တိုက်ပွဲ

မလည်ရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

“မနေ့ကတည်းက မနက်ခင်းမှာရော လေကြောင်းတိုက်ခိုက်မှု တမနက်လုံးလုပ်တယ်။ ပြီးတော့ ဒီမနက်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာ။ အခုချိန်ထိ စက်သေနတ်တွေရော ရော့ကတ်တွေရော ဗုံးသီးတွေရော ကြဲတယ်။ လေကြောင်းပစ်ခတ်မှုက တခါလုပ်ရင် နာရီဝက်ကြာတယ်။ အိမ်တွေတော်တော်များ မီးလောင်တယ်၊ ဘုရားတွေလည်း ပျက်စီးတယ်။”

ကင်းပတ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး ၆၀ မမ ဗုံးသီးနဲ့ ဖုန်း ၁ လုံး ရရှိ

“ကျနော်တို့တွေက အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာ။ ရှေ့ကကျွံလာတဲ့ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီထဲက ၁ ဦးကတော့ နေရာမှာတင်သေဆုံးသွားတယ်။ သေဆုံးတဲ့လူက ပျူစောထီးဖြစ်နိုင်ပါတယ်။ ကျန်တဲ့ကောင်တွေကလည်း ဒဏ်ရာရပြီးပြန်ဆုတ်သွားတယ်။”

အုတ်ဖိုမှာ ရဲတပ်ဖွဲ့ ဝင်တွေတိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ ရဲသတင်းပေးဆိုသူ သေဆုံး

"နေ့ရောညပါ လူဖမ်းပွဲလုပ်နေကြတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆို ဖမ်းတယ်။ အဲ့ဒီနယ်မှာ မတရားဖမ်းဆီးတာတွေရှိနေလို့ ရှင်းခဲ့တာပါ။ စခန်းမှူးရော ကိုသက်ပါ သေတယ်"

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ သားအမိ ၂ ဦးဒဏ်ရာရ

“(ချင်းတွင်းမြစ်ထဲမှာ) တံငါစက်လှေတွေလာတာကို PDF လာတာထင်ပြီးပစ်တာ၊ အိမ်ထဲမှာရှိတဲ့ မိခင်ဖြစ်သူနဲ့ သမီးဒဏ်ရာရတယ်၊ အိမ်ခေါင်မိုးလည်းပွင့်သွားတယ်၊ မိခင်ကတော့ မျက်လုံးမျက်ဆံ ဒဏ်ရာရပြီး ကလေးကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်ရတဲ့အနေအထား မရှိပါဘူး။”

ခြုံကြီးရွာ စီးနင်းခံရမှုမှာ PDF တွေအပါ ၅ ဦးကျဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးသေဆုံး

"သူတို့က (စကစ) ယူနီဖောင်းလည်းမပါတော့ ကျနော်တို့မဟာမိတ်တွေအနေနဲ့ ဝင်လာတယ်ပဲ ကင်းသမားတွေက ထင်လိုက်တာ။ အဲ့ဒီအချိန်မှာ ရင်း ၃ အိုင်အို ကိုဖက်တီးနဲ့ ခရိုင်ပကဖက ကိုအီးတီတို့က မုန့်စားဖို့ထွက်လာတာ။ မင်းတို့ဘယ်သွားမှာလဲလို့ လှမ်းမေးတော့ ကိုဖက်တီးက ကျနော် ရင်း ၃ ကပါလို့ ပြန်ပြောလိုက်တယ်။ ရင်း ၃ ကဆို မှောက်ဆိုပြီး ဖမ်းသွားတာ။ အဲ့ဒီအချိန်မှာအကုန် ဝရုန်းသုံးကား ဖြစ်သွားတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ရွာရဲ့နေရာတော်တော် များများကို စစ်တပ်က စီးထားနေပြီ"

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

“လောလောဆယ်တဲ့ ရှိတဲ့ဆရာ၊ ဆရာမတွေက အဆင်ပြေအောင်ကုသပေးထားပါတယ်။ ပစ်တာကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးပစ်တာ။ တကယ်တမ်းက PDF တွေမဟုတ်ဘဲ အရပ်သား ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်နေတာ”

