ကင်းပတ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး ၆၀ မမ ဗုံးသီးနဲ့ ဖုန်း ၁ လုံး ရရှိ

ကင်းပတ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး ၆၀ မမ ဗုံးသီးနဲ့ ဖုန်း ၁ လုံး ရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာကနေ ကင်းပတ်ဖို့ထွက်လာတဲ့ စစ်သားနဲ့ပျူစောထီး ၁၅ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်က ကုန်းတလင်းကျေးရွာနဲ့ ဇီးကုန်းကျေးရွာအကြား ကင်းပတ်နေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို နေ့လယ် ၁ နာရီခွဲလောက်မှာပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက်လည်းကြာခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့တွေက အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာ။ ရှေ့ကကျွံလာတဲ့ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီထဲက ၁ ဦးကတော့ နေရာမှာတင်သေဆုံးသွားတယ်။ သေဆုံးတဲ့လူက ပျူစောထီးဖြစ်နိုင်ပါတယ်။ ကျန်တဲ့ကောင်တွေကလည်း ဒဏ်ရာရပြီးပြန်ဆုတ်သွားတယ်။” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပစ်ခတ်ပြီးနောက်ပိုင်း စစ်သားနဲ့ပျူစောထီးတွေဟာ ဆင်ချောင်းရွာဘက်ကိုပြန်ဆုတ်သွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီအဖွဲ့တွေကျန်ခဲ့တဲ့ ၆၀ မမ ဗုံးသီး ၁ လုံးနဲ့ ဖုန်း ၁ လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း ပခုက္ကူကထွက်လာတဲ့ စစ်ကား ၃ စီးကို ကြည့်ကန်ကျေးရွာနဲ့ ကံသစ်ကျေးရွာအကြားမှာ ရေစကြိုပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #ဆင်ချောင်း #စစ်ကောင်စီ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10