို့က ရဲစခန်းတွင်းမှာပဲ နေရတော့တာ ဘယ်မှထွက်လို့မရတော့ဘူး၊ ရွာထဲမှာလည်း ပြည်သူတွေမရှိတော့ အသား ငါး ပိုင်းလည်းမရဝောာ့ဘူး၊ အမှန်ကတော့ လုံးဝဖြတ်တောက်ရေး၊ ဖြတ် ၄ဖြတ် လုပ်လိုက်တဲ့ သဘောပဲ။”

ဖောင်းပြင်က ရွာ ၂ ရွာ လေကြောင်းပစ်ခတ်လို့ အရပ်သား ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

“ တိုက်အိမ်တလုံးက တခြမ်းပြိုသွားတယ်။ တိုက်ပွဲကမရှိဘူး၊ တိုက်ပွဲ‌ဘာမှကို မရှိဘဲ ဒါမျိုးအပစ်ခံနေရတာ။ ဒီနေ့လည်း ချင်းတွင်းမြစ်ရိုးအထက်မှာ လေယာဉ်ဗုံးချသံတွေ ကြားနေရတယ်”

မင်းတုန်းနယ် ရခိုင်ရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ ၇ ဦးခန့် သေဆုံး

“ သူတို့ဘက်က ဖောကား ၂စီးနဲ့ အင်အား ၃၀ခန့်ပါတဲ့ စစ်ကြောင်းက အသင့်စောင့်နေတဲ့နေရာကိုလာလို့ ကြားဖြတ်တိုက်တာပေါ့၊ မိုင်းကွင်းထဲဝင်လာလို့ မိုင်းဆွဲတယ်၊ ၄၀ မမ ၃ လုံး RPG ၁ လုံး ပစ်ထည့်ပြီး ၅ မိနစ်လောက် အပြန်လှန်ပစ်တာတွေ ရှိတယ်၊ ပစ်ပြီး ပြန်ဆုတ်လာတဲ့အခါမှာတော့ တိုက်ပွဲတွင်းမှာ ကျနော်တို့ မြင်ခဲ့ရတဲ့ အကျက ၆ ယောက် ၇ ယောက်လောက်ရှိမှာပေါ့၊ ဒေသခံသတင်းပေးချက်အရ ထိတဲ့ထဲမှာ အရာရှိပါတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10