အရက်ဆိုင်ဖောက်ပြီး အရက်သောက်နေတဲ့ ရဲနဲ့ ပျူစောထီး တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲမှာ မြစ်ခြေမြို့၊ မြို့မရပ်ရဲစခန်းကနေ ထွက်လာတဲ့ ရဲနဲ့ ပျူစောထီး အင်အား ၁၅ ယောက်ဝန်းကျင်က မြို့မရပ်ကွက်၊ ဈေးဟောင်းပန်းခြံနားက တိုက်အမြင့်တွေမှာ နေရာယူထားကာ အဲဒီထဲက ၆ ဦးလောက်က ပန်းခြံအနီး အရက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကိုဖောက်ကာ အရက်သောက်နေတဲ့အချိန် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန် (ရုပ်/သံ)

တိုက်ခိုက်ရာမှာ ၁၀၀ မမ၊ ၁၂၀ မမ၊ ၁၃၀ မမ လက်နက်ကြီးတွေနဲ့ မီတာ ၅၀၀ လောက်ကနေ ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

မနက် ၉ နာရီမှာ တံတားဦးနဲ့ မုံရွာလေတပ်ဘက်ကလာတဲ့ Y-12 ပေါ်ကနေ နာရီဝက်လောက် ဗုံး ၉ လုံးကြဲခဲဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ၊ ည ၁၀ နာရီမှာ Y-12 နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ချောင်းဦး ကံကြီးကုန်းပျူစောထီးရွာကို PDF တွေ ၂ ရက်ဆက်တိုက်ခိုက် ၇ ဦးသေဆုံးဟု ဆို (ရုပ် /သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်းက အင်အား ၁၀၀ ကျော်ရှိတဲ့ ကံကြီးကုန်း ပျူစောထီးရွာကို PDF ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ၄၀ မမ၊ ၈၀ မမ တွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Monywa Inventor အဖွဲ့က တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောပါတယ်။

မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို (ရုပ်/သံ)

စက်တင်ဘာ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မင်းနေကုန်းရဲစခန်းဘက်ကို ဆက်သွယ်ထားတဲ့ မီးကြိုးပြတ်သွားတာကို လာပြင်ဖို့အတွက် စက်တင်ဘာ ၁၀ ရက်မှာ စစ်တပ်ကလုံခြုံရေးယူဖို့ ကင်းပုန်းလာချစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ (ရုပ်/သံ)

“ပိုက်ဆံထွက်ကောက်နေတဲ့ ၃ ဦးနေရာကို တည့်တည့်ကျတယ်။ ကျနော်တို့ရဲဘော်တွေက ထပ်ပြီး ဂန်းငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ ၃ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့‌ကောင်တွေလည်း ဒဏ်ရာရတာရှိတယ်။”

မြင်းခြံနယ်ထဲတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းထိပြီး ၁ ဦးသေဆုံး သေနတ် ၁ လက်ရ

မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး ကျန်ထိခိုက်မှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ နယ်မြေရှင်းလင်းချိန်မှာ G3 သေနတ် ၁ လက်နဲ့ ၇.၆၂ မမ ကျည် ၁၂ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ Myingyan Black Tiger MBT အဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း အုပ်ကြီး ၁ဦး အသတ်ခံရပြီး အလောင်းလာကောက်သူတွေနဲ့ပစ်ခတ်မှုဖြစ်

“အလောင်းလာကောက်မှာသိလို့ မိုင်းထောင်ထားပြီး အေးမြသာယာ(ရွာ)က **အလာကို စောင့်နေတုန်း သူ့(ကိုသက်ကြီး)အမျိုး ပျူစောထီးတွေသေနတ်တွေနဲ့‌ရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ”

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်

"တိုက်ပွဲက အခုထိဆက်ဖြစ်နေတုန်းပဲဗျ။ မြို့ကိုရဖို့ ကြိုးစားနေကြတုန်းပဲ။ စစ်တပ်ဘက်က အင်အားခန့်မှန်း မရဘူး။ မနေ့ည ၉ နာရီလောက်ကို Y-12 တစီးနဲ့ လက်နက်ပစ္စည်းတွေ ထောက်ပံ့ထားသေးတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10