ကင်းလှည့်ဖို့လာတဲ့ ပျူတွေကို PDF ၂ ဖွဲ့က တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး (ပျူ)ရွာကနေ ကင်းလှည့်ဖို့နဲ့ နွားကျောင်းဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို သာယာကုန်းရွာနဲ့ အင်မထီးရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သခင်ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
 
သခင်ဒေါင်းညို ပြောက်ကျားတပ်ဖွဲ့နဲ့ ကျားသစ်နက်တပ်ဖွဲ့ တို့ပူးပေါင်းပြီး ဇူလိုင်လ ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
 
"တောင်ဘက်ကနေ ကျားသစ်နက်ကတာဝန်ယူပြီး မြောက်ဘက်ကတော့ ကျနော်တို့တာဝန်ယူပြီး ပစ်ခတ်ခဲ့တာ။ လက်နက်ငယ်၊ လက်နက်ကြီးနဲ့ ၂ ဖွဲ့ညှပ်ပစ်ခဲ့တာ၊ ဒီကောင်တွေ မိုင်းဆင်ဖို့ ထွက်လာတာလည်း ဖြစ်နိုင်တယ်၊ သူတို့လက်ထဲမှာလည်း နင်းမိုင်းတွေ တွေ့ရတယ်၊ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပါ" လို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
 
တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ အဲ့ဒီ အင်မထီးရွာက ပျူစောထီးတွေက ရွာပတ်ခြာလည်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
 
တည်းဖြတ် - ငြိမ်းဇော်
 
#မြေလတ်အသံ 
#အင်းမထီး #ပျူစောထီး #တိုက်ခိုက်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10