တိုက်ပွဲ

မြိုင် စက်မှု ၂ က စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦးအပါ ၄ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

“ပထမ ၄ ဦးက လက်နက်မပါဘူး၊ နောက် ၃ ဦးက လက်နက်ပါလာလို့ အသေပစ်ခတ်ပြီး လက်နက်ရယူနိုင်ခဲ့တယ်။ သေဆုံးတဲ့အချက်အလက်ကိုတော့ မရခဲ့ဘူး။”

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မတ္တရာနယ်ထဲကို စစ်တပ်ကစစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ် ■ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ပစ်လို့ လူ ၅ ဦးသေဆုံးထား

"မတ္တရာအနောက်ခြမ်းကို သူတို့နယ်မြေစိုးမိုးမှုလိုချင်လို့ ပြန်ကြိုးစားနေကြတာ ကြာပြီ။ အခုလည်း အဲဒါကြောင့် စစ်ကြောင်းထိုးတာ။ လက်နက်ကြီးနဲ့ပစ်တာကတော့ တပတ်နီးပါးရှိနေပြီ "

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးဟုဆို

" ဒီနေရာမှာ မိုင်းတွေဆွဲနေတယ်ဆိုပြီး မိုင်းရှင်းလင်းရေးဝင်တယ်။ စစ်ကား ၂ စီးနဲ့ လာတယ်ပေါ့။ အောက်ကိုဆင်းပြီး မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန်မှ ကျနော်တို့က မိုင်းဆွဲခဲ့တာပေါ့။ အဲဒီအချိန် ထိလည်းထိတယ်။ သူတို့ဘက်ကရမ်းသမ်းပြီး ကျနော်တို့ရဲဘော်တွေကို လိုက်လည်းပစ်တယ်ဗျ။ ကျနော်တို့ရဲဘော်တွေ ဖိနပ်တောင်မပါခဲ့ဘူး။ ထွက်ပြေးခဲ့ရတာ။"

ကံဇီးရွာကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းတချို့ကိုဖမ်းမိကာ လက်နက်ခဲယမ်းတွေပါရရှိခဲ့

“လက်နက်ခဲယမ်း ရတယ်၊ သုံ့ပန်းရတယ်။ ကံဇီး ပျူရွာထဲကနေ ထွက်လာဖို့ ထုတ်ပြန်ထားတာကြာပြီ။ ခုချိန်ထိအောင် နေနေဆဲ၊ လက်နက်မကိုင်ဘဲ ပျူရွာထဲမှာ နေတဲ့သူ ၃၀ ကျော်ရယ်၊ ရခ ၁ ကောင်ရယ်၊ လက်နက်တွေရယ် ရတယ်။”

ဒီပဲယင်းမြို့က စစ်တပ်ရဲ့နေရာ ၅ ခုကို တပြိုင်နက်တိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

“သူတို့ မြို့ထဲမှာပဲနေတာ။ ကျနော်တို့ အရင်တခါစခန်းသိမ်းပြီး အခု ပြန်နေတာဆို ၁ လလောက်တော့ ရှိသွားပြီ။ တနေရာမှာ အင်အား ၂၀ လောက်ရှိတယ်။ ပစ်ခတ်မှုအတွင်း သူတို့ဘက်ကလူတွေကို ဆွဲခေါ်သွားတာတွေကို မျက်မြင်တွေ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ”

မဒေါင်းလှရွာက စစ်သားနဲ့ပျူတွေ ရွာကထွက်ပြေး၊ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန် မိုင်းကွဲလို့ PDF ၅ ဦးဒဏ်ရာရ

“မနေ့က ပထမဦးဆုံး ရှင်းလင်းရေးအဖွဲ့ ဝင်တာ။ ဝင်တဲ့အခါကျတော့ မဒေါင်းလှရွာ စာသင်ကျောင်းရှိတယ်။ စာသင်ကျောင်းနဲ့ မီတာ ၅၀ လောက်အကွာမှာ နင်းမိုင်းတွေမြှုပ်ထားတာ။ အဲ့ဒီနင်းမိုင်းတွေကို နင်းမိတာ။ ရဲဘော် ၂ ယောက်ကတော့ ခြေထောက်ပေးဆပ်လိုက်ရတယ်။”

မလည်ရွာတိုက်ပွဲမှာ စစ်အုပ်စုဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့

“မနေ့ကတည်းက မနက်ခင်းမှာရော လေကြောင်းတိုက်ခိုက်မှု တမနက်လုံးလုပ်တယ်။ ပြီးတော့ ဒီမနက်လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာ။ အခုချိန်ထိ စက်သေနတ်တွေရော ရော့ကတ်တွေရော ဗုံးသီးတွေရော ကြဲတယ်။ လေကြောင်းပစ်ခတ်မှုက တခါလုပ်ရင် နာရီဝက်ကြာတယ်။ အိမ်တွေတော်တော်များ မီးလောင်တယ်၊ ဘုရားတွေလည်း ပျက်စီးတယ်။”

ကင်းပတ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး ၆၀ မမ ဗုံးသီးနဲ့ ဖုန်း ၁ လုံး ရရှိ

