ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံးထိလို့ ၃ ဦးထက်မနည်း ထိခိုက်နိုင်

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံးထိလို့ ၃ ဦးထက်မနည်း ထိခိုက်နိုင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံးထိလို့ ၃ ဦးထက်မနည်း ထိခိုက်နိုင်တယ်လို့ သိရပါတယ်။

တမန်ကြီးရွာထိပ်မှာ ကင်းပုန်းဝပ်နေတဲ့ တောင်သာစစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၂၀ ခန့်ကို မတ်လ ၂၃ ရက် မနေ့ နေ့လည် ၂ နာရီကျော်မှာ ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာလို့ Myingyan District Drone strike အဖွဲ့တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။


"စကစကင်းပုန်းက ဒရုန်းဗုံးထိတာနဲ့ ရွာထဲထွက်ပြေးကြတာ၊ ပြန်တောင် မပစ်ကြဘူး။ ဒရုန်းနဲ့ထိပြီး နည်းနည်းလေးထပ်ကြာမှ နောက်တစ်လုံး မကျတော့ဘူးဆိုမှ သူတို့အဖွဲ့က ဒဏ်ရာရသူတွေကို ကောက်သွားကြတာ" လို့ ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို Myingyan District Drone strike အဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃၊ အမှတ် ၄ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မတ်လ ၂၁ ရက်နေ့မှာလည်း နွားထိုးကြီးရဲစခန်းနဲ့ မင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းဗုံး ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10