Wai Lin

စာနာမှုနှင့်ချိတ်ဆွဲထားသော “ငှက်သောက်အိုး”များ (ရသစာတမ်း)

အညာသူအညာသားဟာ အတွင်းစိတ်မနောသိပ်ဖြူရှာတယ်။ စာနာမေတ္တာတရားသိပ်ပေါကြွယ်ဝတယ်။ ဘယ်လောက်တောင် စိတ်ထားဖြူစင်မေတ္တာတရားရှိသလဲဆို ပူပြင်းလှတဲ့ အညာနွေအောက် လူတွေ ရေဆာကြသလို သဘာဝတောနေတောထိုင် ငှက်ကလေးတွေလည်း ရေဆာနေမယ်ဆိုပြီး နေပူပူထဲ မနေနိုင်မထိုင်နိုင် တွေးပူတဲ့အမျိုးပါပဲ။

"စာသင်ရင်မီးရှို့မှာပဲဆိုပြီး ကြောက်ကြတယ်" (ဆောင်းပါး)

“စစ်ကြောင်းလာရင် ပြေးလွှားရှောင်ရတိမ်းရတော့ ရွာမှာရှိတဲ့ အိမ်တွေကလည်း သူတို့ဆီမှာ မဖွင့်စေချင်ဘူးပေါ့ဗျာ။ မသင်စေချင်လို့ မဟုတ်ဘူး။ ချောင်းဦးကြီးမှာလည်း မီးတွေရှို့တော့ သူတို့ဆီမှာလည်း စာသင်ရင်မီးရှို့မှာပဲဆိုပြီးကြောက်ကြတယ်။”

ချင်းအမျိုးသားနေ့အထိမ်းအမှတ် ACNFC ထံ မိတ်ဖက်လက်နက်ကိုင် အင်အားစုတွေ သဝဏ်လွှာပို့၊ ဘုံရည်မှန်းချက် နှစ်ရပ်နဲ့ ရှေ့ဆက်မယ်လို့ဆို

“လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကျနော်တို့ တိုင်းရင်းသားတွေဟာ အထူးသဖြင့် ကျနော်တို့ အရှိုချင်းတိုင်းရင်းသား လူငယ်တွေကလည်း မြေပြင်မှာ လုပ်ဆောင်နေကြတယ်။ မြေပြင်မှာလည်း ACDF အတူလုပ်ဆောင်နေကြပါတယ်လို့ ပြောကြားလိုတယ် အထူးသဖြင့် ရှေ့ဆက်ပြီး ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင်ရောက်အောင် လုပ်ဆောင်သွားမယ်ဖြစ်ပါတယ်”

နွေဦးရဲ့ ရဲရဲနီပန်းတပွင့် (သို့မဟုတ်) စစ်မြေပြင်ထဲက တကိုယ်တော်အမျိုးသမီးသူနာပြု

တောနေထူထပ်သလို တောင်ဆင်းတောင်တက် ကြမ်းတမ်းမတ်စောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသအတွက် ကျန်းမာရေးဖြေရှင်းဖို့ရာ သာမာန်ကျန်းမာရေးအသိရှိသူ တဦးနှစ်ဦးကသာ ဆေးထိုးပေးနေသည်။ တခြားနည်းကတော့ တိုင်းရင်းသားရိုးရာကုထုံးများနှင့် ဗိန္ဓောဆရာ တို့သာရှိသည်။ ဒေသတခုလုံးတွင် စနစ်တကျသင်ကြားတတ်မြောက်လာသည့် ကျန်းမာရေးမှူး၊ သူနာပြု၊ ဆရာဝန် မရှိပေ။ ဌာနတိုင်းရင်းသားများအတွက် ကျန်းမာရေးကိစ္စခက်ခဲသည့်အနေအထားတွင် တိုက်ပွဲဝင်စစ်မြေပြင်ထဲက ရဲဘော်များအတွက်တော့ ကုရာနတ္တိ ဆရာဝန်မရှိအခြေနေ။ ထိုအခြေအနေမှာပဲ သူနာပြုလိုအပ်ချက်အရ မမီးမီး သံတောင်ဒေသကို ရောက်သွားခဲ့သည်။ ထိုနေ့က ...