“ကျနော်တို့တွေက အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာ။ ရှေ့ကကျွံလာတဲ့ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီထဲက ၁ ဦးကတော့ နေရာမှာတင်သေဆုံးသွားတယ်။ သေဆုံးတဲ့လူက ပျူစောထီးဖြစ်နိုင်ပါတယ်။ ကျန်တဲ့ကောင်တွေကလည်း ဒဏ်ရာရပြီးပြန်ဆုတ်သွားတယ်။”

အုတ်ဖိုမှာ ရဲတပ်ဖွဲ့ ဝင်တွေတိုက်ခိုက်ခံရပြီး စခန်းမှူးနဲ့ ရဲသတင်းပေးဆိုသူ သေဆုံး

"နေ့ရောညပါ လူဖမ်းပွဲလုပ်နေကြတယ်။ ပိုက်ဆံမပေးနိုင်တဲ့သူဆို ဖမ်းတယ်။ အဲ့ဒီနယ်မှာ မတရားဖမ်းဆီးတာတွေရှိနေလို့ ရှင်းခဲ့တာပါ။ စခန်းမှူးရော ကိုသက်ပါ သေတယ်"

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ သားအမိ ၂ ဦးဒဏ်ရာရ

“(ချင်းတွင်းမြစ်ထဲမှာ) တံငါစက်လှေတွေလာတာကို PDF လာတာထင်ပြီးပစ်တာ၊ အိမ်ထဲမှာရှိတဲ့ မိခင်ဖြစ်သူနဲ့ သမီးဒဏ်ရာရတယ်၊ အိမ်ခေါင်မိုးလည်းပွင့်သွားတယ်၊ မိခင်ကတော့ မျက်လုံးမျက်ဆံ ဒဏ်ရာရပြီး ကလေးကတော့ ဒဏ်ရာရပေမဲ့ စိုးရိမ်ရတဲ့အနေအထား မရှိပါဘူး။”

ခြုံကြီးရွာ စီးနင်းခံရမှုမှာ PDF တွေအပါ ၅ ဦးကျဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးသေဆုံး

"သူတို့က (စကစ) ယူနီဖောင်းလည်းမပါတော့ ကျနော်တို့မဟာမိတ်တွေအနေနဲ့ ဝင်လာတယ်ပဲ ကင်းသမားတွေက ထင်လိုက်တာ။ အဲ့ဒီအချိန်မှာ ရင်း ၃ အိုင်အို ကိုဖက်တီးနဲ့ ခရိုင်ပကဖက ကိုအီးတီတို့က မုန့်စားဖို့ထွက်လာတာ။ မင်းတို့ဘယ်သွားမှာလဲလို့ လှမ်းမေးတော့ ကိုဖက်တီးက ကျနော် ရင်း ၃ ကပါလို့ ပြန်ပြောလိုက်တယ်။ ရင်း ၃ ကဆို မှောက်ဆိုပြီး ဖမ်းသွားတာ။ အဲ့ဒီအချိန်မှာအကုန် ဝရုန်းသုံးကား ဖြစ်သွားတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ရွာရဲ့နေရာတော်တော် များများကို စစ်တပ်က စီးထားနေပြီ"

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

“လောလောဆယ်တဲ့ ရှိတဲ့ဆရာ၊ ဆရာမတွေက အဆင်ပြေအောင်ကုသပေးထားပါတယ်။ ပစ်တာကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးပစ်တာ။ တကယ်တမ်းက PDF တွေမဟုတ်ဘဲ အရပ်သား ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်နေတာ”

အရက်ဆိုင်ဖောက်ပြီး အရက်သောက်နေတဲ့ ရဲနဲ့ ပျူစောထီး တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ (ရုပ်/သံ)

စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခွဲမှာ မြစ်ခြေမြို့၊ မြို့မရပ်ရဲစခန်းကနေ ထွက်လာတဲ့ ရဲနဲ့ ပျူစောထီး အင်အား ၁၅ ယောက်ဝန်းကျင်က မြို့မရပ်ကွက်၊ ဈေးဟောင်းပန်းခြံနားက တိုက်အမြင့်တွေမှာ နေရာယူထားကာ အဲဒီထဲက ၆ ဦးလောက်က ပန်းခြံအနီး အရက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကိုဖောက်ကာ အရက်သောက်နေတဲ့အချိန် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန် (ရုပ်/သံ)

တိုက်ခိုက်ရာမှာ ၁၀၀ မမ၊ ၁၂၀ မမ၊ ၁၃၀ မမ လက်နက်ကြီးတွေနဲ့ မီတာ ၅၀၀ လောက်ကနေ ပစ်ခတ်ခဲ့ချိန် စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရခဲ့တာလို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေ

မနက် ၉ နာရီမှာ တံတားဦးနဲ့ မုံရွာလေတပ်ဘက်ကလာတဲ့ Y-12 ပေါ်ကနေ နာရီဝက်လောက် ဗုံး ၉ လုံးကြဲခဲဲ့ပြီး ၉ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ၊ ည ၁၀ နာရီမှာ Y-12 နဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10