သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးစခန်းကနေ စစ်ကောင်စီတပ်သား ၃၀ ခန့်မတ် ၁၁ ရက်ဒီကနေ့မှာ ထွက်ပြေးလာခဲ့ကြတယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သား ၃၀ ခန့်ဟာ ညောင်ကျိုးကျေးရွာအနီးရှိ ချောင်းလမ်းကြောင်းကနေ ညောင်ခြေထောက်ကျေးရွာရှိ ကပစ ၆ တပ်နယ်ထဲကို ထွက်ပြေးသွားကြတာလို့ ဆိုပါတယ်။
"အခုက ညောင်းကျိုးကနေ ပြေးနေတာ။ ဒီနေ့ကိုပြေးလာတာ ၃၀ ရှိတယ်။ ချောင်းထဲအတိုင်း ခြေလျင်ပြေးလာတာပေါ့။ ညောင်ခြေထောက်ရွာကိုတည့်တည့်ပဲ။ စခန်းကနေ လက်နက်ကြီး တောက်လျှောက်ပစ်နေတယ် "လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုအတည်ပြုပြောဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာ ညောင်ကျိုးတိုက်ပွဲကို Mi-35 ရဟတ်ယာဥ် ၁ စီးနဲ့ ၁၀ မိနစ်ခန့်ကြာ ပစ်ကူပေးခဲ့သလို ၂၇ မိုင်စခန်းဘက်ကနေလည်း လက်နက်ကြီး နဲ့ တောက်လျောက်ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
"စကစတွေက ညောင်ခြေထောက်လမ်းအတိုင်း အောက်(ကို)စုန်ဆင်းတာ။အဲ့တလမ်းပဲရှိတယ်။ တောထဲ၊ ချောင်းထဲကပြေးပြီးတော့ပြန်ထွက်မလာပဲ နီးစပ်ရာ တဲတိုက်တွေ ၀င်နေကြတဲ့ သူ(စကစ)တွေလည်း ရှိသေးတယ်။ ရှောင်နေကြတာပေါ့"လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ကျိုးကျေးရွာရှိစစ်ကောင်စီတပ်ရဲ့ ပင်မကုန်းစခန်းမှာ ညောင်ခြေထောက်ကျေးရွာရှိ ကပစ ၆ နဲ့ ၁၀ မိုင်ခန့် ဝေးသလို ဥသျှစ်ပင်မြို့နဲ့ မိုင် ၂၀ ခန့်ကွာဝေးပါတယ်။
အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညောင်ကျိုးစခန်းတိုက်ပွဲမှာ မတ် ၁၁ ရက်ဒီကနေ့အထိပြင်းထန်နေပြီး စစ်ကောင်စီတပ်က မှော်ဘီမြို့ အခြေစိုက် ခမရ တပ်ရင်း ၃ ရင်းကို ပို့ဆောင်ကာ ခုခံနေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမရှိ ရခိုင်ရိုးမပေါ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မိုးထိတောင်၊ ပန်းကန်ကွဲ၊ တောင်ပုံကြီး၊ နတ်တောင်ကုန်းတို့ကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ပုံစာ - တောင်ကုတ်ကားလမ်းကို အမှီပြုစီးပွားရှာရသည့် ညောင်ကျိုးကျေးရွာ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ညောင်ကျိုးစခန်း #စစ်ကောင်စီထွက်ပြေး
Share Share Share