သတင်း

စစ်တပ်ကဗုံးကြဲလို့ ကံချောင်းရွာက ကလေး ၁ ဦးအပါပြည်သူ ၄ ဦးဒဏ်ရာရပြီး အိမ် ၅ လုံးပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live လွှင့်ပြီး PDF တွေကို စိန်ခေါ်လေ့ရှိတဲ့ ပျူခေါင်းဆောင် ၁ ဦး သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

"သူမသေခင်က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေမှာ ဦးဆောင်ပြီးတော့လုပ်တယ်၊ ပေါ်တာအဆွဲခံရတဲ့ ပိုက်ဆံရှိတဲ့လူတွေကို သိန်း ၁၅၀ နဲ့ ပြန်ရွေးဖို့ သူကတောင်းတယ်၊ သူက လိုင်းပေါ်မှာ အမြဲတမ်း LIVE လွှင့်ပြီး PDF တွေကို စိန်ခေါ်ပြီးဆဲနေတဲ့ ၁ ဦးပါ၊ နတ်မောက်မြို့ပေါ်က ပျူစောထီးတွေက သူ့ရဲ့ညွှန်ကြားမှုအောက်ကသွားရတာ၊ အရင်တုန်းကလည်း စစ်မှုထမ်းဟောင်း ၁ ဦးပါ၊ မှု့ခင်းသတင်းထောက်လည်းလုပ်တယ်"

ကာဘိုးရွာက စစ်တပ်ဂိတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေဆုံးရှုံး

"ကျနော်တို့က ကားနဲ့သွားပြီးဝင်ပစ်ခဲ့တာပါ။ နေရာမှာပဲ စစ်သား ၃ ယောက်သေတယ်။ လက်နက်တွေလည်း ရခဲ့တယ်"

ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရပြီး အိမ်ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတုန်းနဲ့ စလင်းက စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"ကျနော်တို့ဘက်က အီနာဂါနှစ်လုံး စပစ်တယ်။ လက်နက်ငယ်ပစ်တဲ့အချိန် စစ်တပ်ကလည်း ပြန်ပစ်တယ်။ စစ်သားတွေ သေဆုံးဒဏ်ရာရခဲ့တယ်"

တံတားပေါ်ကနေ မြစ်ထဲခုန်ချတဲ့ ကျောင်းသူကို ဒေသခံတွေ ဝိုင်းကယ်လို့ အသက်ရှင်

“ ပထမစာရွက်တွေဖြဲချတာအားလုံးမြင်ကြတော့ ရိုးရိုးကျောင်းသူ ၁ ယောက် ကျောင်းပြန်တယ်လို့ပဲ ထင်လိုက်ကြတာ ။ခုန်ချတော့မှ မြင်တဲ့သူတွေက ကယ်လိုက်ကြတာ”

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ သားအမိ ၂ ဦးဒဏ်ရာရ

"ကလေး ၁ ယောက်က ဒဏ်ရာတော်တော်များတယ်။ မျက်လုံးလည်းထွက်တယ်။ ခြေထောက်လည်းထိတယ်။ သူတို့သားအမိက ထမင်းစားပြီး အိမ်နောက်ဖေးမှာလက်ဆေး၊ လက်သုတ်နေချိန်ထိသွားတာ။ "

စစ်တပ်ရဲ့ လုပ်ရပ်တွေမကြိုက်လို့ ဝင်လာသူတွေပါတဲ့ MBT စစ်သင်တန်း အပတ်စဥ် ၁၄ (ရုပ်/သံ)

မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger (MBT) ရဲ့ နောက်ထပ်သင်တန်းသားအသစ်တွေပါတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၁၄ ကို သင်တန်းဆင်းပေးခဲ့ပါတယ်။

ချောက်တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံးပြီး စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရ ■ အိမ်ခြေ ၄၀ ခန့် မီးရှို့ခံရပြီး ဒေသခံ ၆,၀၀၀ ကျော်စစ်ရှောင်နေရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ နရွဲတောနဲ့ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ချိန် စစ်ရှောင်သံဃာ ၃ ပါးအပါအဝင် ၆ ဦးဒဏ်ရာရပြီး အိမ်ခြေ ၄၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တခြားနေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ Yoma GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။

ဘုတလင်က စစ်ရှောင်တွေကို PDF နဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ရိက္ခာတွေလှူဒါန်းပေးခဲ့ (ရုပ်/သံ)

ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေကြောင့် စစ်ရှောင်နေရတဲ့ ဘုတလင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ဆန်နဲ့ ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

PDF ကိုစိန်ခေါ်တဲ့ ထွေအုပ်စာရေး ပစ်သတ်ခံရ

“မမဲကြီးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ ထွက်လာတာကို သတင်းကြိုတင်ရရှိထားတယ်။ စစ်မှုထမ်းကောက်တဲ့နေရာမှာ လဝက၊ မီးသတ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ သူက ‘PDF ကို ဂရုမစိုက်လို့ တယောက်ထဲသွားလာနေတာကွ’ ဆိုပြီး ကြွေးကြော်ထားတဲ့သူ။ ”

ပြည်နဲ့ သရက်က ကလေး ၁ ဦးအပါ ၁၁ ဦးအဖမ်းခံထားရပြီး နေအိမ်အချို့ပါ ချိပ်ပိတ်ခံရ

"ဖိုးဝလေး စပြီးဖမ်းခံရတယ်။ အဲဒီနောက်မှာ ဦးဘိုကြီး၊ မသင်းဖမ်းခံရတယ်။ ပြီးတော့ ဦးရွှေသောင်းဆိုင်က ဒေါ်ခင်မျိုးဆွေဖမ်းခံရတယ်။ အဲဒီကနေ့မှ တဆက်တစပ်တည်း ရွာမရွာက ကိုငကွန်တို့ မိသားစုဖမ်းခံရတယ်။ အိမ်တွေချိတ်ပိတ်ခံရတယ်။ အောင်လမင်းပွဲရုံဆိုလည်း ပဲတွေသိမ်းခံရတာ"

ရခိုင်ဘက်ကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ယာဥ်တန်း ငဖဲမှာ ကြားဖြတ်တိုက်ခိုက်ခံရ

" သူတို့ဘက်ကတော့ ၁၀ ဦးသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ ကျနော်တို့ဘက်ကတော့ (ထိခိုက်ဒဏ်ရာရ)မရှိပါဘူး။ ကျနော်တို့ဘက်ကတော့ အသင့်စောင့်ဆိုင်းပြီး ပြင်ဆင်ထားတဲ့အနေအထားပါ။"

ပခုက္ကူမြို့နယ်ကို စစ်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေပြီး ဒေသခံ ၃ ဦးလည်း အသတ်ခံထားရ  ■ ဘုတလင်မှာလည်း စစ်တပ်ကတကျော့ပြန်စစ်ကြောင်းထိုးပြီး ဖမ်းဆီးမှုတွေရှိနေ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီကအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10