သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ပျူစောထီးစခန်းအထိုင်ချထားတဲ့ တလိုင်းရပ်(ရွာသစ်)ကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ PLA -အနောက်မြောက်စစ်ဒေသအဖွဲ့ဆီက သိရပါတယ်။
တလိုင်းရပ်ရွာကနေ ဆိုင်ကယ် ၂ စီးနဲ့ ကင်းပတ်ထွက်လာတဲ့ ပျူစောထီး ၄ ဦးကို နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မနက် ၉ နာရီကျော်မှာ တလိုင်းရပ်ရွာအနီး ကင်းပုန်းဝပ်စောင့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၁၀ ပေခန့်အကွာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
" တယောက်ကတော့ ဗိုက်ပွင့်ပြီး အူတွေထွက်ကျနေတယ်။နောက်တယောက်က ခေါင်းတခြမ်းပဲ့သွားတယ်" လို့ အမှတ် ၈၁၅ တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
ပျူစောထီးတွေကို အနီးကပ်တိုက်ခိုက်ရာမှာ အချိန် ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ အသက် ၄၅ နှစ်ခန့်ရှိ တလိုင်းရပ်ရွာ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ကျော်မင်းထူး အပါ ၂ ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ကာ အလောင်းတွေကို နေ့လယ်ပိုင်းအထိ လာရောက်ကောက်ယူတာမရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
သေဆုံးပျူစောထီး ၂ ဦးထံက Type 81 အမျိုးအစားသေနတ် ၁ လက်နဲ့ ၇.၆၂ မမ ကျည် ၂၀ တောင့်၊ ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည် ၂၁ တောင့်၊ တရုတ်ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ်ရွာပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - သိမ်းဆည်ရရှိတဲ့လက်နက်ခဲယမ်းတွေကို တွေ့ရစဥ်။
စာတည်း - ဟိန်းစံ။
#မြေလတ်အသံ
#မန္တလေး #တောင်သာ #ပျူစောထီး #သေဆုံး
Share Share Share