တိုက်ပွဲ

အမြန်လမ်းက စစ်တပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးအပါ ၂ ဦးဖမ်းမိ

“စခန်းကို သိမ်းဆည်းရမိလိုက်တယ်။ စကစဘက်က ၅ ဦးသေတယ်။ အရှင်ဖမ်းမိတဲ့ထဲမှာ တပ်မ ၉၉ က ဗိုလ်ကြီး ၁ ယောက်ပါတယ်။ အဲ့စခန်းက ပုံမှန်ဂိတ်စခန်းတွေနဲ့ မတူဘူး။ တပ်မ ၉၉ နဲ့ ရေတပ်က လူတွေကို ပေါင်းပြီးထားတာများတယ်။”

ခရီးသွားကားတွေကို ပိုက်ဆံတောင်းနေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

“လက်နက်ကြီးနဲ့ပစ်တာ ၃ လုံးက စခန်းကိုကျော်ကျပြီး ကျန်တဲ့အလုံးတွေက စခန်းထဲကိုကျတယ်။ (ဒရုန်းနဲ့) ဗုံးကြဲမှုမှာတော့ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးတယ်။”

လက်ပံတန်းမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

“တိုက်ပွဲက အသာစီးရပြီး အလောင်းတွေလည်း မြင်နေရပြီ။ လက်နက်ကောက်မလို့လုပ်တဲ့ အချိန်မှာ သူတို့ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့တိုက်ခိုက်လာလို့ ကျနော်တို့တပ်ခွဲမှူးတဦးလည်း ဒဏ်ရာရသွားတယ်၊ အဲဒါနဲ့ နောက်ပြန်ဆုတ်ခဲ့ရတာ။”

ပန်းတောင်းမြို့နယ် ရခိုင်ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ရိုးမပေါ်ကိုတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star ကပြောပါတယ်။

ကြို့ပင်ကောက်က နယ်မြေရဲစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

“ကျနော်တို့က စခန်းရဲ့ မျက်စောင်းထိုး ကိုက် ၁၅၀ နေရာလောက်ကပစ်တာပါ။ စခန်းထဲမှာလည်း မီးတွေကဖွင့်ထားတာ။ စစ်ယူနီဖောင်းဝတ်တယောက် လဲကျသွားတာကို မြင်လိုက်ရတာ။“

ချောင်ဦးနယ်၊ ကံကြီးကုန်းရွာ ပျုစောထီးစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေ

“မနက် ၇ နာရီထဲက ဟောင်ဝစ်ဇာတွေနဲ့ ထုနေတာ၊ ဂျက်ဖိုက်တာနဲ့လည်း ပစ်တယ်။ လောလောဆယ်တော့ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ချောင်းဦးမှာ အင်အားအကြီးဆုံး ပျူရွာက ကံကြီးကုန်းပဲ။”

လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

"စကစ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်က အထိနာထားတော့ အခဲမကျေဘဲ ထပ်ဝင်လာရာကနေ တနေကုန် တိုက်ပွဲဖြစ်တာ။ ညနေလောက်မှာ စကစဘက်က အင်အားထပ်တိုးလာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာ။"

ဒေသခံ ၃ ဦးကိုသတ်ခဲ့တဲ့ ကန့်ဘလူနယ်က စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

"သူတို့ဘက်က အလောင်းကတော့ သုံးလောင်းတွေ့တယ်။ လက်နက်ကတော့ တပ်ရင်းကသိမ်းသွားတာဆိုတော့ ၁၀ လက်ကျော် ခန့်မှန်းရတယ်။ ဆိုင်ကယ်ငါးစီးနဲ့သယ်သွားတာ။ ကျနော်တို့နဲ့ တဖက်စီဖြစ်နေတာဆိုတော့ မသိလိုက်ဘူး။ ကျနော်တို့က နောက်မှရှင်းလင်းရေးပြန်ဝင်ရတာ။ အလောင်းတွေကတော့ ဒီအတိုင်း လယ်ထဲမှာပက်လက်ပဲ"

ကျွဲတလင်းရွာ လေကြောင်းနဲ့ဗုံးကျဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး ၄ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေပျက်စီး

“လေယာဉ်နဲ့ လုပ်မှတော့ ပြည်သူတွေက ကြောက်ရွံ့ကြတာပေါ့။ အများစုကတော့ ရှောင်ကြတာပေါ့ ။ စာသင်ကျောင်းကိုလာကြဲတဲ့အခေါက်မှာ ကံကောင်းသွားတာက ညဘက်ဆိုတော့ ကလေးတွထိခိုက်တာတွေမရှိတာ ” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းက အမျိုးသား ၃ ဦးသတ်ပြီး ၂ ဦးကိုဖမ်းထား

"စကစနဲ့ ပျူတွေပေါ့။ ဦးကင်းကြည်ရွာက အိမ် ၆၀ ကျော်ကို မီးရှို့သွားတယ်။ ရွာထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးကိုလည်းသတ်သွားတယ်။ ရွာက ဆန်တွေ၊ ဆီတွေကိုလည်း တိုက်သွားတယ်။"လို့ ကန့်ဘလူမှ တော်လှန်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်းအပါ တပ်စခန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

“စတိုက်တုန်းက ရဲစခန်းထဲမှာ ရှိနေသေးတယ်။ ဘန်ကာတွေ အခိုင်အမာဆောက်ထားတော့ နည်းနည်းကြာသွားတာ။ ရှင်းလင်းရေးကတော့ သူတို့ဆုတ်သွားမှ ဝင်ကြတာ။ အထဲမှာတော့ လေယာဉ် ဗုံးနဲ့ Drop ဗုံးကြောင့် တော်တော်များများ ပျက်စီးသွားပြီ၊ ရှင်းလင်းရေးလုပ်ပြီး ရဲစခန်းတခုလုံးတော့ မီးရှို့ထားတယ်။”

ငဖဲမှာ ကင်းပတ်ထွက်လာတဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

" ကင်းထွက်လာတာနဲ့ ရုတ်တရက် တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ စစ်သား ၂ ဦးသေတယ်။"

သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးတဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဩဂုတ် ၂၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးတဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဩဂုတ် ၂၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

"(စစ်ကောင်စီက)ဗုံးတွေ တလုံးပြီးတလုံး ကြဲချတယ်။ ပြည်သူတွေလည်း ရွာမှာမနေရဲလို့ စစ်ရှောင်နေရတယ်။ လက်နက်ကြီးနဲ့လည်း နေ့ရောညပါ ပစ်တယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးပါဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10