ဆင်ဖြူကျွန်းမြို့တိုက်ပွဲအပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်လာသူတွေကို PDF စောင့်ရှောက်ထား
"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"
"ကျေးရွာပြည်သူတွေက လန့်ဖြန့်ပြီးတော့ ရှောင်မယ်တိမ်းမယ် ကျနော်တို့ကြားသိတော့ ကားတွေနဲ့ စစ်ဘေးလွတ်ရာကို ခေါ်ဆောင်ခဲ့တာပါ"
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီနဲ့ပျူတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ရွာခံပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ရှားလွင်ရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ်နဲ့ တိရစ္ဆာန်တွေကိုလည်း ထိမှန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
" တိုက်ပွဲပြီးချိန်လောက်မှာ လေယာဥ်ကလာပြီး ဗုံးကြဲတာ။ ၅ ခါလောက်ပတ်ပျံပြီး ၄ ကြိမ်ဗုံးကြဲသွားတာ။ ဗုံးက ဘုရားတောင်ရွာထဲကို ကျတာလည်းရှိတယ်။ တိုက်ပွဲဖြစ်ချိန်မှာလည်း စကစဘက်က လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။"
“တိုက်ပွဲဖြစ်လာရင်တော့ ပျက်စီးမယ်၊ သေကြမယ်ဆိုတာတော့ သိပါတယ်။ ကျနော်တို့လူငယ်တွေက အကြောင်းမဟုတ်ဘူး။ အသက်ကြီးတဲ့ မိဘတွေကျ မပြေးနိုင်မလွှားနိုင်ဘူး၊ အဲ့ဒါကြောင့် ပြောင်းရွှေ့ရတာပါ။”
စက်တင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၉ လုံး၊ ၂၂ ရက်မှာ ဗုံးသီး ၁၁ လုံးနဲ့ ၂၃ ရက်မနက်ပိုင်းမှာပါ ဗုံးကြဲချခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်ညီနောင် PDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းမှာ ရေတာရှည်နဲ့ ဆွာမြို့က စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် PDF ၉၀၁ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။
"ဒရုန်းနဲ့က မြေပြင်ဝင်ရောက်မတိုက်ခိုက်ခင်အချိန်ထိ ဗုံးကြဲချခဲ့တာ။ စစ်**တွေ အထိုင်ချနေတဲ့ အထက်တန်းကျောင်းနေရာတွေ၊ ရွာလယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်တိုးအိမ်၊ ရွာတောင်ဖျားမှာရှိတဲ့ ဘန်ကာတွေကို အဓိကထားဗုံးကြဲခဲ့တာ"
တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က သေဆုံးသူ ၂ ဦးကိုတော့ ရဲဘော်တွေ ကိုယ်တိုင်မြင်ခဲ့ရပြီး ၁၀ ဦးဝန်းကျင်ဒဏ်ရာရတဲ့အကြောင်းကို ဒေသခံပြည်သူအချို့ရဲ့ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ ရွာတွေက ဒေသခံပြည်သူအများစုက ဗုံးကြဲတဲ့အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်ကြပြီး ကျန်နေခဲ့တဲ့ဒေသခံတွေကလည်း စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာတော့ အားလုံးစစ်ရှောင်လာကြတယ်လို့ ထန်းငယ်တောရွာခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
လက်ရှိအထိ နှစ်ဖက်တပ်တွေအကြား အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း ဆင်ဖြူကျွန်းမြို့ အုတ်ဖိုရပ်ကွက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ ရပ်ကွက်နေပြည်သူတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲတပ်သား ၃ ဦးသေဆုံးတာကို ရဲဘော်တွေကိုယ်တိုင် အတည်ပြုနိုင်ခဲ့ပြီး ညောင်ဦး မြို့နယ် ဒုရဲမှူး ဝင်းဆန်း၊ မြို့နယ် စရဖအရာရှိ တင်ထွန်းအောင်၊ မြို့နယ် နယ်ထိန်းခေါင်းဆောင် ချစ်မိုး အပါအဝင် ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းကနေထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁၅ စီးကို ချင်းတွင်းမြစ်ကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
“သေဆုံးကတော့ မျက်မြင်ကို ၃ ကောင် တွေ့တယ်ဗျ။ (ကားပေါ်မှာ) ဒုရဲမှူးနဲ့ နယ်ထိန်းရဲခေါင်းဆောင်တို့ ပါတယ်လို့တော့ သိရပါတယ်။ သူတို့ကတော့ ဒဏ်ရာပဲရတယ်လို့ ကျနော်တို့ ကြားသိထားရတယ်။”
ခလရ ၂၅၃၊ ၂၅၄ က စစ်သားတွေနဲ့ ပွင့်ဖြူမြို့နယ် ဆင်လူးရွာက ပျူစောထီးတွေပေါင်းထားတဲ့ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ စလင်းမြို့ကနေ ငလင်ပန်းရွာကိုထွက်လာချိန် ရွာထိပ်အရောက် နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးသီး ၅ လုံးအထက်ကြဲချခဲ့တာလို့ ဆိုပါတယ်။