ကနီနယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမျိုးသမီးတွေဦးဆောင်ပြီး နှင်းဆီ ၁,၀၀၀ နဲ့ ပန်းသပိတ်ပြုလုပ်

ကနီနယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမျိုးသမီးတွေဦးဆောင်ပြီး နှင်းဆီ ၁,၀၀၀ နဲ့ ပန်းသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသမီးတွေဦးဆောင်ပြီး ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ WomenAllianceBurmaအဖွဲ့ထံက သိရပါတယ်။

ဇွန် ၁၉ ရက် မနက်ပိုင်းမှာ ပန်းသပိတ်ကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီနဲ့အတူ အမျိုးသမီးမဟာမိတ် အင်အားစု(WAB)၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့အထိမ်းအမှတ် အနေနဲ့လုပ်တာပါ" လို့ Women Alliance Burma အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၉)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ (၁၀၀၀) နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ပန်းသပိတ်ဆင်နွဲရာမှာ "ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ" ဘန်နာကိုင်စွဲကာ ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာပြီး အချုပ်အနှောင်မှ အမြန်ဆုံးလွတ်စေရန်၊ စစ်ဏာရှင်စနစ်အမြန်ဆုံးကျဆုံးစေရန် ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကနီမြို့နယ် #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #အမျိုးသမီး #ပန်းသပိတ် #WomenAllianceBurma

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10