ချင်းတောင်တန်းကိုရွှေ့ပြောင်းလာရတဲ့ အပူပိုင်းစစ်ရှောင်တွေရဲ့ ဆောင်းဦးပေါက်ချိန်

ထရံကာဝါးခြမ်းခင်း နှီးသက္ကယ်မိုးထားတဲ့ စစ်ရှောင်တန်းလျားတွေအဖို့ လောကဓါတ်ရှစ်ခွင် အရပ်မျက်နှာ ပေါင်းစုံက တိုးဝှေ့ဆော့ကစားနေတဲ့ ဆောင်းလေအေးကို အကာကွယ်မပေးနိုင်ခဲ့ကြပါဘူး။ ကြမ်းကြားကနေ တိုးနေတဲ့လေကြောင့် ခင်းထားတဲ့ ဖျာကြမ်းကလည်း အသားနဲ့ထိလိုက်တိုင်း အေးလို့ကျဉ်နေကြတယ်။

ဩဇာသီးချိန် ပြည်အလွမ်း (အသံလွှင့်ဆောင်းပါး)

ပြည်မြို၊ တစ်ချိန်က နှစ်ထပ်သင်္ဘောကြီးတွေဝင်ထွက်သွားလာစုန်ခဲ့၊ ဆန်ခဲ့။ အညာကုန်တွေပေါခဲ့။ ဧရာဝတီမြစ်ဟာ လှပညင်သာစွာစီးရင်း စတုတ္ထမြစ်ကျဉ်းတိုလည်း ဖြစ်ပေါ်ခဲ့ရာ။ သြဇာသီးများချိုမြိန်ခဲ့ရာ။ သြဇာသီးတွေရင့်မှည့်ချိန်မှာတော့ ပြည်ကိုရောက်အောင်သွားမယ်။ ဧရာဝတီအနောက်ဘက်ကမ်းက တောင်ယာတဲတွေဆီ သွားမယ်။ သြဇာသီးတွေတောင်းစားရင်း သူတိုနဲ့စကားစမြည်ပြောရင်း တနှစ်စာအလွမ်းကို ဖြေဖျောက်မယ်။ သြဇာသီးတွေ လှိုင်လှိုင်သီးပါစေ။ တောသူမကြီးတွေ ကျန်းမာရေးကောင်းပါစေ။ ပျော်ရွှင်ကြပါစေ။

"မန်ကျည်းပင်တန်းမှာ သူကျသွားတာ အခုထိမကျွတ်သေးဘူး" (အသံလွှင့်ဆောင်းပါး)

“ကျနော့်ကို အိမ်မက်ထဲမှာ လာလာပြောတယ်။ သူကနှမ်းခါးရွာထိပ်မှာ ကင်းစောင့်နေပါတယ်ဆိုပြီး အမြဲတမ်းပြောတယ်။ သူမကျွတ်သေးဘူး” လို့ ကိုဗေက သူကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်ကို ပြောပြသည်။ အခုတော့ ကိုပသိုင်းမရှိတော့ပါ။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းတွင် အသက်ပေးခဲ့ရပြီဖြစ်သည်။ နှမ်းခါးရွာမန်ကျည်းပင်တန်းလေးတွင် ကျန်ရစ်ခဲ့သည်။

ကြက်ဥပြုတ် လက်ဖက်သုပ် နဲ့ ထမင်းချိုင့်ထဲက ကလေးငယ်တွေ

ဓါတ်ပုံလေးရဲ့ ဖြစ်စဉ်ကို ကြားသိမြင်တွေ့လိုက်ရတော့ ပိုလို့ နာကျင်ရပြန်တယ်။ ကလေးဘဝမှာ နွမ်းပါးချို့တဲ့စွာနဲ့ ကျောင်းတက်ခဲ့ရတဲ့ ကျနော်အဖို့ ဓါတ်ပုံထဲက မြင်ကွင်းမျိုးဟာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ တိုင်အောင် အာရုံခြောက်ပါးလုံးမှာ စွဲငြိနေခဲ့တာပါ။

မီးခိုးမထွက်ဘဲစီးပွားဖြစ်နေတဲ့ မန်ကျည်းပင်တွေကို ခုတ်ရောင်းဖို့တန်ရဲ့လား (ဆောင်းပါး)

ဆရာမကြီးလူထုဒေါ်အမာက “အညာနဲ့တမာ” ဆိုတဲ့စကားပြေမှာ မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန် လို့ဆိုပါတယ်။ ပြီးတော့ မန်ကျည်းပင်ရဲ့ အကျိုးပြုပုံကို ဘက်စုံထောင့်စုံကနေ တဖွဲ့တနွဲ့ရေးခဲ့ပါတယ်။ အဆုံးသတ်မှာတာ့ “မန်ကျည်းပင်တွေကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်”ဆိုပြီး မေတ္တာရပ်ခံပါတယ်။

“မန်ကျည်းပင်တန်းမှာ သူကျသွားတာ အခုထိမကျွတ်သေးဘူး” (သတင်းဆောင်းပါး)

“ကျနော့်ကို အိမ်မက်ထဲမှာ လာလာပြောတယ်။ သူကနှမ်းခါးရွာထိပ်မှာ ကင်းစောင့်နေပါတယ်ဆိုပြီး အမြဲတမ်းပြောတယ်။ သူမကျွတ်သေးဘူး” လို့ ကိုဗေက သူကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်ကို ပြောပြသည်။

