PDF တွေကိုစိန်ခေါ်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
“သူ့နေအိမ်မှာပဲ ရှင်းနိုင်ခဲ့တာပါ။ သူအိမ်ထဲဝင်သွားတဲ့အချိန် ထွက်ပြေးမယ်လုပ်လို့ ကျနော်တို့က သေနတ်ပစ်တာပါ၊ ၃ ချက်ပစ်တာပါ။ ဘယ်ဘက်ရင်အုံမှာ ၂ ချက်မှန်တယ်။ ပြီးတော့ ငယ်ထိပ်ကို ၁ ချက်မှန်တယ်။”
“သူ့နေအိမ်မှာပဲ ရှင်းနိုင်ခဲ့တာပါ။ သူအိမ်ထဲဝင်သွားတဲ့အချိန် ထွက်ပြေးမယ်လုပ်လို့ ကျနော်တို့က သေနတ်ပစ်တာပါ၊ ၃ ချက်ပစ်တာပါ။ ဘယ်ဘက်ရင်အုံမှာ ၂ ချက်မှန်တယ်။ ပြီးတော့ ငယ်ထိပ်ကို ၁ ချက်မှန်တယ်။”
စစ်ကောင်စီက ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
" နောက်ဘီးကနေ မီးစွဲလောင်လာပြီး စလစ်ဖြစ်ပြီး မှောက်သွားတာ။ လူကတော့ ၁ ယောက်သေသွားတယ်။ လမ်းကြုံလိုက်လာသူ ၁ ယောက်သေတယ်။ ကားကတော့ မီးလောင်သွားတယ်။"
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော်တဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။
ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF ရဲဘော် ၁ ဦး ဘုတလင်မြို့နယ် ရှေ့တန်းတနေရာမှာ တိုက်ပွဲဒဏ်တွေကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းရွာက ထွက်လာတဲ့ ပြည်သူ့စစ် ၁ ဦးကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။
"တည်းခိုခန်းမှာ အချိန်ပိုင်းလာတည်းရင်းနဲ့ ကောင်လေးက အောက်ဆင်းလာပြီးတော့ တညလုံးယူမယ်လို့ ပြောပြီးထွက်သွားတာ။ ပြန်မလာလို့တည်းခိုခန်းက မသင်္ကာလို့ ဖွင့်ကြည့်မှာ (မိန်းကလေး)သေနေတာတွေ့ရတာ"
နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၁၁ ရက် မနေ့ည ၇ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ် တိုက်ခိုက်ရေး တာဝန်ခံ ကိုကြခတ်က ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
“အခုက မြစ်ခြေမြို့ထဲမှာ တယောက်မှ မရှိတော့ဘူး။ တမြို့လုံးရှောင်ကြတာဆိုတော့လေ။ လက်နက်ကြီးပစ်သံတွေလည်းကြားရတော့ ပြေးလာကြတာ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး”
"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာကို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစည်းရုံးရေးနဲ့ လူထုတွေ့ဆုံရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်သွားချိန် ယာယီတည်းခိုတဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ဝန်းကျင်က နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မင်းတုန်းမြို့နယ်ပကဖဆီက သိရပါတယ်။
“ကျနော်တို့ Scout (ကင်းထောက်)ဒရုန်းနဲ့ ကြည့်တာတော့ ၆ ကောင်ကတော့ နေရာမှာတင်ပွဲချင်းပြီးတယ်။ ဒဏ်ရာရတာကလည်း ၁၀ ကောင်ထက်မနည်းရှိတယ်။”