"မင်းဦးရင် မင်းပစ်၊ ငါဦးရင် ငါပစ်မယ်" ဆိုတဲ့ CDM ရဲ (ရုပ်/သံ)

စစ်အာဏာသိမ်းမူ ၂ နှစ်ကျော်လာတဲ့ အချိန်မှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး နိုင်ငံအနှံ့မှာ တော်လှန်နေကြပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ၂ လအကြာမှာ ရဲတပ်သားတစ်ဦးဟာ စစ်ကောင်စီရဲတပ်ဖွဲ့ကို စွန့်ခွာပြီး အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လူပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

CDM မှာ ပါဝင်ခဲ့တဲ့ ရဲတပ်သားဟာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ True Fighter မြို့ပြပြောက်ကျား တပ်ဖွဲ့ ကိုတည်ထောင်ပြီး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တဝိုက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီကို ဘုံရန်သူအဖြစ် ချေမှုန်းမယ်ဆိုတဲ့ True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ CDM ရဲတပ်သား ဗိုလ်စွန်ရဲ ကိုမြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10