ကင်းပတ်နေတဲ့ ပျူစောထီး အမျိုးသမီးခေါင်းဆောင် သီတာယုမွန်နဲ့ ပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်အုပ်စုနဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့တို့ ပေါင်းလာတဲ့ အင်အား ၆၀ ခန့်ပါစစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၃ ရက် နေ့လယ် ၁၁ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။

သီတာယုမွန်မှာ မြင်းခြံတခရိုင်လုံးရဲ့ အကြီးဆုံး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီဝါဒဖြန့်အွန်လိုင်းမီဒီယာတွေမှာလည်း ကျော်ကြားသူဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ၊ မြင်းခြံခရိုင် တပ်ရင်း (၁၊၂) ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့တို့ ပူး‌ပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မြင်းခြံ #တောင်ရှေ့ဂိတ် #သီတာယုမွန် #ပစ်ခတ် #MBT 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10