မကြည်ပြာ စားအုန်းဆီခွဲတမ်း မရခဲ့ပါ (လူမှုဘဝ)

ယနေ့အဖို့ ရပ်ကွက်များ၏ ဘယ်အပိုင်းတွင် စားအုန်းဆီခွဲတမ်းနှင့် ရောင်းပေးမလဲဆိုတာ မကြည်ပြာ တယောက် လမ်းထိပ်ထွက် စုံစမ်းသည်။ လက်ထဲတွင်လည်း ရေသန့်ဗူးခွံအလွတ်တလုံးကို အသင့်ယူလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဗူးခွံအလွတ်တွေ ကိုင်ထားကြသည့် လူတန်းရှည်ကြီးကိုတွေ့ရပါက ဝင်တိုးရင်း မနက်ခင်းတပိုင်းမှာပင် ငွေ ၃၀၀၀ ကျပ်လောက် အမြတ်ရနိုင်မည်ဟု သူမ စိတ်ထဲတွေးပြီး ကျေနပ်နေသည်။

“တော်လှန်ရေး ချစ်ခြင်းမေတ္တာနဲ့ စစ်စခန်းထဲက စာအုပ်စင်များ” (ဆောင်းပါး)

စာအုပ်စင်လေးဟာ ဝါးတန်းဝါးခြမ်းတို့နဲ့ အနားကွပ်ယိုင်နွဲ့နေပေမယ့် စင်လေးပေါ်က စာအုပ်တွေကတော့ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာတို့ကို ခိုင်မာနှောင်ဖွဲ့ထားပါတယ်။ စာပေအနုပညာရပ်ဝန်းကို ဖန်တီးပုံဖော်ခွင့် ရနေတာကြောင့်လည်း ကြမ်းတမ်းခက်ခဲတဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းကို ယနေ့ထိ စိတ်မပျက်လက်မပျက်ဘဲ ဆက်နိုင်ကြတာပါ။

လွန်ကြိုးပြတ်သော်လည်း မိုးမဆက်ပါ

"ရှေးလူကြီးတွေက ပြောခဲ့တော့ လွန်ဆွဲပွဲတွေလုပ်ရတယ်။ မိုးခေါင်ကျော်စွာနတ်တင်ရတယ်။ ငါးရံ့မင်းပရိတ်ရွတ်ရတယ်ဆိုတော့ လုပ်တာပေါ့။ လုပ်တာ ၄ နှစ်လောက်ရှိပြီ။ ဟိုတုန်းကတော့ လုပ်ပြီး မိုးကတန်းရွာတာပဲ အခုနှစ်တော့ မိုးကိုမရွာသေးဘူး။”

ဒေါနတောင်တန်းပေါ်က နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးသော သစ်တော

“ကျနော်တို့ကို တော်လှန်နေထိုင်ခွင့်ပေးထားတဲ့ ဒီဒေသအတွက် တော်လှန်ရေးကာလမှာ ပြန်လည် ကျေးဇူးဆပ်ချင်တဲ့အတွက်၊ ခေတ်အဆက်ဆက်က ကျရှုံးသွားရတဲ့၊ သူရဲကောင်းတွေကို ကိုယ်စားပြုတဲ့ Revolution Forest လေးတခု ဖန်တီးမယ်ဆိုတဲ့ အတွေးပေါ့”

"စိန်ပန်းအကြွေတွေအောက်က ကျောင်းဝတ်စုံ"

အမှန်နဲ့အမှား တရားမှုနှင့်မတရားမှု ဓမ္မနှင့်အဓမ္မ တို့သည် စာသင်ကျောင်းများတွင် ဆိတ်သုဉ်းပျောက်ကွယ် သွားသည့်အခါ တချို့က စာသင်ကျောင်းများနှင့် ချစ်လှစွာသော သူငယ်ချင်းများ ကို စွန်ခွါခဲ့ကြ ပါတော့သည်။ တချို့လည်း ဝမ်းနည်းဖွယ်ရာကောင်းလောက်အောင်ပင် တော်လှန်ရေးအတွက် အသက်ပေးရင်း စာသင်ကျောင်းများကို အပြီးတိုင်ကျောခိုင်းလိုက်ကြရပါသည်။ စိန်ပန်းတို့ ပွင့်နေကြသည့် စာသင်ကျောင်းများထဲ ကျောင်းသားများ ပြန်မလာနိုင်ကြတော့ပါ။ တချို့သော စာသင်ခုံနှင့် ခုံနံပါတ်လေးများတွင် ပိုင်ရှင်မရှိတော့ပါ။ တချို့သော ခုံတန်းလျားလေးများ နွေးထွေးမနေတော့ပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10