သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်စခန်းတောင်ဘက်သို့ ကင်းလှည့်ရန်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်အဆင့် စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ အဖွဲ့ဆီက သိရပါတယ်။
ဧပြီလ ၇ ရက် မနက် ၉ နာရီဝန်းကျင်လောက်မှာ သရက်ကန်စခန်းကနေ ကင်းလှည့်ရန် ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၃ ဦး စုစုပေါင်း ၄ ဦးကို မိုင်း ၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲခံရပြီးသေဆုံးသွားတဲ့ စစ်သားဟာ တပ်မ ၁၀၁ က စစ်သားဖြစ်ပြီး ဒဏ်ရာရတဲ့ ပျူစောထီးတွေကတော့ သရက်ကန်ရွာကဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖမှ ဗိုလ်လက်ယာက ဆိုပါတယ်။
အထက်ပါ မိုင်းခွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ TYK တပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့ နဲ့ ပြည်သူ့အားမာန်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း မြိုင်မြို့နယ်အတွင်းမှာ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ က မိုင်း ၂ ကြိမ်ခွဲပြီး ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ စစ်သား ၈ ဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