တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့က စစ်ကောင်စီလက်အောက်ခံ တမူးမြို့နယ်  ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်မနက် ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

အာရှလမ်း၊ စော်ဘွားရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရွေးကော်ရုံးကို တော်လှန်ရေးအင်အားစုတွေဘက်က စီးနင်း မီးရှို့ခဲ့တာဖြစ်ပြီး နာရီဝက်နီးပါးအကြာ မီးလောင်ကျွမ်းခဲ့လို့ ရုံးတွင်းစာရွက်စာတမ်းတွေနဲ့ ရုံးအဆောက်အဦမီးလောင်ပျက်ဆီးခဲ့တယ်လို့ တမူး ABSDF တပ်ရင်း ၅ မှတာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

''စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲစာရွက် စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက်ကြာတယ်။ စာရွက် စာတမ်းတွေအကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်းပျက်ဆီးတယ်'' လို့ ပြောပါတယ်။ 

စစ်ကောင်စီရွေးကော်ရုံးမီးရှို့ဖျက်ဆီးတာကို တမူး ABSDF တပ်ရင်း ၅ နဲ့ တမူးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တမူးက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပြီး ဒီဖြစ်စဉ်နဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10